ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာလူနည်းစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စွဲဆိုထားထားတဲ့အမှုကို ဇန်နဝါရီလ ၁၂ ရက်ကနေ ၂၉ ရက်အထိ ကြားနာစစ်ဆေးသွားမယ်လို့ ဒီဇင်ဘာလ ၁၉ ရက် သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီတရားစွဲဆိုမှုဟာ ဆယ်စုနှစ်တခုကျော်အတွင်း ICJ က စံနှုန်းပိုင်းဆိုင်ရာ ပထမဆုံးအကြိမ် ကြားနာမဲ့ လူမျိုးတုံးသတ်ဖြတ်တဲ့အမှုဖြစ်တာကြောင့် ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးအပေါ် တောင်အာဖရိကက တရားစွဲဆိုထားတဲ့ အမှုအပေါ်မှာလည်း သက်ရောက်မှုရှိနိုင်တဲ့ စံနမူနာတွေ ဖြစ်လာဖွယ်ရှိပါတယ်။

ကြားနာမှု ပထမပတ်အတွင်း မူဆလင်အများစုနေထိုင်ရာ အနောက်အာဖရိကနိုင်ငံဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက ၎င်းရဲ့ အမှုဖွင့်ဆိုချက်တွေကို ဇန်နဝါရီ ၁၂ ရက်ကနေ ၁၅ ရက်အထိ တင်ပြမှာဖြစ်ပါတယ်။ ဂမ်ဘီယာက မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ စွပ်စွဲပြီး အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ ထောက်ခံမှုနဲ့ ၂၀၁၉ ခုနှစ်က ICJ မှာ အမှုဖွင့်ခဲ့တာပါ။

အဲဒီနောက် ဇန်နဝါရီလ ၁၆ ရက်ကနေ ၂၀ ရက်အထိ မြန်မာအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုထားတဲ့ ချေပချက်တွေကို တင်ပြနိုင်မှာပါ။

ထူးခြားသော လုပ်ဆောင်ချက်တခုအနေနဲ့ ကမ္ဘာ့တရားရုံးကလည်း ၎င်းတို့သက်သေတွေကို ကြားနာဖို့ အချိန် သုံးရက်ကိုလည်း သီးသန့်သတ်မှတ်ထားပါသေးတယ်။ ကြားနာမှုကိုတော့ အများပြည်သူနဲ့ မီဒီယာတွေပေးဝင်မှာမဟုတ်ဘဲ တံခါးပိတ်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ ကောက်ချက်အရ ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်း “လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်များ” ပါဝင်နေတာကြောင့် ရိုဟင်ဂျာ ၇၃၀,၀၀၀ ခန့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

မြန်မာကတော့ ကုလသမဂ္ဂရဲ့ တွေ့ရှိချက်တွေဟာ “ဘက်လိုက်ပြီး ချို့ယွင်းချက်ရှိနေတယ်” လို့ ဆိုပြီး ပယ်ချခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်း ပြဋ္ဌာန်းပြီးနောက်ပိုင်း ICJ အနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်စဉ်တခုကိုပဲ အတည်ပြုခဲ့ဖူးပါတယ်။

မြန်မာအမှုမှာ ICJ ရဲ့ တွေ့ရှိချက်တွေဟာ နောင်လာမဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမှုတွေအတွက်လည်း အရေးကြီးလာနိုင်ပါတယ်။ အထူးသဖြင့် ဂမ်ဘီယာနဲ့အတူ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန် အပါအဝင် အမှုအတွင်း ပါဝင်ပတ်သက်လာတဲ့ နိုင်ငံတွေက လူမျိုးတုံးသတ်ဖြတ်မှုဆိုရာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းတခုတည်းကိုသာ ဆိုလိုခြင်းမဟုတ်ကြောင်း ငြင်းခုံတင်ပြထားကြပါတယ်။

၎င်းနိုင်ငံတွေရဲ့ တရားရုံးကို တင်ပြထားတဲ့ စာရွက်စာတမ်းတွေထဲ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရည်ရွယ်ချက်ကို အတည်ပြုဖို့ရာ သေဆုံးသူအရေအတွက်ကိုပဲ အာရုံစိုက်မနေသင့်ဘဲ အဓမ္မနေရပ်စွန့်ခွာစေခြင်း၊ ကလေးသူငယ်များအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာနှင့် ကျား/မ အခြေပြု ရာဇဝတ်မှုတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်လို့ ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

ဂျပန်နိုင်ငံရှိ မြို့ကြီးများတွင် စစ်ကောင်စီကို ထောက်ခံ ကူညီနေမှုများ ရပ်တန့်ရန်နှင့် မြန်မာ့အ​ရေး မစွက်ဖက်ရန် တရုတ်အစိုးရကို ချီတက်ဆန္ဒပြ

ဂျပန်နိုင်ငံရှိ မြို့တော် တိုကျိုအပါအဝင် မြို့ကြီး ၄ မြို့မှာ အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံကူညီနေတာတွေ ရပ်တန့်ဖို့နဲ့ မြန်မာ့အရေး ဝင်ရောက်မစွက်ဖက်ဖို့ တရုတ်အစိုးရကို ချီတက်ဆန္ဒပြခဲ့တယ်လို့ NUG Support Team Japan က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဒူတာတေးကို ICC အကြိုတရားခွင်မှာ ပထမဆုံးအကြိမ် ရုံးထုတ်…

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) ရဲ့ အကြိုတရားခွင်မှာ မတ် ၁၄ ရက်က မနေ့က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။
Read More

မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုဟာ အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ထရန့် ဆက်လက်သက်တမ်းတိုး

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားမှုဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ဆက်လက်သတ်မှတ်ပြီး စစ်ဗိုလ်ချုပ်တွေကိုလည်း ဆက်လက်အရေးယူပိတ်ဆို့ထားဦးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။ 
Read More

“မြန်မာပြည်သူလူထုရဲ့ တော်လှန်ရေးကသာ အောင်ပွဲခံပါလိမ့်မယ်”

ကမ္ဘာ့ရေးရာ ပြဿနာတွေကို ရဲရဲဝံ့ဝံ့ ဖြေရှင်းကြသူတွေကို ပေးအပ်တဲ့ နိုင်ငံတကာ အထင်ကရ ဆုတစ်ခုဖြစ်တဲ့ The Right Livelihood Award ဆုပေးပွဲမှာ Justice For Myanmar (JFM) က ၂၀၂၅ ခုနှစ်အတွက် ရွေးချယ်ချီးမြှင့်ခံခဲ့ရပါတယ်။
Read More

ကူမင်းရောက်နေတဲ့ စစ်ခေါင်းဆောင် တရုတ်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ

ကူမင်းမြို့ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာပြည်ရဲ့ လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ကြောင်း စစ်ကောင်စီထောက်ခံတဲ့ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
Read More

အမေရိကန်ဖွား ကာဒီနယ် ရောဘတ် ဖရန်စစ် ပရက်ဗော့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ကြေညာ

ရိုမန်ကတ်သလစ်ကျောင်းတော်ရဲ့ ၂၆၇ ယောက်မြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် အသက် ၆၉ နှစ်အရွယ် အမေရိကန်ဖွား ကာဒီနယ် ရောဘတ်ဖရန်စစ်ပရက်ဗို့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ဗာတီကန်မှာ ကြေညာလိုက်ပြီဖြစ်ပါတယ်။