ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ပိမ်းပိကျေးရွာမှာ ဒေသခံတွေရဲ့ တောင်ယာလုပ်ငန်းအနီး ရောက်ရှိလာတဲ့ အင်းကျား ၂ ကောင် တူမီးနဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒီဇင်ဘာ ၁၇ ရက်က တီးတိန်မြို့နယ် ပိမ်းပိကျေးရွာရှိ တောင်ယာလုပ်ငန်းအနီးကို အဆိုပါ အင်းကျား ၂ ကောင် ရောက်ရှိလာပြီး အန္တရာယ်ပြုလာမှာ စိုးရိမ်တဲ့အတွက် ဒေသခံ ၂ ယောက်က တူးမီးနဲ့ ပစ်ခတ်ရာကနေ အသေဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ 

ကမ္ဘာ့ရှားပါးစာရင်းဝင် တိရစ္ဆာန်တွေဟာ အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံအတွင်း ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်၊ ကာကွယ်နိုင်ရေး အစီအမံတွေနဲ့ တိကျတဲ့ ဥပဒေတွေမရှိတာကြောင့် အကာအကွယ်မဲ့ လာနေပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

မြိတ်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စခန်းတွေကို ၃ ရက်ဆက် လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းက မြိတ်မြို့နယ် လသာကျေးရွာ ဘုရားကုန်းဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီတပ်သားရှိရာနေရာကို ၄၀ မမ လက်နက်ကြီးနဲ့ ၂ ကြိမ်ပစ်ခတ်ပြီး တုံဗျောကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ၈၀ မမ လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး အထိနာကာ အရပ်သားနေအိမ် အလုံး ၇၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့ရာ အထိနာပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်က တောင်သာမြို့ပေါ်ရှိ အကြမ်းဖက်စစ်အုပ်စု မကျည်းပင်တဲရွာဘက်ကနေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာစဉ် မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း တပ်ခွဲ (၁) တပ်ခွဲမှူး ငတွန်ဦးဆောင်တဲ့ တပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အခြေခံစစ်ပညာသင်တန်းဆင်းရဲဘော်တွေရဲ့ တာဝန်ထမ်းဆောင်နေမှုပုံရိပ်တွေကို ကျောင်းသားလက်ရုံးတပ်တော်ထုတ်ပြန် (ရုပ်/သံ)

အခြေခံစစ်ပညာသင်တန်းဆင်းရဲဘော်တွေဟာ ကျရာတာဝန်တွေကို ထမ်းဆောင်နေကြပြီဖြစ် တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း တရုတ်ဂတ်စ်ပိုက်လိုင်းစောင့် အကြမ်းဖက်စစ်သားတွေကို အနီးကပ်ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြို့နယ်အတွင်းရှိ တရုတ်ဂတ်စ်ပိုက်လိုင်းစောင့် အကြမ်းဖက်စစ်သားတွေကို အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Taung Tha People Defense Force မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြို့သာစက်မှုဇုန်ထဲကနေ ၁၂ ဘီးကားနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြို့သာစက်မှုဇုန်ထဲကနေ ၁၂ ဘီးကားနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းက ဆီမီးခုံဆိပ်ကမ်း-မြို့သာစက်မှုဇုန်လမ်းမပေါ် တဲကြီးရွာနဲ့ ရွာသာအေးရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဂျိုးဖြူ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

COBRA ONE တပ်ဖွဲ့က ထုတ်လုပ်ထားတဲ့ တော်လှန်ရေးအစပိုင်း လက်လုပ်သေနတ်ကို စမ်းသပ်ပြသ (ရုပ်/သံ)

တော်လှန်ရေးအစပိုင်းမှာ ထုတ်လုပ်အသုံးပြုခဲ့တဲ့ လက်လုပ်သေနတ်ကို COBRA ONE တပ်ဖွဲ့က စမ်းသပ်ပြသလိုက်ပါတယ်။