နိုင်ငံရေးမှာ သဘောထား မတိုက်ဆိုင်တာတွေ ရှိတတ်ပေမယ့် အသက်တွေရင်းထားရတဲ့ တော်လှန်ရေးမှာတော့ သဘောထားတွေကို ဖြစ်နိုင်သမျှ တိုက်ဆိုင်အောင် ကြိုးစားကြရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ အဓိက ဦးတည်ချက် ဘုံရန်သူဟာ အာဏာသိမ်းစစ်တပ်ဖြစ်တယ်ဆိုတာကို မေ့မသွားဖို့ ဝန်ကြီးချုပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“နိုင်ငံရေးမှာ အမြဲတမ်း သဘောထားတိုက်ဆိုင်နေတာတွေ မရှိဘူးဆိုတာ ပုံမှန် သဘောတရားပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တော်လှန်ရေးမှာတော့ သဘောထားတွေက ဖြစ်နိုင်သမျှ တိုက်ဆိုင်နိုင်အောင် သဘောမျှနိုင်အောင် ကြိုးစားကြရမှာပဲ ဖြစ်ပါတယ်။ လူ့အသက်တွေ အများကြီး စတေးပြီး တိုင်းပြည်ရဲ့အနာဂတ်ကိုရင်းကာ ဆင်နွှဲနေကြရတဲ့ တော်လှန်ရေး ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ဦးဆောင်တိုက်ပွဲဝင်နေသူတွေအတွက် ပိုပြီး တာဝန်ကြီးတဲ့ တော်လှန်ရေးလည်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဆိုးသွမ်းတဲ့ အကြမ်းဖက်သူတွေဖြစ်တာကြောင့် ရန်သူ ပြုတ်ကျရေးကို ဦးတည်ပြီး တော်လှန်ရေးအင်အားစုတွေအားလုံး စည်းစည်းလုံးလုံး တိုက်ပွဲဝင်ရမယ်လို့ ပြည်ထောင်စုလွှတ်တော် အဌမအကြိမ် အစည်းအဝေး ပထမနေ့ မိန့်ခွန်းမှာ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုခဲ့တာပါ။

“ကျနော်တို့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ လူ့အခွင့်အရေးနေ့မျိုးမှာတောင် ဆေးရုံလိုနေရာမျိုးကို ဗုံးကြဲချခဲ့တဲ့ ဆိုးရွားလွန်းသူတွေ ဖြစ်တယ်ဆိုတာကို မေ့လို့မရပါဘူး။ ဒီလိုအကြမ်းဖက်စစ်အုပ်စုမျိုးကို တော်လှန်နေကြရတဲ့ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအားလုံးရဲ့ ပထမဆုံး ဦးတည်ချက်က အကြမ်းဖက် စစ်အုပ်စုကို ဖြိုချဖို့ပဲ ဖြစ်ပါတယ်။ ဒီအတွက် ကျနော်တို့ အားလုံး ဒီထက် ပိုမိုစုစည်းပြီး ပိုမို အလုပ်လုပ်ကြဖို့ပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိအချိန်ဟာ တော်လှန်ရေးဆင်နွှဲနေရတဲ့ အချိန်ကာလ ဖြစ်တဲ့အတွက် NUG အနေနဲ့ ပုံမှန်ကာလ အစိုးရတစ်ရပ်ပုံစံ အပြည့်အဝ စီမံဆောင်ရွက်နိုင်ဖို့အတွက် မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ အားနည်းမှုတွေ၊ လူ့စွမ်းအားအရင်းအမြစ် မပြည့်စုံမှုတွေနဲ့ ရုန်းကန်ရင်း ဖြစ်နိုင်သမျှ အကောင်းဆုံး အနေအထားဖြစ်အောင် ကြိုးပမ်းနေရတယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံတွင် နေအိမ်များကို ဒရုန်းဖြင့် စောင့်ကြည့်ပြီး ပစ္စည်းခိုးယူသည့် မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းမှာ နေအိမ်တွေကို ဒရုန်းနဲ့ စောင့်ကြည့်ပြီး ပစ္စည်းခိုးယူတဲ့ မြန်မာနိုင်ငံသား ၄ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြထားပါတယ်။
Read More

ကျွန်းလှက တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းထား

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာက တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

တနင်္သာရီမြို့နယ်အနှံ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားနေ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ နေရာအနှံ့မှာ ဇန်နဝါရီလက စပြီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွာငံမှာ ပျူခေါင်းဆောင်နေအိမ်ကို ဝင်ရောက်စီးနင်းရာ သေနတ် ၁ လက်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရေလှကျေးရွာက ပျူစောထီးခေါင်းဆောင်ဆိုသူ ဌေးလွင်ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ရာ သေနတ်  ၁ လက်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် - DSNDA က ထုတ်ပြန်ထားပါတယ်။
Read More

မြိုင် ပကဖ အခြေခံ စစ်သင်တန်းဆင်းပွဲ

မြိုင်ပကဖ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၄/၂၀၂၅) သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၁၁ရက်နေ့က ဒေသတွင်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

Spring Warriors Column က တန်ဆောင်တိုင်အမှတ်တရ အားကစားပြိုင်ပွဲတွေ ပြုလုပ်ခဲ့…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖာပွန်ခရိုင် တပ်ရင်း ၁ ၊ Spring Warriors Column (ရိုးမဗျူဟာ) - P 27001 က တန်ဆောင်တိုင်အမှတ်တရ အားကစား ပြိုင်ပွဲတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။