စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သမန္တာရွာ၊ ခိုးသန်းရွာနဲ့ တောင်ပလူရွာကြားရှိ စက်တဲကွင်းမှာ အထိုင်ချ တပ်စွဲပြီး ပြည်သူတွေဆီက လစဥ် ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စုနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း ၂၅ တပ်ခွဲ ၄ ထံက သိရပါတယ်။

ဒီဇင်ဘာ ၁၆ ရက် နေ့လယ် ၁၂ နာရီလောက်မှာ စစ်ကော်မရှင်တပ်သားတွေက အင်အား ၂၀ ဝန်းကျင်နဲ့ အနီးနားကျေးရွာတွေကို ဆက်ကြေးကောက်ဖို့နဲ ရိက္ခာရှာဖို့ ထွက်လာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၁၀ ယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့ တပ်စွဲထားတာ ၁နှစ်ကျော်လောက်ရှိပြီ။ ထိတွေ့မှုဖြစ်တဲ့နေရာက နမခနဲ့ ဆိုရင်တော့ ၂မိုင်ခန့် အဝေးပေါ့နော်။ ၅၀၈ အမြောက်တပ်နဲ့ဆို ၁မိုင်ခန့် အဝေးမှာ။ ထိတွေ့မှုက ၁နာရီခွဲလောက် ကြာတယ်။ သေဆုံးသွားတဲ့သူတွေကို အဲဒီနေ့ ညနေမှာပဲ တခါတည်း သင်္ဂြိုဟ်လိုက်တယ်။ ဒဏ်ရာရ ၅ ယောက်ကတော့ နောက်နေ့မနက်မှာပဲ စက်တဲကနေပြီးတော့ အနီးရွာက ထော်လာဂျီကိုခေါ်ပြီးတော့ ဆေးရုံပို့တယ်” လို့ မုံရွာခရိုင် တပ်ရင်း ၂၅ တပ်ခွဲ ၄ ရဲ့ တပ်ခွဲမှူး ကိုပိန်က မောင်းကို ပြောပါတယ်။

တိုက်ပွဲအတွင်း နမခ နဲ့ အမတ (၅၀၈) အမြောက်တပ်ကနေ ဟောင်ဝှစ်ဇာ လက်နက်ကြီး အကြိမ် ၂၀ ထက်မနည်း ပစ်ကူပေးခဲ့သလို စစ်တပ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာချိန် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကျည်လုံလောက်မှုမရှိတာကြောင့် အပြီးသတ် သုတ်သင်နိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတဲ့အတွက် ခိုးသန်းရွာနဲ့ တောင်ပလူရွာက ဒေသခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရပြီး ဒီမနက်မှာ အဆိုပါ ကျေးရွာတွေထဲကို စစ်တပ်က အင်အား ၁၀၀ ဝန်းကျင်နဲ့ ဝင်ရောက်တပ်စွဲထားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ ရွှေတြိဂံမဟာမိတ်တပ်ရင်း ၊ Budalin Mobile Team (BMT) ၊ မုံရွာခရိုင်တပ်ရင်း ၂  ရွာဇော်ကြီး-တော်လှန်အသံတပ်ခွဲ (YZG) ၊ မုံရွာခရိုင် တပ်ရင်း ၂၅ တပ်ခွဲ ၄ ၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ မုံရွာမြို့နယ် တိုက်နယ် ၂ တိုက်ခိုက်ရေး လမ်းမတော်ပြောက်ကျား တပ်စိပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

KTV အတူတူ သွားကြရင်း အရာရှိ မူးနေချိန် စစ်မှုထမ်းဆင်း စစ်သား ၂ဦး ခဲယမ်းနှင့်တကွ အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ တပ်မ ၁၀၁ က အရာရှိနဲ့အတူ အပြင်ထွက် ပျော်ပါးတဲ့ စစ်မှုထမ်းဆင်း စစ်သား ၂ ယောက်ဟာ အရာရှိ အလစ်မှာ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။
Read More

အစိုးရတွေ အကျိုးအမြတ်ရပြီး ဒေသခံပြည်သူတွေ နစ်နာစေမယ့် သံလွင်မြစ်ပေါ် ဟတ်ကြီးရေကာတာကို ကရင်ပြည်သူတွေ ဆန့်ကျင်ဆန္ဒပြ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်နဲ့ ဖားအံခရိုင် နယ်ခြား သံလွင်မြစ်နဲ့ သောင်ရင်းမြစ်တို့ ပေါင်းဆုံရာ မြစ်ဆုံမှာ ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်း ထိန်းသိမ်းရေးနဲ့ ရေကာတာဆန့်ကျင်ရေးနေ့ အခမ်းအနားနဲ့အတူ သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် ဟတ်ကြီး ရေကာတာ ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဒေသခံပြည်သူတွေ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က တပ်မှူးတပ်သားတွေက စစ်ရှောင်ဆင်ထိန်းတွေနဲ့ ဆင်တွေကို သွားရောက်ကြည့်ရှု… (ဓာတ်ပုံသတင်း)

CDM လုပ်ဆောင်ခဲ့တဲ့ စစ်ဘေးရှောင် ဆင်ဝိုင်းတွေက ဆင် ၁၃၈ ကောင်အပါအဝင် ဆင်ဦးစီး၊ ဆင်အုပ်၊ ဆင်ထိန်းတွေနဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က တပ်မှူးတပ်သားတွေ ဆုံတွေ့ခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို PLA က ထုတ်ပြန်ထားပါတယ်။
Read More

တောင်သာ မှာ စစ်တပ်က ကျေးရွာတွေကို စက်တပ်လေထီးကနေ ပစ်ခတ်ဗုံးကြဲလို့ အမျိုးသမီး ၂ဦး ဗုံးသီးထိမှန် သေဆုံး

မန္တလေးတိုင်း မိထ္ထီလာခရိုင် တောင်သာမြို့နယ် ညောင်ကုန်းကျေးရွာကို စက်တပ်လေထီးကနေ ပစ်ခတ်ဗုံးကြဲခဲ့လို့ အမျိုးသမီး ၂ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့လည်း ရှိကာ၊ အိမ်မွေးတိရိစ္ဆာန်အချို့ပါ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေး တပ်သားသစ်တွေ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေး ပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်နိုင်မယ့် တပ်သားသစ်တွေကို စိစစ်ခေါ်ယူနေတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

မင်းလှတွင် အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၁၀ ဦး သေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ ပဲခူးတိုင်းစစ်ဌာန ၊ ဗျူဟာ ၂၂ ဆီက သိရပါတယ်။