ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာလူနည်းစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စွဲဆိုထားထားတဲ့အမှုကို ဇန်နဝါရီလ ၁၂ ရက်ကနေ ၂၉ ရက်အထိ ကြားနာစစ်ဆေးသွားမယ်လို့ ဒီဇင်ဘာလ ၁၉ ရက် သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီတရားစွဲဆိုမှုဟာ ဆယ်စုနှစ်တခုကျော်အတွင်း ICJ က စံနှုန်းပိုင်းဆိုင်ရာ ပထမဆုံးအကြိမ် ကြားနာမဲ့ လူမျိုးတုံးသတ်ဖြတ်တဲ့အမှုဖြစ်တာကြောင့် ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးအပေါ် တောင်အာဖရိကက တရားစွဲဆိုထားတဲ့ အမှုအပေါ်မှာလည်း သက်ရောက်မှုရှိနိုင်တဲ့ စံနမူနာတွေ ဖြစ်လာဖွယ်ရှိပါတယ်။

ကြားနာမှု ပထမပတ်အတွင်း မူဆလင်အများစုနေထိုင်ရာ အနောက်အာဖရိကနိုင်ငံဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက ၎င်းရဲ့ အမှုဖွင့်ဆိုချက်တွေကို ဇန်နဝါရီ ၁၂ ရက်ကနေ ၁၅ ရက်အထိ တင်ပြမှာဖြစ်ပါတယ်။ ဂမ်ဘီယာက မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ စွပ်စွဲပြီး အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ ထောက်ခံမှုနဲ့ ၂၀၁၉ ခုနှစ်က ICJ မှာ အမှုဖွင့်ခဲ့တာပါ။

အဲဒီနောက် ဇန်နဝါရီလ ၁၆ ရက်ကနေ ၂၀ ရက်အထိ မြန်မာအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုထားတဲ့ ချေပချက်တွေကို တင်ပြနိုင်မှာပါ။

ထူးခြားသော လုပ်ဆောင်ချက်တခုအနေနဲ့ ကမ္ဘာ့တရားရုံးကလည်း ၎င်းတို့သက်သေတွေကို ကြားနာဖို့ အချိန် သုံးရက်ကိုလည်း သီးသန့်သတ်မှတ်ထားပါသေးတယ်။ ကြားနာမှုကိုတော့ အများပြည်သူနဲ့ မီဒီယာတွေပေးဝင်မှာမဟုတ်ဘဲ တံခါးပိတ်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ ကောက်ချက်အရ ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်း “လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်များ” ပါဝင်နေတာကြောင့် ရိုဟင်ဂျာ ၇၃၀,၀၀၀ ခန့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

မြန်မာကတော့ ကုလသမဂ္ဂရဲ့ တွေ့ရှိချက်တွေဟာ “ဘက်လိုက်ပြီး ချို့ယွင်းချက်ရှိနေတယ်” လို့ ဆိုပြီး ပယ်ချခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်း ပြဋ္ဌာန်းပြီးနောက်ပိုင်း ICJ အနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်စဉ်တခုကိုပဲ အတည်ပြုခဲ့ဖူးပါတယ်။

မြန်မာအမှုမှာ ICJ ရဲ့ တွေ့ရှိချက်တွေဟာ နောင်လာမဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမှုတွေအတွက်လည်း အရေးကြီးလာနိုင်ပါတယ်။ အထူးသဖြင့် ဂမ်ဘီယာနဲ့အတူ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန် အပါအဝင် အမှုအတွင်း ပါဝင်ပတ်သက်လာတဲ့ နိုင်ငံတွေက လူမျိုးတုံးသတ်ဖြတ်မှုဆိုရာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းတခုတည်းကိုသာ ဆိုလိုခြင်းမဟုတ်ကြောင်း ငြင်းခုံတင်ပြထားကြပါတယ်။

