အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ခင်ဦးမြို့နယ်က ဗျူဟာလမ်းပိုင်းကို လေကြောင်းတိုက်ခိုက်မှု များစွာပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

ဒီဇင်ဘာ ၁၈ ရက် မနေ့ နေ့လယ် ၃ နာရီခွဲလောက်မှာ ရွှေဘို-မြစ်ကြီးနားအထိ ဖောက်လုပ်ထားတဲ့ ဗျူဟာလမ်းပိုင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၄ စီး၊ ဂျိုင်ရိုကော်မတာ ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ယောက် မီးလောင်သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

မီးလောင်သေဆုံးခဲ့သူဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း မသိရသေးသလို လေကြောင်းပစ်ခတ်မှုကြောင့် ဆီပေပါတွေ သယ်ဆောင်လာတဲ့ ၁၂ ဘီးကား မီးလောင်ပျက်စီးပြီး ဆိုင်ကယ်နဲ့ ဆီဘောက်ဆာကားတွေလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“အရပ်သားပြည်သူတွေကို စစ်မြေပြင်မှာ တိုက်သလိုမျိုး သဲသဲမဲမဲ ဗုံးသီးတွေချတယ်။ ရော့ကတ်တွေပစ်တယ်။ ဖိုက်တာပေါ်ကနေ စက်သေနတ်တွေ ပစ်တယ်။ တစ်စီး တစ်စီး လာပြီး ၃/၄ ပတ် ပတ်ပြီးတော့ ချသွားတယ်။ ၁၂ ဘီးကားပေါ်မှာ တင်ထားတဲ့ ဆီပေပါတွေဆိုရင် ၂ ထပ်ပေါ့နော်။ ၂ ထပ် ဆီပေပါတွေရော.. ဆီပေပါ ရာချီ မီးလောင်ဆုံးရှုံးသွားတယ်။ မီးလောင်သေဆုံးနေတဲ့ Dead Body ကိုတောင်မှ မိန်းကလေးလား၊ ယောက်ျားလေးလား၊ လူကြီးလား၊ လူလတ်ပိုင်းလားဆိုတာ ခွဲခြားလို့မရတဲ့ အခြေအနေမျိုးတစ်ခုကို ကျနော်တို့ မြင်ခဲ့ရပါတယ်။ လုံးဝကို လောင်ကျွမ်းသွားတာဖြစ်တဲ့အတွက် ခန့်မှန်းရခက်တယ်” လို့ ခင်ဦး ပအဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုပြီးတဲ့နောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အဆိုပါနေရာမှာရှိတဲ့ ကျန်တဲ့ကားတွေကို နေရာပြောင်းရွှေ့တာမျိုး ချက်ချင်းလုပ်ဆောင်ခဲ့ရတယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ခင်ဦး-ကန့်ဘလူနယ်စပ်ဖြစ်တဲ့ ကျီကျင်းမှာ ဂိတ်ချထားတာကြောင့် ခင်ဦးဘက်ကနေ ကန့်ဘလူဘက် တက်မယ့်ကားတွေ ပိတ်ဆို့နေတာြဖစ်ကာ ဒေသခံတွေ ဗျူဟာလမ်းပိုင်းတစ်ခုကိုသာ အသုံးပြုနေရတဲ့အတွက် ယာဥ်ကြောပိတ်ဆို့နေချိန် စစ်တပ်က အခုလို လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ကန့်ဘလူဘက်မှာ ခွေးတွေက လမ်းကိုပိတ်ချထားတာ ၂ ပတ်လောက် ရှိသွားပါပြီ။ ပိတ်ချထားတဲ့အတွက် ကျနော်တို့ ခင်ဦးဘက်ကနေပြီးတော့ မြောက်ဘက်ကို တက်မရတော့ဘူး။ ကန့်ဘလူဘက်ကို တက်မရဘူး။ ဒါကြောင့်မို့ အခု ဗျူဟာလမ်းကြီးတစ်လျှောက်လုံးမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေတာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတာပဲ” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

