မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ရှေ့ပြေးစစ်ကြောင်းတစ်ဖွဲ့လုံး ချေမှုန်းခံခဲ့ရပြီး လက်နက်ချတဲ့ စစ်ကော်မရှင်တပ်သားတွေကို အချင်းချင်း ပြန်လည်ပစ်ခတ်သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ OneMore စစ်ကြောင်း-Mgn District က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်က မိတ္ထီလာတပ်မ ၉၉ ကနေ အင်အား ၂၃၀ ခန့်နဲ့ မလှိုင်မြို့နယ် အနောက်ခြမ်းကျေး ရွာကို ဝင်ရောက်မွှေနှောက် ဖျက်ဆီးခဲ့တဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်ကော်မရှင်စစ်ကြောင်းဟာ ဒီဇင်ဘာ ၂ ရက်မှာ တောင်သာမြို့နယ် တောင်ခြမ်းတစ်နေရာကို ၃ ဖွဲ့ခွဲပြီး ချီတက်လာစဉ် တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်ရဲ့ ရှေ့ပြေးစစ်ကြောင်းတစ်ခုလုံး ချေမှုန်းခံခဲ့ရပြီး ထပ်မံတက်လာတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားနေချိန် လက်နက်ချတဲ့ စစ်ကော်မရှင်တပ်သားတွေကို အချင်းချင်း ပြန် လည်ပစ်ခတ် သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား အများအပြားသေဆုံးကာ လက်နက်ကြီး၊ စနိုက်ဘာတွေနဲ့ အပြင်းအထန် ပစ်ခတ်လာပြီး တော်လှန်ရေးရဲဘော်တွေ ခဲယမ်းမလုံလောက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို OneMore စစ်ကြောင်းနဲ့အတူ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Taungtha People Defense Force(TTA) ၊ DSNDA (ဓနုပြည်အမျိုးသားကာကွယ်ရေးတပ်မတော်)၊ PPGF (ပုပ္ပါး)နဲ့ ဝဲလောင်တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်သာ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး OneMore စစ်ကြောင်းက ရဲဘော် ၂ ယောက်နဲ့ TTA- PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Video – OneMore စစ်ကြောင်း-Mgn District

0 Shares:
You May Also Like
Read More

မြင်းခြံ-ပုဂံညောင်ဦး ကားလမ်းဘေးရှိ အကြမ်းဖက်စစ်တပ်စခန်းကို တော်လှန်ရေးတပ်များ ဝင်တိုက် (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြို့နယ် မြင်းခြံ-ပုဂံညောင်ဦး  ကားလမ်းဘေး တမိုက်သာကျေးရွာ အကြမ်းဖက် စစ်တပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန် ထားပါတယ်။
Read More

ပခုက္ကူမြို့နယ် အနောက်ဘုန်းကံ ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံပျူစခန်းကို နိုဝင်ဘာ ၁၄ ရက် မနေ့က မနက်ပိုင်းမှာ ရော့ကတ် ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE အဖွဲ့ထံက သိရပါတယ်။
Read More

ကမ္မမြို့ပေါ် ထမင်းထုပ်လာပို့သည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၁ ဦး သေ၊ ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်မှာ ထမင်းထုပ်လာပို့တဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ ၁ ယောက် သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Tiger Warrior Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်း တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၇ ယောက်ကို ရှင်းလင်းကာ စစ်ယာဉ် ၂ စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့က ထွက်လာတဲ့ သံပြားကာယာဉ် ၂ စီးကို မုံရွာ-မန္တလေးလမ်းပိုင်းမှာ မတ်လ ၄ ရက် ညနေပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သား ၁၇ ယောက်ကို ရှင်းလင်းပြီး စစ်ယာဉ် ၂ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ Union Liberation Front - ULF V 02 ထံက သိရပါတယ်။
Read More

ULF စစ်ကြောင်းထံ အလင်းဝင်လာတဲ့ ပြည်သူ့စစ်များက ဝှက်ထားတဲ့ လက်နက်များကို ပေးအပ် (ရုပ်/သံ)

အလင်းဝင်လာတဲ့ ပြည်သူ့စစ်များက ဝှက်ထားတဲ့ လက်နက်များကို လိုက်လံပြသပြီး ULF စစ်ကြောင်းထံ အပ်နှံခဲ့ပါတယ်။ Union Liberation Front က ထုတ်ပြန်တဲ့ ဗီဒီယိုမှာတော့ ပြည်သူ့စစ်များက တောထဲတစ်နေရာမှာ ဝှက်ထားတဲ့ MA-1 ၂ လက်၊ MA -2 ၁ လက် စုစုပေါင်း ၃ လက်နဲ့ ခဲယမ်းတွေကို ULF ရဲဘော်တွေကို လိုက်လံပြသပြီး အပ်နှံခဲ့ပါတယ်။
Read More

နောင်ချိုမှာ သပြေရေတောင်ဘုရားကုန်းကို စစ်တပ်လေကြောင်းဗုံးကြဲချ၊ စေတီတော်ပျက်စီးပြီး အရပ်သား ၁ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ တအောင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်က သပြေရေတောင်ဘုရားကုန်းကို ဒီနေ့ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။