ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်က ထွေအုပ်ရုံး တိုက်ခိုက်ခံရမှုအတွင်း ဆယ်အိမ်မှူး ၁ ယောက်နဲ့ ရဲ ၂ ယောက် ထိခိုက်ခဲ့ပြီး စံပြဆေးရုံတင်ထားရကြောင်း မစ်ရှင်လုပ်ဆောင်ခဲ့တဲ့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက် ညပိုင်းမှာ မြို့ပြကြွက်အဖွဲ့ဝင်တွေက တောင်ဥက္ကလာပမြို့နယ် ထွေအုပ်ရုံးကို ပြင်းအားမြင့် လက်ပစ်ဗုံး ၂ လုံး ပစ်ခတ်ရင်း လက်လုပ်မိုင်း ၂ လုံးနဲ့ပါ ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်ခဲ့တဲ့အချိန်ဟာ ည ၁၁ နာရီ အချိန်ဖြစ်ပြီး ရုံးအတွင်း ရဲ၊ စစ်သားနဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေ ရှိနေချိန်ဖြစ်တာကြောင့် အခုလိုထိခိုက်ခဲ့တာလို့ သိရပါတယ်။

“အရပ်ဝတ် ရဲ ၂ ကောင်ရယ်၊ ဆယ်အိမ်မှူးရယ် ထိပါတယ်။ အခု စံပြဆေးရုံ တင်ထားရတယ်။ ကျန်တာတော့မသိရသေးဘူး” လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဖောက်ခွဲတိုက်ခိုက်ခံရသည့် တောင်ဥက္ကလာပမြို့နယ်ထွေအုပ်ရုံး မြင်ကွင်း

မြို့ပြကြွက်ကွန်ယက်ကတော့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတုကို အားပေးပတ်သက်တာမျိုး မလုပ်ကြဖို့နဲ့ အားပေးကူညီနေတဲ့ ကိုယ်ကျိုးစီးပွားသမားတွေကို တိုက်ခိုက်သွားမယ်လို့ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ အာဏာသိမ်းစစ်အုပ်စုက ရွေးကောက်ပွဲအတု အပိုင်း(၁) ပြုလုပ်ခဲ့ပြီး အဲဒီနေ့ မနက်အစောပိုင်းမှာလည်း ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကို ပြောက်ကျားတပ်ဖွဲ့တွေက အလားတူ ပြင်းအားမြင့်မိုင်းတွေနဲ့ သွားရောက်ဖောက်ခွဲ တိုက်ခိုက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

တာဝန်ရပ်စဲခံခဲ့ရသည့် ကနီမြို့နယ် လျှပ်စစ်စွမ်းအင် ဆောက်လုပ်ရေးတာဝန်ခံဟောင်း ကိုကျော်ဇေထွန်းကို ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့က လာရောက်ဖမ်းဆီး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနကနေ တာဝန်ရပ်စဲခံခဲ့ရတဲ့ ကနီမြို့နယ် လျှပ်စစ် စွမ်းအင် ဆောက်လုပ်ရေးတာဝန်ခံ ကိုကျော်ဇေထွန်းကို ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဆားတောင်မြို့မှာ စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မှာ ပြည်သူတွေဆီက ဆက်ကြေး ကောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Royal Falcon Guerilla Force (Sadaung Falcon) က ထုတ်ပြန်ပါတယ်။
Read More

ကောလင်းမှာ စစ်ရှောင်ပြည်သူတွေ နေထိုင်ရာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ရှောင်ပြည်သူတွေ နေထိုင်ရာ ဝက်သဲကုန်းရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Kawlin Info က ထုတ်ပြန်ထားပါတယ်။
Read More

ဆားတောင်တွင် နေအိမ်များ မီးရှို့သည့် အကြမ်းဖက်စစ်ကြောင်းကို ပြောက်ကျားတိုက်ခိုက်ရာ စစ်သား ၂ ဦး သေပြီး လက်နက် ၂ လက် ရရှိ

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ပြောက်ကျားတိုက်ခိုက်ရာ စစ်သား ၂ ယောက် သေဆုံးပြီး သေနတ် ၂ လက် ရရှိခဲ့တယ်လို့ ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ချင်းပြည်နယ်အတွင်း ဒုတိယမြောက် မြို့သိမ်းတိုက်ပွဲအဖြစ် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ BNRA ပါဝင်ခဲ့

ချင်းပြည်နယ်ရဲ့ ဖလမ်းမြို့သိမ်း စစ်ဆင်ရေးမှာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က ချင်းညီနောင်နဲ့အတူ ဒုတိယမြောက်မြို့သိမ်းတိုက်ပွဲအဖြစ် ပါဝင်ခဲ့တယ်လို့ BNRA က အသိပေးထုတ်ပြန်ပါတယ်။
Read More

၂၀၂၄ အတွင်း စစ်ကောင်စီတပ်က ဒုဗိုလ်မှူးကြီး အဆင့်ကနေ ဒုရဲမှူးအဆင့်အထိ အပါအဝင် ၄၇၅ ယောက် အလင်းဝင်ခဲ့တယ်လို့ NUG ပြော

အကြမ်းဖက်စစ်တပ်က ဒုတိယဗိုလ်မှူးကြီး အဆင့်ကနေ ဒုရဲမှူးအဆင့်အထိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇၅ ယောက်ဟာ ၂၀၂၄ ခုနှစ်အတွင်း အလင်းဝင်လာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်  ၄/၂၀၂၄ မှာ ပြောဆိုခဲ့ပါတယ်။