မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ တပ်မ ၉၉ စစ်ကြောင်းကို တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား အယောက် ၃၀ ကျော် သေဆုံးပြီး လက်နက်ချဖို့ ကြိုးစားသူတွေကိုလည်း စစ်တပ်က အချင်းချင်း ပြန်လည်ပစ်သတ်ခဲ့ကြောင်း Taungtha People Defense Force (TTA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကစပြီး မိတ္ထီလာတပ်မ (၉၉) ကနေ ထွက်ခွာလာတဲ့ အင်အား ၂၀၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းဟာ မလှိုင်မြို့နယ်အနောက်ခြမ်းကို စိတ်ကြိုက်မွှေနှောက်ရင်း နယ်မြေချင်းထိစပ်နေတဲ့ တောင်သာမြို့နယ်အတွင်း ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့သလို ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း တောင်သာမြို့နယ် တောင်ဘက်တစ်နေရာမှာ အချိန် ၃ နာရီကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေက အဖွဲ့၃ ခု ခွဲတက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရှေ့ပြေးစစ်ကြောင်း ၁ခုကို မီတာ၅၀အကွာကနေ အထိအခိုက် အသေအဆုံးများအောင် ချေမှုန်းနိုင်ခဲ့ပြီး ဒုတိယအကြိမ်တက်လာတဲ့ စစ်ကြောင်းနဲ့လည်း ထိတွေ့မှု ထပ်ဖြစ်ခဲ့ပါတယ်။

အဲ့ဒီလို နှစ်ဖက်ပစ်ခတ်နေချိန် လက်နက်ချဖို့ ကြိုးစားသူတွေကို စစ်အုပ်စုက အချင်းချင်း ပြန်လည်ပစ်သတ်တာမျိုးတွေ လုပ်ဆောင်ခဲ့ကြောင်း Taungtha People Defense Force (TTA) တာဝန်ရှိသူက ပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းအား တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ Taung Tha People Defense Force (TTA-PDF))

“ကျနော်တို့ဘက်က လက်နက်ချလို့ အော်တော့ တက်လာတာ ၁၀ယောက်လောက်ရှိမယ်။ လက်နက်တွေမြှောက်ပြီး တက်လာတာ၊ ယာခင်းအလယ်နားရောက်တော့ နောက်ကနေ ပစ်တာခံရပြီး အကုန်လုံးသေကုန်တာပါပဲ။ ပစတော့ မဟုတ်လောက်ဘူး။ ဘာလို့ဆို သူတို့အားလုံး တပ်မ ၉၉ တံဆိပ်တွေနဲ့ပါ” လို့ Taungtha People Defense Force (TTA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က အယောက် ၃၀ ကျော် သေဆုံးထားပေမယ့် နောက်ချန်ကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်တာ၊ စနိုက်ဘာနဲ့ တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့ကြောင်းနဲ့ ကျည်ဆန်ခဲယမ်း အခြေအနေတွေကြောင့် တော်လှန်ရေးတပ်တွေလည်း ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် အထိနာနေတဲ့ စစ်အုပ်စုကို ရှေ့တက်လုံးဖို့ ကြိုးစားတဲ့ တော်လှန်ရေးရဲဘော် ၃ယောက်လည်း စနိုက်ဘာကျည် ထိမှန်ပြီး ကျဆုံးခဲ့ရကြောင်း Taungtha People Defense Force (TTA) တာဝန်ရှိသူက ပြောပါတယ်။

“လက်နက်ကောက် တက်လုံးချိန် စနိုက်ဘာထိတာပါ။ အရမ်းနီးတော့ ကိုယ့်ဘက်က ကျည်ကုန်ပြီလို့ အချင်းချင်းပြောတာ သူတို့ကြားတယ်။ အဲ့အချိန် ရန်သူက အားတက်ပြီး တက်လာတာ အဲ့မှာ ပြန်ဆုတ်ခဲ့ရတာပါ။ နောက်ပြီး ကျနော်တို့ စစ်ကြောင်းမှူး ထိတာလည်းများတယ်။ အခုတော့ သက်သာနေပါပြီ။ ပြန်ဆုတ်ခဲ့တာ အဲဒါကြောင့်လည်းပါတယ်” လို့ Taungtha People Defense Force (TTA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းကို Taungtha People Defense Force (TTA)နဲ့အတူ One More စစ်ကြောင်း၊ DSNDA (ဓနုအမျိုးသားကာကွယ်ရေးတပ်မတော်) ၊ PPGF (ပုပ္ပါး) နဲ့ ဝဲလောင်တိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောင်သာ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

