ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာလူနည်းစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စွဲဆိုထားထားတဲ့အမှုကို ဇန်နဝါရီလ ၁၂ ရက်ကနေ ၂၉ ရက်အထိ ကြားနာစစ်ဆေးသွားမယ်လို့ ဒီဇင်ဘာလ ၁၉ ရက် သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီတရားစွဲဆိုမှုဟာ ဆယ်စုနှစ်တခုကျော်အတွင်း ICJ က စံနှုန်းပိုင်းဆိုင်ရာ ပထမဆုံးအကြိမ် ကြားနာမဲ့ လူမျိုးတုံးသတ်ဖြတ်တဲ့အမှုဖြစ်တာကြောင့် ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးအပေါ် တောင်အာဖရိကက တရားစွဲဆိုထားတဲ့ အမှုအပေါ်မှာလည်း သက်ရောက်မှုရှိနိုင်တဲ့ စံနမူနာတွေ ဖြစ်လာဖွယ်ရှိပါတယ်။

ကြားနာမှု ပထမပတ်အတွင်း မူဆလင်အများစုနေထိုင်ရာ အနောက်အာဖရိကနိုင်ငံဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက ၎င်းရဲ့ အမှုဖွင့်ဆိုချက်တွေကို ဇန်နဝါရီ ၁၂ ရက်ကနေ ၁၅ ရက်အထိ တင်ပြမှာဖြစ်ပါတယ်။ ဂမ်ဘီယာက မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ စွပ်စွဲပြီး အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ ထောက်ခံမှုနဲ့ ၂၀၁၉ ခုနှစ်က ICJ မှာ အမှုဖွင့်ခဲ့တာပါ။

အဲဒီနောက် ဇန်နဝါရီလ ၁၆ ရက်ကနေ ၂၀ ရက်အထိ မြန်မာအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုထားတဲ့ ချေပချက်တွေကို တင်ပြနိုင်မှာပါ။

ထူးခြားသော လုပ်ဆောင်ချက်တခုအနေနဲ့ ကမ္ဘာ့တရားရုံးကလည်း ၎င်းတို့သက်သေတွေကို ကြားနာဖို့ အချိန် သုံးရက်ကိုလည်း သီးသန့်သတ်မှတ်ထားပါသေးတယ်။ ကြားနာမှုကိုတော့ အများပြည်သူနဲ့ မီဒီယာတွေပေးဝင်မှာမဟုတ်ဘဲ တံခါးပိတ်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ ကောက်ချက်အရ ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်း “လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်များ” ပါဝင်နေတာကြောင့် ရိုဟင်ဂျာ ၇၃၀,၀၀၀ ခန့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

မြန်မာကတော့ ကုလသမဂ္ဂရဲ့ တွေ့ရှိချက်တွေဟာ “ဘက်လိုက်ပြီး ချို့ယွင်းချက်ရှိနေတယ်” လို့ ဆိုပြီး ပယ်ချခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်း ပြဋ္ဌာန်းပြီးနောက်ပိုင်း ICJ အနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်စဉ်တခုကိုပဲ အတည်ပြုခဲ့ဖူးပါတယ်။

မြန်မာအမှုမှာ ICJ ရဲ့ တွေ့ရှိချက်တွေဟာ နောင်လာမဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမှုတွေအတွက်လည်း အရေးကြီးလာနိုင်ပါတယ်။ အထူးသဖြင့် ဂမ်ဘီယာနဲ့အတူ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန် အပါအဝင် အမှုအတွင်း ပါဝင်ပတ်သက်လာတဲ့ နိုင်ငံတွေက လူမျိုးတုံးသတ်ဖြတ်မှုဆိုရာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းတခုတည်းကိုသာ ဆိုလိုခြင်းမဟုတ်ကြောင်း ငြင်းခုံတင်ပြထားကြပါတယ်။

၎င်းနိုင်ငံတွေရဲ့ တရားရုံးကို တင်ပြထားတဲ့ စာရွက်စာတမ်းတွေထဲ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရည်ရွယ်ချက်ကို အတည်ပြုဖို့ရာ သေဆုံးသူအရေအတွက်ကိုပဲ အာရုံစိုက်မနေသင့်ဘဲ အဓမ္မနေရပ်စွန့်ခွာစေခြင်း၊ ကလေးသူငယ်များအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာနှင့် ကျား/မ အခြေပြု ရာဇဝတ်မှုတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်လို့ ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

