စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း အထိုင်ချထားတဲ့ စစ်အုပ်စုရဲ့ ဂိတ်စခန်းနဲ့ တပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force M.D.F က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းက မြင်းမူမြို့နယ် ဂွေးပင်တောရွာမှာ အထိုင်ချထားတဲ့ စစ်အုပ်စုတပ်သားတွေကို Fixed Wings Drone တွေနဲ့ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သားတွေ စုဝေးနေတဲ့ ဂိတ်ဘန်ကာအနီး တစ်လုံး၊ စားဖိုဆောင်နား တစ်လုံး၊ စစ်အုပ်စုရဲ့ ယာဉ်အနီး တစ်လုံးနဲ့ ၆၀ မမ လက်နက်ကြီး အထိုင်ချထားတဲ့နေရာ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုဟာ လက်နက်ကြီး ၁၀ လုံးထက်မနည်း ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပ.က.ဖ၊ မြင်းမူမြို့နယ် ပ.လ.ဖ၊ အလက္ကပ္ပတိုက်နယ် ပ.က.ဖ၊ Myaung Drone Force MDF (ကျားခင်စိန်)နဲ့ Justice Warrior တပ်ဖွဲ့၊ အမုန်းဗျင်းမဲ့ Drone Teams တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Video – Myaung Drone Force M.D.F

0 Shares:
You May Also Like
Read More

ရွှေတစ်ဂူကျေးရွာရှိ စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းအထိုင်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်မှုအတွင်း ကလေးစစ်သား ၁ ယောက် ဖမ်းဆီးရမိ (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ရွှေတစ်ဂူကျေးရွာက အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းအထိုင်စခန်းကို ဇန်နဝါရီ ၉ ရက် မနက်ပိုင်းမှာ ကရင်နီတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းတပ်မြို့ပေါ် ဖမ်းဆီးရမိသည့် စစ်ကောင်စီထုတ်အရက်များကို ပိုင်ရှင်ရှေ့မှောက်တွင် ဖျက်ဆီး (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်မှာ တားဆီးထားတဲ့ စစ်ကောင်စီထုတ်အရက်တွေကို ပိုင်ရှင်ရဲ့ ရှေ့မှောက် ဖျက်ဆီးခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထား
Read More

မှောင်ခိုရောင်းဝယ်သူတွေ ဖမ်းဆီးထားတဲ့ ရှားပါးမျိုးစိတ် Red Panda လေးတွေကို မူရင်းဒေသသို့ ပြန်ပို့ဆောင်ပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ်ထဲမှာ မှောင်ိခုရောင်းဝယ်သူတွေ သယ်ဆောင်လာတဲ့ ရှားပါးမျိုးစိတ် Red Panda လေးတွေကို ဖမ်းမိခဲ့တဲ့အတွက် မူရင်းဒေသသို့ ပြန်လည်ပို့ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ NUG သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ အသိပေးထားပါတယ်။
Read More

ရေတာရှည်အနီး ကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီ ဒရုန်းနဲ့တိုက်ခိုက်လို့ ပြည်သူ ၃ ယောက် သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က ကဲလင်းဆိပ်ကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူ (၃)ယောက်သေဆုံးပြီး (၁၂) ယောက်ခန့် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေက ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ ဝယ်ယူထားတဲ့ ဒရုန်းတွေ စမ်းသပ်မှုပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက် ခိုက်ဖို့ ဒရုန်းတွေ ဝယ်ယူပြီး စမ်းသပ်မှုတွေ လုပ်ဆောင်လျက်ရှိတယ်လို့ ဓားမဆိုင်းတပ်ရင်း ၂၈ ထံက သိရပါတယ်။
Read More

မင်းအောင်လှိုင်က အတွေ့အကြုံ ရှိပြီးသားမို့ တာဝန်ပေးရင် သမ္မတလုပ်နိုင်တယ်လို့ ဇော်မင်းထွန်း ပြော (ရုပ်/သံ)

ဒီနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ကျားဖြန့်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ မင်းအောင်လှိုင် သမ္မတ လုပ်နိုင်တယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။