လက်ရှိအခြေအနေအရ မိတ္ထီလာကလာတဲ့ အထက်ပါ စစ်ကြောင်းဟာ သူတို့စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် လမ်းပိုင်းတွေမှာ နင်းမိုင်းတွေထောင်ထားခဲ့သလို တောင်သာအနောက်ခြမ်းကတဆင့် ညောင်ဦးမြို့နယ်အတွင်း ဝင်ရောက်သွားကြောင်းနဲ့ မြင်းခြံမြို့ကနေ လာတဲ့ စစ်ကြောင်းကတော့ မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာ ၃ မြို့နယ်ဆုံရာ ကျေးရွာတွေကို စစ်ကြောင်းဝင် မီးရှို့နေကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ပုသိမ်မြို့နယ် မကျီးဇင်ကျေးရွာ ရဲစခန်းကို AA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက ကျုံပျော်ကနေ ကား ၇ စီးနဲ့ စစ်ကူပို့

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီး မကျီးဇင်ကျေးရွာက ရဲစခန်းနဲ့ နေရာအတော်များများကို ရခိုင့်တပ်တော် AA ပူးပေါင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီးတဲ့နောက် စစ်တပ်က အဲဒီရွာဘက် ကျုံပျော်အခြေစိုက် ခလရ ၃၆ တပ်ရင်းက ထုတ်နုတ်အင်အားတွေ စစ်ကူပို့နေတယ်လို့ ကျုံပျော်မြို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဆောထိမြို့နယ်ထဲက အရပ်သားနေအိမ်တွေကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲပြီး ဟောင်ဝှစ်ဇာနဲ့ ပစ်ခတ်တိုက်ခိုက်

KNU ထိန်းချုပ်ထားတဲ့ ညောင်လေးပင်(ခလယ်လွီထူ)ခရိုင်၊ ဆောထိမြို့နယ်အတွင်း အရပ်သားပစ်မှတ်တွေကို စစ်ကောင်စီက ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၂ယောက်ဒဏ်ရာရကာ နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၂၀၀ ပြုလုပ်ထားပြီး လူပေါင်း ၄၄၇၀ သေဆုံးခဲ့ကြောင်း NUG ထုတ်ပြန်

မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၄၂၀၀ လုပ်ဆောင်ထားပြီး အဆိုပါ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၄ ထောင်ကျော် သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ လက်အောက်ခံ SNA တပ်နှင့် KIA ပူးပေါင်းတပ်များ ထိတွေ့မှုဖြစ်၊ ထိခိုက်သေဆုံးမှုများရှိသည့် SNA တပ်က ရွာသား ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား

ဗန်းမောက်နဲ့ ကချင်ပြည်နယ်အစပ်ရှိ ခေါင်းတုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့ ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူထံက သိရပါတယ်။
Read More

နောင်ချိုမြို့မှာ စစ်ကောင်စီက ဂျက်လေယာဥ်နဲ့ ဒီမနက်မှာ နှစ်ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်လို့ ကလေး(၂) ယောက် အပါ (၃) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နယ်အတွင်း အောက်တိုဘာလ ၁၉ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး(၂) ယောက် အပါအဝင် (၃) ယောက် သေဆုံးပြီး (၃) ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိကာ နေအိမ်(၁၇)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

“U.S.- Burma Relations Through the Lens of Resistace and Resilience” ဆွေးနွေးပွဲမှာ NUG နိုင်ငံခြားရေးဒုဝန်ကြီး ဦ်းမိုးဇော်ဦး တက်ရောက်ဆွေးနွေး

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ရှိ George Washington University ရဲ့ Elliott School of International Affairs က ကြီးမှူးပြုလုပ်တဲ့ “U.S.- Burma Relations Through the Lens of Resistace and Resilience” ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦ်းမိုးဇော်ဦးက တက်ရောက်ဆွေးနွေးခဲ့ပြီး မေးခွန်းတွေကို ပြန်လည်ဖြေကြားပေးခဲ့တယ်လို့ သိရပါတယ်။