အကြမ်းဖက်စစ်တပ်က သူတို့ပိတ်ထားတဲ့ ကန့်ဘလူလမ်းပိုင်းကို ဒီနေ့အထိ ပြန်လည်ဖွင့်ပေးခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ဒီဇင်ဘာ ၁၇ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်က ခင်ဦးမြို့နယ် အရှေ့ခြမ်း စစ်ရှောင်တွေ နေထိုင်တဲ့နေရာကို လေကြောင်းတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သရက်ချောင်းတွင် ဆန္ဒပြပြည်သူ ၄ ဦး ကျဆုံးခဲ့မှု ၄ နှစ်ပြည့်အဖြစ် ဆန္ဒပြ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ ထားဝယ်လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး အာဇာနည် ၄ ယောက် ကျဆုံးခဲ့ရမှု ၄ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့ ညနေပိုင်းမှာ "လမ်းမထက်က သွေးတွေမခြောက်သရွေ့ လူထုတရပ်လုံး သွေးဆူကြဟေ့" ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဂန့်ဂေါမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးပေးခန်းအတွင်းရှိ ဆရာဝန်မိသားစုနဲ့ ကလေးငယ်များ အပါအဝင် ၁၁ ဦး သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း နှမ်းခါးကျေးရွာအတွင်းရှိ ဆေးပေးခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဆေးပေးခန်းအတွင်းရှိ ဆရာဝန်မိသားစုအပါအဝင် ၁၁ ယောက် သေဆုံးခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

အပစ်ရပ်ကြောင်း ဟန်ပြကြေညာပြီးနောက် စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ၆၀ ကျော် ပြုလုပ်ခဲ့၊ အရပ်သားပြည်သူ ၆၈ ယောက် သေဆုံး…

အကြမ်းဖက်စစ်ကောင်စီက အပစ်ရပ်ကြောင်း ဟန်ပြကြေညာပြီးနောက် နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီး အပါအဝင် ပစ်ခတ်တိုက်ခိုက်မှုစုစုပေါင်း ၆၃ ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ၆၈ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

MDY-PDF ထိန်းချုပ်ထားတဲ့ မတ္တရာမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၇ယောက်သေ၊ စစ်သုံ့ပန်း ၁ယောက်နဲ့ လက်နက်ခဲယမ်းတွေ ရရှိ

မန္တလေး PDF ထိန်းချုပ်ထားတဲ့ မတ္တရာဒေသထဲက မြို့ကုန်းကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာလို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးကာ စစ်သုံ့ပန်း  ၁ယောက်နဲ့အတူ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်း ရရှိခဲ့ကြောင်း MDY-PDF က ထုတ်ပြန်ပါတယ်။
Read More

ဘီးလင်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ဒေသခံ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

“သူတို့တကယ်တော့အလူးကြီးဘက်ကိုထောင်ပြီးပစ်တာ ပစ်တဲ့အခါ ပြောင်းကချော်ပြီးပြန်လှည့် တော့ လက်နက်ကြီးက အနောက်ဘက်ကိုပြန်ကျတယ် အလူးကြီးရွာကတော့အကုန်ရှောင်ပြီ၊ အလူးလေးရွာကတော့မရှောင်သေးဘူး ဒဏ်ရာရတဲ့ထဲမှာ ကလေးတစ်ယောက်ကတော့ စိုးရိမ်ရတယ်” လို့ ဘီးလင်းနယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။
Read More

Cobra Column (2) Venom စစ်ကြောင်း စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်အခြေစိုက် Cobra Column (2) Venom စစ်ကြောင်းရဲ့ စစ်သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၁၅ရက်နေ့မှာ ပြုလုပ်ခဲ့ကြောင်း အဆိုပါစစ်ကြောင်းက ထုတ်ပြန်ပါတယ်။