အာဏာသိမ်းစစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍဟာ အင်မတန်အရေးကြီးပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် အထူးစိုးရိမ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော် အဌမအကြိမ် အစည်းအဝေး ပထမနေ့မှာ ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း မိန့်ခွန်းထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျနော်တို့ရဲ့ နိုင်ငံတော်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် အထူးစိုးရိမ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍဟာ နိုင်ငံအတွက်‌ရော၊ လက်ရှိ နွေဦးတော်လှန်ရေးအတွက်ပါ အင်မတန်မှ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်” လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက စစ်တပ်က ဘယ်သူနဲ့မှ တွေ့ဆုံခွင့်မပေးတဲ့ မိခင်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုပြီးတဲ့နောက် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့ စာထုတ်လာပေမယ့် လက်ရှိအချိန်ထိ တစုံတရာ သက်သေပြလာခြင်း မရှိသေးပါဘူး။

ယာယီသမ္မတ ဒူဝါလရှီးလက “ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့အတွက် ကျနော်တို့အနေနဲ့ နိုင်ငံတကာကို ဆက်လက် အကူအညီတွေ တောင်းဆိုသွားကြဖို့ တိုက်တွန်းချင်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဒီကိစ္စကို အမြဲတမ်း တိုက်တွန်းပြောဆို နှိုးဆော်တာရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်ခေါင်းဆောင်တွေရဲ့ ဖမ်းဆီးချုပ်နှောင်ထားမှုကနေ အမြန်ဆုံးလွတ်မြောက်ဖို့ ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ပြည်တွင်းကရော နိုင်ငံတကာကပါ ပုံစံမျိုးစုံနဲ့ တိုက်တွန်းစေ့ဆော်တာတွေကို လုပ်ဆောင်ကြဖို့ လေးနက်စွာ တိုက်တွန်းပြောကြားလိုပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း အသတ်ခံရမှု ပွင့်လင်းမြင်သာစွာ အရေးယူသွားမည်ဟု ကယန်းပြည်သစ် ပြော

နေပြည်တော်တိုင်းစစ်ဌာန၊ ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို သတ်ဖြတ်ခံရမှုဖြစ်စဥ်အတွက် ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူပြီး ပွင့်လင်းမြင်သာစွာချပြသွားမယ့်အကြောင်းအပါအဝင် သဘောတူညီချက် ၅ခုကို ကယန်းပြည်သစ်တပ်မတော်ဘက်က ကတိကဝတ်ပြု သဘောတူခဲ့​ကြောင်း နေပြည်တော် PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ခင်ဦးတွင် အကြမ်းဖက်စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ရာ ဒုဗိုလ်မှူးအဆင့်နှင့် ၃ ပွင့်ဗိုလ်အပါ စစ်သားအများအပြား သေပြီး ၂ ဦး အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်ပိတ်ဆို့ တိုက်ခိုက်ရာ ဒုဗိုလ်မှူးနဲ့ ၃ ပွင့်ဗိုလ်အပါအဝင် စစ်သားအများအပြား သေဆုံးပြီး ၂ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ခင်ဦးမြို့နယ် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ တပ်ရင်း စံပြုတည်မြဲအမိန့် စစ်ရုံးချုပ် ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ တပ်ရင်းစံပြုတည်မြဲအမိန့်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD) ၊ PDF စစ်ရုံးချုပ်က မေလ ၆ ရက် ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ABSDF ကို နာဂိုယာသင်္ကြန်ပွဲတော်မှ ရရှိလာသည့် ထောက်ပို့ငွေပေးအပ်ပွဲနှင့် မျက်မှောက်ကာလ နိုင်ငံရေးအခြေအနေများ အမြင်ဖလှယ်ဆွေးနွေးပွဲ ပြုလုပ်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - ABSDF (မကဒတ) ကို ၂၇ ကြိမ်မြောက် နာဂိုယာင်္သကြန်ပွဲတော်ကနေ ရရှိလာတဲ့ ထောက်ပို့ငွေ ပေးအပ်ပွဲနဲ့ မျက်မှောက်ကာလ နိုင်ငံရေးအခြေအနေတွေအပေါ် အမြင်ဖလှယ်ဆွေးနွေးပွဲ အခမ်းအနားကို ဩဂုတ်လ ၃၁ ရက်မှာ အွန်လိုင်းကတဆင့် ပြုလုပ်ခဲ့တယ်လို့ ABSDF က ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံခရိုင်အတွင်း စစ်အုပ်စုနှင့် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားနေ၊ နှစ်ဖက်ထိခိုက်မှုများရှိသလို စစ်အုပ်စုက လေကြောင်း အဆက်မပြတ် အသုံးပြုနေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံ၊ နွားထိုးကြီး၊ ငါန်းဇွန်နဲ့ တောင်သာမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို Visa သက်တမ်းတိုးရင် ရက် ၉၀သာ တိုးပေးဖို့ ထိုင်းအရပ်ဘက်အဖွဲ့အစည်းတွေ တောင်းဆို

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေကို မနှစ်သက်တဲ့ ထိုင်းအရပ်ဘက်အဖွဲ့အစည်းတွေက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး အချက် (၈) ချက်ပါတဲ့ တောင်းဆိုစာကို ထိုင်းနိုင်ငံအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့လိုက်တယ်လို့ သိရပါတယ်။