ထိုင်းတွင် မြန်မာလုပ်သား လူငယ်တစ်ဦး ကြိတ်စက်ထဲ ပါသွားပြီး တစ်စစီဖြစ်ကာ အသက်ဆုံးရှုံး

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာရှိတဲ့ ဖော့ကြိတ်စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာလူငယ် အလုပ်သမားတစ်ယောက် ကြိတ်စက်ထဲ မတော်တဆ ပါသွားကာ ခန္ဓာကိုယ်တစ်စစီဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

မြန်မာစစ်တပ်နှင့် ဆက်နွယ်သည့် UAB ဘဏ်နှင့် မိတ်ဖက်ပြုမှုအပေါ် စုံစမ်းမေးမြန်းမှုကို ဂျပန်ကုမ္ပဏီ JCB တုံ့ပြန်လာမှုမရှိဟု Justice For Myanmar ဆို

Justice For Myanmar ၊ Mekong Watch နဲ့ တခြားဂျပန်အခြေစိုက် အဖွဲ့အစည်း ၅ ခုက မြန်မာစစ်တပ်နဲ့ ဆက်နွယ်မှုတွေရှိပြီး ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ မြန်မာခရိုနီဘဏ် UAB (United Amara Bank) နဲ့ စီးပွားရေးမိတ်ဖက် ပြုလုပ်နေမှုတွေအပေါ် စုံစမ်းမေးမြန်းထားတဲ့ ပေးစာကို တုန့်ပြန်ဖြေကြားဖို့ ပျက်ကွက်နေတဲ့ ဂျပန်ငွေပေးချေမှုကုမ္ပဏီ JCB Co. Ltd. ကို ပြစ်တင်ဝေဖန်ကြောင်း ထုတ်ပြန်လာပါတယ်။
Read More

အကြမ်းဖက်မင်းအောင်လှိုင် ရုရှားမှ ပြန်ရောက်ပြီးနောက် တရုတ်အထူးကိုယ်စားလှယ် နေပြည်တော်သို့ ရောက်ရှိလာ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတွေကနေ ပြန်ရောက်လာပြီးနောက် တရုတ်နိုင်ငံရဲ့ အာဆီယံရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက နေပြည်တော် ရောက်ရှိလာကာ စစ်ကောင်စီနိုင်ငံခြားဝန်ကြီး သန်းဆွေနဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

မြန်မာမှာ အပစ်ရပ် သက်တမ်းတိုးဖို့ မလေးရှားတိုက်တွန်း

လူသားချင်းစာနာမှုလုပ်ငန်းတွေကို အထူးသဖြင့် ငလျင်ဒဏ်သင့်နေရာတွေမှာ လုံခြုံဘေးကင်းပြီး အဟန့်အတားမရှိ လုပ်ကိုင်နိုင်ဖို့အတွက် ဗုဒ္ဓဟူးနေ့က သက်တမ်းကုန်သွားခဲ့တဲ့ မြန်မာပြည်ရဲ့ လက်ရှိ အပစ်အခတ်ရပ်စဲရေးကို ထပ်မံ တိုးချဲ့ဖို့နဲ့ သက်တမ်းတိုးဖို့ မလေးရှားက တောင်းဆိုလိုက်ပါတယ်။
Read More

MNDAA နဲ့ မြန်မာစစ်တပ် အပစ်ရပ်သဘောတူညီမှုစာချုပ်ကို တရားဝင်လက်မှတ်ရေးထိုးကြောင်း တရုတ်နိုင်ငံခြားရေး ပြော

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ မြန်မာစစ်တပ်တို့ဟာ စနေနေ့က စတင်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင် လက်မှတ် ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
Read More

အရပ်သားများကို ဗုံးကြဲနေသည့် စစ်အုပ်စု၏ ရွေးကောက်ပွဲ စိတ်ကူးလို့တောင်မရဘူးဟု ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိ ဆို

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်က မြန်မာပြည်ရဲ့ လက်ရှိအခြေအနေကို ထောက်ပြပြီး အရပ်သားတွေကို ဗုံးကြဲနေတဲ့ စစ်အုပ်စုက နောက်လမှာလုပ်မယ့် ရွေးကောက်ပွဲကို စိတ်ကူးလို့တောင်မရဘူးလို့ နိုဝင်ဘာ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။