တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲအတွက် လုံခြုံရေးယူဖို့လာတဲ့ စစ်သင်္ဘောနဲ့ စက်လှေတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပျံလွှားပျောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းက ကော့သောင်းမြို့နယ် မလိဝမ်းချောင်းဝအနီးမှာ စစ်သင်္ဘောနဲ့ စက်လှေတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်သင်္ဘော ၁ စီး ပျက်စီးကာ စစ်သားတွေ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
အထိနာသွားတဲ့ စစ်ကော်မရှင်ဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပြန်လည်ပစ်ခတ်ခဲ့ပြီး ပျက်စီးသွားတဲ့ စစ်သင်္ဘောနဲ့ ဒဏ်ရာရစစ်သားတွေကို သယ်ဆောင်ကာ ကော့သောင်းမြို့သို့ ပြန် လည်ဆုတ်ခွာသွားကြောင်း သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ပျံလွှားပျောက်ကြားတပ်ဖွဲ့၊ ကော့သောင်းမြို့နယ် ပကဖနဲ့ ကော့သောင်းမြို့နယ် မြို့ပြသမန်းကျားအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Video – ပျံလွှားပျောက်ကြားတပ်ဖွဲ့