ဒီနေ့ကနေ လာမယ်နှစ် ဇန်နဝါရီ ၅ရက်နေ့အတွင်း အရေးကြီးကာလအဖြစ် သတ်မှတ်လိုက်ပြီး လူစုလူဝေးနဲ့ ဝတ်ပြုဆုတောင်းတာ၊ နေထိုင်သွားလာတာနဲ့ ပျော်ပွဲရွှင်ပွဲတွေ လုပ်တာကို တားမြစ်လိုက်တာ ဖြစ်ပါတယ်။

“ရန်သူကလည်း သူ့အလုပ်သူ လုပ်နေသည်။ မိမိတို့သည်လည်း သတိကြီးစွာ နေထိုင်သွားလာရမည်။ မိမိအလုပ် မိမိတို့ လုပ်ကြရမည်။ (မူဆို မီးရှို့သတ်ဖြတ်မှုကြီး) ကဲ့သို့ မဖြစ်စေရန်အတွက် သတိပေးပါသည်” လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရန်သူစစ်တပ်ဟာ တော်လှန်ရေးတပ်သားတွေရဲ့ အားနည်းချက်ကို ရယူကာ ၁၉၈၅ ခုနှစ်ကနေ ဒီနေ့အထိ ခရစ္စမတ်နဲ့ နှစ်သစ်ကူးအချိန်မှာ သတ်ဖြတ်တာ၊ ရာဇဝတ်မှုနဲ့ ယုတ်မာမှု ကျူးလွန်တာတွေကို တွေ့ကြုံခံစားနေရတယ်လို့ ဆိုပါတယ်။

“ကရင်နီပြည်သူလူထုက ဒီတခါနဲ့ဆိုရင် မိအေး လေးခါနာသွားပြီ။ အဆုံးစွန်ရောက်သွားပြီ။ ဆင်လိုက်ရှာတယ်။ အကောင်တွေ့ပြီပဲ၊ ဆင်ကောင်မမြင် မတွေ့ချင်ယောင်ဆောင်ပြီး ဆင်ခြေရာလိုက်ရှာကြဦးမလား”လို့ ဆိုထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးသက်တမ်း နှစ် ၅၀ကျော်အတွင်း နိုင်ငံရေးလိမ်လည်မှုတွေ ကြုံတွေ့ခဲ့ရပြီး ၁၉၇၄၊ ၁၉၉၀နဲ့ ၂၀၁၀ တွေမှာ အာဏာရှင်အဆက်ဆက်က လိမ်လည်မှု လုပ်ခဲ့သလို လာမယ့် ၂၀၂၅ ဒီဇင်ဘာ ၂၈  ရက်နေ့မှာလည်း နိုင်ငံရေးလိမ်လည်မှုတွေ ဆက်ဖြစ်လာဦးမယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့နှစ် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့တုန်းက ခရစ္စမတ်အကြိုကာလမှာ အကြမ်းဖက်စစ်တပ်က ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မူဆိုကျေးရွာကိုအနီး စစ်ကြောင်းထိုးလာပြီး ဒေသခံ အယောက် ၄၀ ခန့်ကို မီးရှို့သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချို စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးအနီးကို စစ်တပ် လေယာဉ်ဗုံးကြဲ၊ ပြည်သူ ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ် စည်ပင်ရုံးနဲ့ အထွေထွေအုပ်ချုပ်ရေးရုံးအနီးကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲရာ ပြည်သူ ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမြို့နယ်မှာ စစ်အုပ်စုက Gyrocopter နဲ့ တိုက်ခိုက်ခဲ့လို့ အသက်မပြည့်သေးတဲ့ ကလေး ၂ ဦးအပါ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်ထဲကို စစ်ကော်မရှင်တပ်က Gyrocopter နဲ့ လေကြာင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် အသက်မပြည့်သေးတဲ့ကလေး ၂ ဦးအပါ အရပ်သားပြည်သူ ၃ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ နိုဝင်ဘာ ၂၂ ရက် ဒီနေ့မနက် ၁၁ နာရီကျော်လောက်မှာ စစ်ကော်မရှင်တပ်က ထိတွေ့တိုက်ပွဲမရှိပဲ ရတုံရွာနဲ့ ဘူးတောင်းကန်ရွာကြားကနေရာတွေကို Gyrocopter နဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ အသက် (၅) နှစ်အရွယ်ကလေးတစ်ယောက်၊ အသက် (၈) နှစ်အရွယ် ကလေးတစ်ယောက် နဲ့ အသက် (၃၀) အရွယ် အမျိုးသားတစ်ယောက် ထိမှန်သေဆုံးသွားတယ်လို့ သိရတာပါ။
Read More

ညောင်ဦးတွင် ရွာစဥ်လှည့်မီးရှို့သည့် စစ်ကြောင်းနှင့် PDF များတိုက်ပွဲဖြစ်ပွား၊ စစ်အုပ်စုဘက် ၇ ဦး သေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ရွာစဥ်ပတ် မီးရှို့နေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၇ ယောက်သေဆုံး ခဲ့တယ်လို့ Black Eagle PDF (Bagan) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကရင်နီနဲ့ ရှမ်းတောင်ဒေသမှာ စစ်ကောင်စီကြောင့် အရပ်သားပြည်သူ ၇၀၀ နီးပါး သေဆုံးခဲ့ရ

ကရင်နီနဲ့ ရှမ်းတောင်ဒေသမှာ စစ်အာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်အတွင်း အရပ်သားပြည်သူ ၆၈၀ ကျော် သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ပါတယ်။
Read More

မြောင်က ကျေးရွာတချို့ကို CDSOM အဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ကျေးရွာတချို့ကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) တပ်ဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
Read More

စစ်ကိုနိုင်အောင်တိုက်ပြီး လူထုလှုပ်ရှားမှုနဲ့ တော်လှန်ရေးကို အရှိန်မြှင့်မယ်

စစ်ကို နိုင်အောင်တိုက်ပြီး တော်လှန်ရေးအတွက် လူထုလှုပ်ရှားမှု အရှိန်ကိုမြှင့်တင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးတစ်ဦး ဖြစ်သူ ဦးလွင်ကိုလတ်ကပြောပါတယ်။