မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ ယောမြေစစ်ဆင်ရေး (Yaw Land Operation) ကြေညာမှုအပြီး အကြမ်းဖက်စစ်တပ်က အရပ်သားတွေ သတ်မှတ်ချိန်ကျော်လွန်ပြီး ညဘက်အပြင်ထွက်ရင် သေနတ်နဲ့ ပစ်ခတ်ဖို့အထိ ခြိမ်းခြောက်ကြိမ်းဝါးလာကြောင်း ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီက မောင်းကို ပြောပါတယ်။

ဂန့်ဂေါမြို့နယ်အတွင်း စစ်အုပ်စုစခန်းတွေကို တိုက်ခိုက်နေကြောင်း ဂန့်ဂေါခရိုင်စစ်ဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်ကနေ ဒီဇင်ဘာလ ၂၉ ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အကြမ်းဖက်စစ်တပ်က အခုလိုလုပ်ဆောင်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေအရ စစ်တပ်က ဂန့်ဂေါ မြို့တွင်းမြို့ပြင်လုံခြုံရေးကို တိုးမြှင့်ထားသလို မနက် ၆ နာရီကနေ ည ၆ နာရီအထိသာ မြို့အဝင်အထွက်လုပ်ဖို့နဲ့ အချိန်ကျော်လွန်ပြီး ဖြတ်သန်းသွားလာတာတွေ မလုပ်ကြဖို့ စစ်အုပ်စုက ကန့်သတ်လာတာပါ။

အရပ်သားတွေအနေနဲ့လည်း အရင်ကလို နားလည်မှုသဘောမျိုးနဲ့ မရတော့ဘဲ မာရှယ်လောကို ဖောက်ဖျက်မိရင် သေနတ်နဲ့ပစ်ခတ်ဖို့အထိ စစ်အုပ်စုက ခြိမ်းခြောက်ထားကြောင်း သိရပါတယ်။

PDF ဂန့်ဂေါခရိုင်စစ်ဌာန

ဒီခြိမ်းခြောက်မှုကို ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်သားတွေက ကားနဲ့ မြို့တွင်းလှည့်လည်ပြီး လော်စပီကာနဲ့ အော်ပြောနေတာဖြစ်ကြောင်း ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီကပြောပါတယ်။

“ညမထွက်ရအမိန့်ကို ရွေးကောက်ပွဲလုပ်ပြီးတဲ့အထိ ကျင့်သုံးမယ်လို့ ကြားထားရတယ်” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ရက်နေ့ကစလို့ Yaw Land Operation အဖြစ် ဂန့်ဂေါခရိုင်အတွင်း ပျူရွာတွေနဲ့ စစ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဂန့်ဂေါခရိုင် စစ်ဌာနက အသိပေးထားပါတယ်။

“ပျူစောထီးရွာ ၁၁ ရွာ ရှိပါတယ်။ ကိုယ့်ဘက်ကလည်း ထိခိုက်တာမျိုးတော့ ရှိတယ်။ အသေးစိတ်တော့ စစ်ရေးရည်မှန်းချက် ပြီးမြောက်မှ ပြန်လည်ထုတ်ပြန်ပါမယ်” လို့ ဂန့်ဂေါခရိုင်စစ်ဌာန တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ အကြမ်းဖက်စစ်တပ်ဘက်က လေကြောင်းအသုံးပြုပြီး အကြိမ်ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကော်မရှင်လက်အောက်ခံ ပျူရွာတစ်ရွာကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်ဆင်ရေးကာလအတွင်း ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ်တွေကို အထူးသတိပြုစေချင်ကြောင်း၊ တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်တွေအနေနဲ့ စစ်ရေးရည်မှန်းချက် ပြီးမြောက်တဲ့အခါ အသေးစိတ် အချက်အလက်တွေကို ထပ်မံထုတ်ပြန်သွားမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

PDF တွေရဲ့သတင်း စုံစမ်းနေတဲ့ ရဲဒုတပ်ကြပ် ၂ ယောက် အသေပစ်ခတ် ဖမ်းဆီးခံရ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ PDF တွေရဲ့သတင်း ထောက်လှမ်းနေတဲ့ ရဲဒုတပ်ကြပ်၂ ယောက်ကို အသေပစ်ခတ် ဖမ်းဆီးခဲ့​ရတယ်လို့ Tamar Myay Special Column တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မန္တလေးမြို့က ကားပစ္စည်းအရောင်းဆိုင်မှာ ဒယ်လီလာပို့ရင်း လုယက်ဓားပြတိုက်မှု ဖြစ်ပွါး

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၁လမ်းနဲ့ ၈၂လမ်းကြား၊ ၂၈လမ်းမကြီးပေါ်က ဦးကိုလေး ကားပစ္စည်းအရောင်းဆိုင်မှာ ဒယ်လီ လာပို့သူတွေကနေ လုယက်ဓားပြတိုက်သွားကြောင်း မန္တလေးမြို့ခံတွေဆီက သိရပါတယ်။
Read More

လှည်းကူးတွင် မဲရုံလုပ်မည့် ကျောက်အိုင်ရွာ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ရွေးကောက်ပွဲအတုလုပ်ဆောင်မယ့် ကျောက်အိုင်ရွာအုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းတွေနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သာယာဝတီခရိုင် အမှတ်-၃ တပ်ရင်းရဲ့ အပတ်စဉ် (၂) အခြေခံစစ်သင်တန်း ပုံရိပ်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ်-၃ တပ်ရင်းရဲ့ အခြေခံ စစ်သင်တန်းအပါတ်စဉ် (၂) သင်တန်း ဓာတ်ပုံမှတ်တမ်းတွေကို အဆိုပါတပ်ရင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မိတ္ထီလာမှာ စစ်ကောင်စီ လေတပ်စခန်းတိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း အရပ်သားတွေပေါ်တာဆွဲ ငွေညှစ်ခံရမှု ပိုများလာ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်က ရှမ်းတဲလေတပ်စခန်းအပါအဝင် တပ်မ ၉၉ဌာနချုပ်တို့ တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီက  မြို့နယ်အတွင်းအရပ်သားတွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေနဲ့ စစ်ဆေးတာတွေ ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံတွေဆီကသိရပါတယ်။
Read More

ဆောမှာ စစ်ရှောင်စခန်းတစ်ခုက သားအမိနှစ်ယောက် တောင်ကျချောင်းရေနဲ့အတူ မျောပါသေဆုံး၊ရေတိုက်စားသွားလို့ ပိတ်ထားရတဲ့လမ်းပိုင်းကို တစ်ရက်တည်း ဝိုင်းဝန်းပြုပြင်ခဲ့ကြ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မှာ တောင်ကျချောင်း​ရေထိုးကျပြီး စစ်ရှောင်စခန်းနေ သားအမိ ၂ယောက် ရေထဲမျောပါသေဆုံးခဲ့သလို လက်ရှိမှာ ကလေးအလောင်းကိုသာ ပြန်လည်ရှာတွေ့ထားတယ်လို့ ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။