စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Sun King Envoy Monywa မှ သတင်းထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်က အင်အား ၁၀၀ ခန့်နဲ့ ပေါက်ပင်ကျေးရွာသို့ ဝင်ရောက်လာပြီး ရွာကို မီးရှို့ ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ စုဖွဲ့မှုပျက်ကာ နောက်သို့ ပြန်လည်ဆုတ်ခွာ သွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Sun King Envoy Monywa (LPDF)နှင့်အတူ Democratic Local Coalition(DLC)၊ ဒေသခံတပ်ပေါင်းစု၊ 5/fighter Group၊ Liger Three People Defence Force Democratic Guerrilla Force(DGF)နဲ့ အခြားမဟာမိတ်တပ်တွေက ပူးပေါင်းလုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-Sun King Envoy Monywa
0 Shares:
You May Also Like
Read More

လွိုင်ကော်မြို့ပြင်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက်သေ၊ သေနတ် ၄ လက် ရရှိ (ရုပ်/သံ)

ကရင်နီပြည်နယ် လွိုင်ကော်မြို့ပြင်မှာ နိုဝင်ဘာ ၂၇ ရက်က ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၅ ယောက်သေပြီး သေနတ် ၄ လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ KNDF B14 ထံက သိရပါတယ်။
Read More

သာစည်ရွာ ရဲစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်မှုကြောင့် ရဲနဲ့ စစ်သားများ ထိခိုက် သေဆုံးနိုင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သာစည်ရွာ ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကြို့ပင်ကောက်မှာ ပေါ်တာဆွဲဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်း ပေါ်တာဆွဲဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၂ ရက် မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးရိုးမအခြေပြု BTZM GBK PDF ထံက သိရပါတယ်။
Read More

မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ ကျေးရွာကို ဗုံးလာကြဲတဲ့ စစ်ကော်မရှင်ဂျက်တိုက်လေယာဉ်ကို တော်လှန်ရေးတပ်တွေ ပစ်ခတ်တိုက်ခိုက် ထိခိုက်မှုကြောင့် မြိတ်မြို့သို့ ပြန်လှည့်သွား (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ‌မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်းကျေးရွာအနီး ဗုံးလာကြဲတဲ့ ဂျက်တိုက်လေယာဉ်ကို တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့တယ်လို့ KNU -မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေး နှင့် သတင်းပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကြေးနီတင်ယာဉ်နှင့် စစ်ကောင်စီလုံခြုံရေးယာဉ် စုစုပေါင်း ၅၆ စီးကို လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ ကြေးနီတင်ယာဉ်နဲ့ လုံခြုံရေးလိုက်ပါလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီတော်လှန်‌ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ၂ ယောက်အတွက် အလေးပြုခြင်းအခမ်းအနားပြုလုပ် (ရုပ်/သံ)

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်း ရဲဘော် သံခြေထောက်နဲ့ ရဲဘော် ကပ္ပလီတို့ရဲ့ ကျဆုံးခြင်း ၁ နှစ်ပြည့်အဖြစ် ဒီဇင်ဘာ ၂၀ ရက်က လောင်းလုံးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မှ အလံတစ်ဝက်ချလွှင့်ထူခြင်းနဲ့ အလေးပြုခြင်းအခမ်းအနားပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။