အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းမှုနောက်ပိုင်း ၅နှစ်နီးပါး အချိန်ကာလအတွင်း စစ်တိုင်းမှူး အပြောင်းအလဲ အကြိမ် ၅၀ ရှိခဲ့တယ်လို့ ISP-Myanmar က ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကနေ လက်ရှိ ၂၀၂၅ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ကာလမှာ စစ်တပ်ရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေကို ကွပ်ကဲနေရတဲ့ တိုင်းစစ်ဌာနချုပ် ၁၄ ခုရဲ့ စစ်တိုင်းမှူးတွေကို မင်းအောင်လှိုင်က ကြိမ်ဖန်များစွာ အပြောင်းအလဲလုပ်ခဲ့တာဖြစ်ပါတယ်။ 

အဲ့လို နေရာပြောင်းရွှေ့တဲ့အထဲမှာ ဗိုလ်ချုပ် အယောက် ၄၀ နဲ့ ဗိုလ်မှူးချုပ် ၆ယောက်၊ စုစုပေါင်း ၄၆ ယောက် ပါဝင်ပြီး တချို့ကို တစ်ကြိမ်မက ပြောင်းရွှေ့ခဲ့တယ်လို့ ဆိုပါတယ်။ အာဏာသိမ်းကာလ မတိုင်ခင်က စစ်တိုင်းမှူးတစ်ယောက်ရဲ့ တာဝန်သက်တမ်းဟာ ၂နှစ်ကျော် ၃နှစ်ဝန်းကျင် ရှိတတ်ပေမယ့် လက်ရှိအချိန်မှာ တာဝန်သက်တမ်း ၁နှစ်မပြည့်တဲ့ စစ်တိုင်းမှူး ၂၃ ယောက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ရေးရှုံးနိမ့်မှုကြောင်း တိုင်းမှူး ပြောင်းလဲတာတွေ၊ စစ်ရေးလှုပ်ရှားမှုနည်းတဲ့ ဌာနချုပ်တွေမှာ အပြောင်းအလဲလုပ်တာတွေ ရှိခဲ့ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှာ ပြောင်းလဲမှုအများဆုံး လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြောင်းလဲမှုထဲမှာ အရှေ့ပိုင်းတိုင်း၊ နေပြည်တော်နဲ့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့က ဒုတိယနဲ့ တတိယလိုက်ပြီး ရခိုင်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုတော့ တစ်ကြိမ်သာ အပြောင်းအလဲလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်တိုင်းမှူး အပြောင်းအလဲတွေဟာ စစ်ရေးဗျူဟာ ဖော်ဆောင်မှုကို အပြောင်းအလဲဖြစ်စေပေမယ့် စစ်ရေးလှုပ်ရှားမှုနည်းတဲ့ တိုင်းစစ်ဌာနချုပ်တွေက စစ်တိုင်းမှူးတွေကိုပါ ပြောင်းလဲနေတာကြောင့် စစ်ဆင်ရေးရှုထောင့် တစ်ခုတည်းအရ လုပ်ဆောင်နေတာမျိုးမဟုတ်ဘဲ မင်းအောင်လှိုင်ရဲ့ အာဏာတည်မြဲမှုနဲ့လည်း သက်ဆိုင်နိုင်ကြောင်း သုံးသပ်ထားပါတယ်။

စစ်တိုင်းမှူးတွေဟာ တာဝန်ထမ်းဆောင်တဲ့ ကာလ လျော့နည်းတာနဲ့အမျှ အောက်ခြေ တပ်ရင်း၊ တပ်မတွေနဲ့ ထိတွေ့ပြီး ပုဂ္ဂိုလ်ရေး အာဏာနဲ့ သြဇာတည်ဆောက်ဖို့ အချိန်လျော့နည်းမှာ ဖြစ်တာကြောင့် ဒီလိုပြောင်းလဲမှုတွေဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သူ့ရဲ့ ပုဂ္ဂိုလ်ရေးအာဏာ တည်ဆောက်မှုနဲ့ ဆက်စပ်နိုင်တယ်လို့ ISP-Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

တောင်သာ ရုံးစည်ကြီးစခန်းကို PDF ဝင်ရောက်တိုက်ခိုက်မှု စစ်အုပ်စု ၆ ဦး သေ၊ ၄ ဦး ဒဏ်ရာပြင်းထန်ခဲ့၊ ခဲယမ်းကျည် မလုံလောက်မှုကြောင့် စခန်းကို အပြီးသတ်မရရှိခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က စစ်အုပ်စုအထိုင်ချရာ ရုံးစည်ကြီးရွာ တိုက်နယ်စခန်းကို တော်လှန်ရေးတွေ ဝင်ရောက်သိမ်းပိုက်မှုမှာ စစ်အုပ်စုဘက်က ၆ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူတွေလည်းရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်ကိုင်းမြို့အနီးတစ်ဝိုက်ကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၇.၇အဆင့်နှင့် ၆.၄ အဆင့်ရှိ အင်အားပြင်း ငလျင် ၂ ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိလေ့လာရေး အသင်း ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာကို ဗဟိုပြုပြီး ဒီနေ့ နေလယ် ၁၂ နာရီ ၅၀ မိနစ်အချိန်မှာ ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိလေ့လာရေး အသင်း (USGS) က ထုတ်ပြန်ထားပါတယ်။
Read More

ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၁၀၀၆ တပ်ရင်း (ဖယ်ခုံ PDF 2) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် ၁ ဦး သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြောက်ကမ္မရိုက်ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ပြီး ကလေးငယ်တွေ အပါအဝင် ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Mon Liberation Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

Unity GenerationZ PDF က အခြေခံ စစ်ပညာ ရက်တိုသင်တန်းပေး

ကရင်နီပြည်အခြေစိုက် Unity GenerationZ PDF က စစ်စည်းကမ်းသေဝပ်မှုနဲ့ Chain of Command - COC တည်ဆောက်မှု မြင့်မားလာစေဖို့အတွက် အခြေခံစစ်ပညာ ရက်တိုသင်တန်းပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၂၂) မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၂၂) က တပ်ရင်းရှိ ရဲဘော်တွေအနေနဲ့ စည်းကမ်းရှိ​တဲ့ ရဲ​ဘော်တွေ၊ အမိန့်နာခံမှုရှိ​တဲ့ ရဲ​ဘော်တွေ ၊ ပြည်သူတွေ အားထားရ​တဲ့ ​ရဲ​ဘော်တွေ ဖြစ်​စေဖို့ တစ်လတာ မွမ်းမံသင်တန်းကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။