၎င်းနိုင်ငံတွေရဲ့ တရားရုံးကို တင်ပြထားတဲ့ စာရွက်စာတမ်းတွေထဲ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရည်ရွယ်ချက်ကို အတည်ပြုဖို့ရာ သေဆုံးသူအရေအတွက်ကိုပဲ အာရုံစိုက်မနေသင့်ဘဲ အဓမ္မနေရပ်စွန့်ခွာစေခြင်း၊ ကလေးသူငယ်များအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာနှင့် ကျား/မ အခြေပြု ရာဇဝတ်မှုတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်လို့ ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီထံ စစ်လက်နက်နဲ့ လေယာဉ်ဆီတွေမရောင်းဖို့ Quad ထိပ်သီးနိုင်ငံတွေ တောင်းဆို

စစ်ကောင်စီထံ လေယာဥ်ဆီ နဲ့ စစ်လက်နက်ပစ္စည်းတွေ မရောက်ဖို့ အင်အားကြီးနိုင်ငံတွေ ဖွဲ့စည်းထားတဲ့ Quad အဖွဲ့၀င်တွေက ပြောကြားလိုက်ပါတယ်။ အထူးသဖြင့် စစ်ကောင်စီထံ လေယာဥ်ဆီအပါအဝင် စစ်လက်နက်ပစ္စည်းတွေ စီးဆင်းမှုကို တားမြစ်ဖို့ ကမ္ဘာ့နိုင်ငံအားလုံးကို Quad  ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

တရုတ်ကျားဖြန့် ရာနှင့်ချီ ထိန်းသိမ်းထားသည့် မဲဆောက်ရှိ စခန်းတခုတွင် ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား၊ လွတ်မြောက်သူရှိမရှိ စစ်ဆေးနေဆဲ

ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖြိုခွင်းနေမှုအတွင်း ထိုင်းနိုင်ငံဘက် ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသား ၃၀၀ ခန့်ကို ထိန်းသိမ်းထားတဲ့ မဲဆောက်မြို့က စခန်းတခုမှာ ဒီဇင်ဘာ ၉ ရက် ညက ဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြထားပါတယ်။
Read More

အီရန်၏ စစ်တွင်းကာလ စစ်ဦးစီးချုပ် အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံး

အစ္စရေးစစ်တပ်ရဲ့ မနေ့ညက ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အီရန်စစ်တပ်ရဲ့ အကြီးဆုံးရာထူးဖြစ်တဲ့ စစ်တွင်းကာလ စစ်ဦးစီးချုပ် သေဆုံးခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
Read More

PTTEP အနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုများကို ချက်ချင်းရပ်တန့်ဖို့ JFM တောင်းဆို

ထိုင်းနိုင်ငံ ရေနံကုမ္ပဏီ PTTEP အနေနဲ့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ပတ်သက်နေမှုကို ချက်ချင်းရပ်တန့်ပေးဖို့ Justice For Myanmar (JFM) က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

အီရန်စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များနဲ့ နျူကလီးယား သိပ္ပံပညာရှင်များ သေဆုံးခဲ့သည့် အစ္စရေး၏ တိုက်ခိုက်မှုအပြီး အီရန်နှင့်အစ္စရေးတို့ အပြန်အလှန် တိုက်ခိုက်မှုများ မြင့်တက်လာ အမေရိကန်က အီရန်ဒုံးကျည်အချို့ကို ကူပစ်ချပေးခဲ့…

အစ္စရေးကလည်း အီရန်ကို တန်ပြန်တိုက်ခိုက်ခဲ့ရာ အီရန်မြို့တော် တီဟီရန်မှာ ပေါက်ကွဲသံအများအပြားကြားရတယ်လို့ သတင်းများကဆိုပါတယ်။ အီရန်ခေါင်းဆောင်ပိုင်းတွေ နေထိုင်ရာနေရာနဲ့ နီးတဲ့ မက်ရာဘက်လေဆိပ်ကိုလည်း ဒုံးကျည် နှစ်စင်းထိမှန်ခဲ့ပြီး အဆိုပါလေဆိပ်မှာ တိုက်လေယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေ ထားရှိရာ လေတပ်အခြေစိုက်စခန်းရှိတယ်လို့ သိရပါတယ်။
Read More

ဘန်ကောက်ကို ရောက်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ အင်တာပိုအား NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဌာန တိုက်တွန်း

ဘန်ကောက်ကို ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့အတွက်  နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ ရဲအဖွဲ့ (အင်တာပို) အတွင်းရေးမှူးချုပ်ရုံးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့  ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက စာပေးပို့လိုက်ပါတယ်။