စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Sun King Envoy Monywa မှ သတင်းထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်က အင်အား ၁၀၀ ခန့်နဲ့ ပေါက်ပင်ကျေးရွာသို့ ဝင်ရောက်လာပြီး ရွာကို မီးရှို့ ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ စုဖွဲ့မှုပျက်ကာ နောက်သို့ ပြန်လည်ဆုတ်ခွာ သွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Sun King Envoy Monywa (LPDF)နှင့်အတူ Democratic Local Coalition(DLC)၊ ဒေသခံတပ်ပေါင်းစု၊ 5/fighter Group၊ Liger Three People Defence Force Democratic Guerrilla Force(DGF)နဲ့ အခြားမဟာမိတ်တပ်တွေက ပူးပေါင်းလုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-Sun King Envoy Monywa
0 Shares:
You May Also Like
Read More

မုံရွာမြို့နယ်အတွင်း စစ်တပ်သံပြားကာကားများနှင့် ကြေးနီတင်တွဲကားများကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၃ ဦး သေပြီး ၆ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာကား ၈ စီးနဲ့ ကြေးနီတင်တွဲကား ၂၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Brave Heart Army -BHA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ယင်းမာပင်မြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူနေတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်သတိပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ပျူစောထီးတွေကို သတိပေးတဲ့အနေနဲ့ အောက်တိုဘာ ၅ ရက် မနက်ပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Chindwin Toe Na Yar PDF အဖွဲ့ထံက သိရပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောများအား ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးတပ်များ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆင်ဖြူရှင်တံတားဘက်ကနေ မုံရွာဘက်ဆီ ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောတွေကို ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးတပ်တွေက ချင်းတွင်းမြစ်ကမ်းနံဘေးကနေ ရှေ့ထွက်မိုင်းနဲ့ လက်နက်ငယ်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
Read More

ကိုရီးယားနိုင်ငံတွင် ၈ လေးလုံး ကမ္ဘာလုံးဆိုင်ရာ ထီးသပိတ်ပြုလုပ် (ရုပ်/သံ)

(၃၇) နှစ်မြောက် ၈ လေးလုံး အထိမ်းအမှတ် ကမ္ဘာလုံးဆိုင်ရာထီးသပိတ်လှုပ်ရှားမှုကို ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကမ္ဘောဒီးယားနိုင်ငံ Chey Chumneah တံတားကို ထိုင်း F-16 တိုက်လေယာဉ်များ ပစ်ခတ်ဖျက်ဆီး (ရုပ်/သံ)

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံ နယ်မြေအငြင်းပွားမှု စစ်ပွဲအတွင်း ကမ္ဘောဒီးယားနိုင်ငံ Chey Chumneah တံတားကို ထိုင်းရဲ့ F-16 တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ ထိုင်းတော်ဝင်လေတပ်က ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးတပ်တွေရဲ့ စိုးမိုးနယ်မြေအတွင်း ကင်းပုန်းဝပ်ဖို့ ရောက်လာတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ် တစ်နေရာမှာ တော်လှန်ရေးတပ်တွေရဲ့ စိုးမိုးနယ်မြေအတွင်း ကင်းပုန်းဝပ်ဖို့ ဝင်ရောက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ပျူစောထီး အင်အား ၂၀ ခန့်ကို မိုးကြိုးပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းစစ်အောင် (LPDF) က ထုတ်ပြန်ထားပါတယ်။