ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ဆင်းတလင်းကျေးရွာမှာ ဒုရဲအုပ် ရဲလွင်ဦးစီးတပ်စွဲထားတဲ့ အင်အား ၃၀ ခန့်ရှိ စစ်ကော်မရှင်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁၉ ဦးသေဆုံးခဲ့တယ်လို့Myanmar Defense Force မှ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်မှာ အင်အား ၃၀ ခန့်ရှိတဲ့ ဆင်တလင်းကျေးရွာက စစ်ကော်မရှင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒုရဲအုပ် ရဲလွင်အပါအဝင် စစ်သားနဲ့ ရဲ ၁၉ ဦးသေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရတာပါ။

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး လက်နက် ၁၂ လက်၊ ခဲယမ်းနဲ့ Equipment များ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂)ကွပ်ကဲမှုနဲ့ သာယာဝတီခရိုင်တပ်ရင်း – ၃ (Myanmar Defense Force – MDF)၊ သာယာဝတီခရိုင်တပ်ရင်း -၂(၃၈၀၂) ၏ တပ်ခွဲ – ၂ ၊တပ်ခွဲ -၃ ၊ သာယာဝတီဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ လက်ပံတန်းမြို့နယ်(ပကဖ)အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေ တိုက်ခိုက်ရေးတပ်ဖွဲ့ (၁၊၂) နဲ့ ရန်ကုန်တိုင်းပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ – ၃၇။ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-Myanmar Defense Force
0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ ရက်ဆက်ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် လူခြေတိတ်သွားတဲ့ ကျောက်မဲမြို့ (ရုပ်/သံ)

''ခုတလော ‌ကျွန်တော်နေတဲ့ ကျောက်မြို့ ကြီးက နေ့လည် (၁၂:၀၀)နောက်ပိုင်းဆို ဈေးကြီးက ဆိုင်တွေသိမ်း ဈေးတွေ ပိတ်ပြီးမကြာဘူး လူသွား/လူလာကို မရှိတော့ဘူး။ ဘယ်လမ်းကိုသွားသွား ရှင်းနေတော့တာပဲ ဝေဟင်က 🛩လေယာဉ်သံကြားနေရရင်ကို ထိတ်လန့်နေကြရတာအမှန်ပဲ''လို့ လူမှုကွန်ရက်ရေးသားမျှဝေခဲ့ပါတယ်။
Read More

Sky Villa ကွန်ဒိုအောက်တွင် ပိတ်မိနေသည့် သမီးကို မိဘများ အော်ဟစ်အားပေးစကားပြော (ရုပ်/သံ)

မန္တလေးမြို့ Sky Villa ကွန်ဒို အဆောက်အအုံအောက်မှာ ပိတ်မိနေတဲ့ သမီးကို မိဘတွေက အော် ဟစ်အားပေးစကား‌ပြောနေတဲ့ ရုပ်သံဖိုင်ကို လူမှုကွန်ရက်အသုံးပြုသူတွေက မျှဝေလျက်ရှိပါတယ်။
Read More

အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေသည့် YOMA (GBK) PDF တပ်ဖွဲ့ တပ်စုမှူး ရဲဘော်ကြယ်ကြီးနှင့် ရဲဘော်ရှိုင်းလေး တို့ ကျဆုံး (ရုပ်/သံ)

ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်မှာ မိုင်းချို့ယွင်းချက်ကြောင့် ပေါက်ကွဲမှုဖြစ်ပြီး  YOMA (GBK) PDF တပ်ဖွဲ့က တပ်စုမှူးရဲဘော် ကြယ်ကြီးနဲ့ ရဲဘော် ရှိုင်းလေးတို့ ကျဆုံးခဲ့ရတယ်လို့ သာယာဝတီခရိုင် တပ်ရင်း(၁) တပ်ခွဲ(၁)က သတင်း ထုတ်ပြန်ထားပါတယ်။
Read More

စစ်ရှောင်တွေရဲ့ တန်ဖိုးရှိပစ္စည်းတွေ ခိုးယူနေတဲ့ အကြမ်းဖက်စစ်တပ် ကာကင်းစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဘုရားမဲစစ်ဆေးရေးဂိတ်အနီး အခိုင်အမာတပ်စွဲပြီး စစ်ရှောင် ပြည်သူတွေရဲ့ တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူနေတဲ့ အကြမ်းဖက်စစ်တပ် ကာကင်းစခန်းကို အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)ထံက သိရပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများကို တော်လှန်‌‌ရေး တပ်များ ခုခံတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်းကြီး‌ကျေးရွာဘက်ကနေ သံဘိုရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ခုခံတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒီမော့ဆိုမြို့နယ် ငွေတောင်ရွာသစ်တွင် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ချေမှုန်းခံရ (ရုပ်/သံ)

ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကော်မရှင် တပ်သားတွေကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို ရှမ်းတောင်၊ ကရင်နီစစ်တိုင်း၊ ဗျူဟာ - ၁၁ က ထုတ်ပြန်လိုက်ပါတယ်။