စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ၅ ရက်တာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ရဟန်း ၁ ပါး အပါအဝင် ဒေသခံ ၁၇ ယောက် သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network ထံက သိရပါတယ်။

ဒီဇင်ဘာ ၂ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က ဝက်လက်မြို့နယ် အရှေ့ခြမ်း နတ်မှော်ဦးရွာကို ထိတွေ့တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ယောက် သေဆုံးပြီး ၅ယောက် ထိမှန်ဒဏ်ရာရကာ နေအိမ် ၅လုံးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ထုံးဘိုရွာတောင်ဘက်၊ သန်းကုန်းတောတိုက်ကို ဒီဇင်ဘာ ၁၃ ရက်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရကာ နေအိမ် ၈ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ယနေ့ သန်းကုန်းတောတိုက်ကို စစ်အုပ်စု လေကြောင်းဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတစ်ဦး

ဒီဇင်ဘာ ၁၆ ရက်မှာလည်း ဝက်လက်မြို့နယ်နဲ့ ရွှေဘိုမြို့နယ်အစပ်ကို ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့ရာ ရဟန်း ၁ပါး အပါအဝင် ၄ယောက် သေဆုံးပြီး ကား ၃စီး မီးလောင်ကာ နောက်ထပ် ကား ၃စီးလည်း ထိမှန်ပျက်စီးသွားခဲ့ပါတယ်။ အလားတူ ဒီဇင်ဘာ ၁၇ ရက်မှာလည်း ဆည်တောရွာထဲကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ယောက် သေဆုံးပြီး ၅ယောက်ဒဏ်ရာရကာ နေအိမ် ၃လုံး ပျက်စီးခဲ့ပါသေးတယ်။

ဒီနေ့ ဒီဇင်ဘာ ၁၉ ရက် နေ့လယ် ၁နာရီကျော်လောက်မှာလည်း တံတားဦး လေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၁စီးက ထုံးဘိုရွာတောင်ဘက်ရှိ သန်းကုန်းတောတိုက်အနီးကို ပေါင် ၂၅၀ ဗုံးသီး ၂လုံး ကြဲချပြီး ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ရာ ကိုမျိုးအောင် (၃၄နှစ်)၊ ဒေါ်နီ (၅၀နှစ်) နဲ့ ကိုစောထွန်း (၃၀နှစ်) တို့ ဒဏ်ရာရခဲ့ပါတယ်။

“ထိမှန်သွားတဲ့သူတွေထဲက ကုလားမလက်ကောက်ကျရွာက ပြည်သူ ၂ ယောက်ပါမယ်၊ နယ်မြေခံ တစ်ယောက်ပါမယ်။ စုစုပေါင်း ၃ ယောက် ထိခိုက်တယ်ဗျ။ အဲဒီထဲက ကိုစောထွန်းကတော့ ဒဏ်ရာ နည်းနည်းများတယ်။ ကျန် ၂ ယောက်ကတော့ ထိခိုက်မှုနည်းတယ်လို့ သိရတယ်။ သန်းကုန်းကို အရင်ရက်ကလည်း လေကြောင်းတိုက်လို့ ပြည်သူတွေသေဆုံးတာ ရှိသေးတယ်” လို့ Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ ရက်နီးကပ်လာတာနဲ့အမျှ ပြည်သူတွေကို အကြောက်တရား ရိုက်သွင်းဖို့အတွက် စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် လုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွေးကောက်ပွဲအတွက် အစည်းအဝေးထိုင်နေသည့် လှိုင်သာယာ ၁၄ ရပ်ကွက်ရုံးကို UG ၂ ဖွဲ့ မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ တရားမဝင်ရွေးကောက်ပွဲအတွက် အစည်းအဝေးလုပ်ဆောင်နေတဲ့ ၁၄ ရပ်ကွက်ရုံးကို သွားရောက် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေရှိနိုင်ကြောင်း လုပ်ဆောင်ခဲ့တဲ့  မြို့ပြကြွက်ကွန်ရက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပဲခူးတိုင်း ရေဘေးသင့်ပြည်သူတွေကို အမေရိကန်က Austin Myanmar Community ရဲ့ ထောက်ပံ့မှုကို ပကဖ တွေ ကူညီလှူဒါန်း (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းအတွင်းရှိ ရေဘေးသင့်ပြည်သူတွေအတွက် အမေရိကန်နိုင်ငံ Austin Myanmar Community ရဲ့ ကိုယ်စား ပဲခူးတိုင်းအတွင်းက ပကဖအဖွဲ့တွေနဲ့ လူသားစာနာတာဝန်ခံတို့က စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးနယ်မြေတွေကို သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဒုဝန်ကြီး ဦးချစ်ထွန်း ကွယ်လွန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဒုဝန်ကြီး ဦးချစ်ထွန်း (မာခူးအီချစ်ထွန်း) ဟာ သူ့ရဲ့ နိုင်ငံရေးတာဝန်တွေကို ထမ်းဆောင်ရင်း စက်တင်ဘာ ၂၅ ရက်မှာ ကွယ်လွန်သွားခဲ့တယ်လို့ NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

အထူးတိုင်းစစ်ဌာန၏ အခြေခံဆက်သွယ်ရေးသင်တန်း (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနရဲ့ အခြေခံ ဆက်သွယ်ရေး သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၁ရက်က အထူးတိုင်းစစ်ဌာန စစ်ဆင်ရေးနယ်မြေမှာ ပြုလုပ်ခဲ့ကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဖြူမြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား (၁၀) ဦး ထက်မနည်း ထိခိုက်သေဆုံး

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား (၁၀) ယောက်ထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့ပေါ်တွင် တားမြစ်ပိတ်ပင်ထားသည့် မူးယစ်သေစာနှင့် အရက်၊ ဘီယာများကို ဖမ်းဆီးဖျက်ဆီး

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်မှာ တားမြစ်ပိတ်ပင်ထားတဲ့ မူးယစ်သေစာနဲ့ အရက်၊ ဘီယာတွေကို ကြားကာလ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြည်သူ့ရဲဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက ရှောင်တခင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။