စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တမာတောရွာက တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံအဆောက်အအုံတွေ ပျက်စီးပြီး ဒေသခံ ၁ ယောက်လည်း ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ရေဦးမြို့နယ် ပကဖ (လက်ရုံးတပ်) ရဲ့ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၁၇ ရက် ည ၁၀ နာရီကျော်လောက်မှာ တံတားဦး လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ တစ်စီးဟာ တမာတော တိုက်နယ်ဆေးရုံထဲကို ပေါင် ၅၀၀ ဗုံး ၁ လုံး ကြဲချခဲ့တဲ့အတွက် လူနာဆောင်၊ ဓာတ်ခွဲခန်း၊ ဆရာ/ ဆရာမ နားနေဆောင်တွေ ထိမှန်ပျက်စီးသွားပြီး ပြည်သူ ၁ ယောက် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဆေးရုံမှာ နေ့လယ်ပိုင်းတွေဆို အရေးပေါ်လူနာ ကုသပေးတာမျိုးရှိပြီး ညဘက်မှာတော့ ဆေးကုသမှုခံယူနေတဲ့ ပြည်သူတချို့သာ ရှိတယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်တဲ့နေ့က သတင်းကြိုရတာကြောင့် ဒေသခံတွေနဲ့ ဆရာ/ဆရာမတွေ အထိအခိုက်မရှိ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

“လေကြောင်း သတင်းဦးခဲ့တယ်လို့ ပြောလို့ရတယ်။ ညအိပ်ညနေ ဆေးကုသနေတဲ့ လူနာတချို့ရော၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေရော၊ အထိအခိုက်မရှိ လွတ်မြောက်ခဲ့ကြတယ်။ တစ်ဦးတည်းပဲ အစမှန် ရှပ်ထိသွားတဲ့သဘောပါပဲ။ မစိုးရိမ်ရဘူး” လို့ ရေဦးမြို့နယ် ပကဖ (လက်ရုံးတပ်) သတင်းတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က မောင်းကို ပြောပါတယ်။

စစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ တိုက်နယ်ဆေးရုံဟာ ရေဦးမြို့နယ်အပါအဝင် တခြားမြို့နယ်တွေက ပြည်သူတွေပါ လာရောက်ဆေးကုသမှုခံယူနေတဲ့ ဆေးရုံတစ်ခုဖြစ်ပြီး ပြည်သူများစွာ အားကိုးအားထားရတဲ့ ဆေးရုံတစ်ခုလည်း ဖြစ်ပါတယ်။

“လက်ရှိ တမာတောရွာ ဆေးရုံဘေးမှာရှိတဲ့ ပြည်သူတချို့ကတော့ လေကြောင်းရန် စိုးရိမ်နေရတဲ့ အခြေအနေမှာ ရှိတယ်။ မနေ့က ညပိုင်းကတော့ ဆေးရုံဘေးမှာနေတဲ့ ပြည်သူတွေ အရေးပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်။ ရွာလုံးကျွတ် ထွက်ပြေးရတာမျိုး မရှိပါဘူး။ တရားမဝင် ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ စစ်ကော်မရှင်က ပြည်သူတွေကို အကြောက်တရား သွင်းပြီး ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲသတ်ဖြတ်နေတာလို့ ပြောလို့ရတယ်” လို့ ထူးခန့်ဇော် (အမေ့သား) က ဆိုပါတယ်။

ဒီဇင်ဘာ ၁၆ ရက်နေ့တုန်းကလည်း အကြမ်းဖက်စစ်တပ်က ရေဦးအနောက်ခြမ်းချုပ်စပ်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တံတားဦး လေဆိပ်တက် ဂျက်ဖိုက်တာ ၂စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် လုပ်ဆောင်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ပြည်သူ့တွေ့ဆုံပွဲတွေ ပြုလုပ်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ ပြည်သူ့ဆက်ဆံရေးနှင့် စည်းရုံးရေးဌာနက ပြုလုပ်ခဲ့တဲ့ ပြည်သူနဲ့ တွေ့ဆုံပွဲ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က အောက်တိုဘာလ ၂၂ ရက် ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ညောင်ရွှေမှာ စစ်တပ်နဲ့ PNA ပြည်သူ့စစ် လက်နက်ကြီး ပစ်ခတ်လို့ နေအိမ်တွေ ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ညောင်လေးပင်ရွာကို အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA အဖွဲ့က လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ငါန်းဇွန်မှာ တိုက်ပွဲမရှိတဲ့ မြေတိုင်းရွာကို စစ်တပ်က ဗုံးသီး ၄၀ ကျော် ကြဲချတိုက်ခိုက်လို့ ၆နှစ်အရွယ် မိန်းကလေးငယ် သေဆုံး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှုကြောင့် ၆ နှစ်အရွယ် မိန်းကလေးငယ် ၁ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃ ယောက်ရှိတယ်လို့ Special Task Force Ngazun အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အမျိုးသားအားကစားပွဲတော်ဟာ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှု နိမိတ်ပုံရိပ်ကို ပြသတယ်လို့ စစ်ခေါင်းဆောင် ညွှန်းဆို

တိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန်မှာ အမျိုးသားအားကစားပွဲတော် ပြုလုပ်ပြီး နိုင်ငံဟာ တည်ငြိမ်အေးချမ်းမှုရဲ့ နိမိတ်ရှိနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

မန္တလေးမြို့ကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၇ အဆင့် အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်ခဲ့

စစ်ကိုင်းငလျင်ကြီး ၄ လပြည့်ချိန်မှာ မန္တလေးမြို့ကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၇ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ရှားသွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ဖြူးမြို့နယ်အတွင်း ပကဖနဲ့ ပအဖ တွေက ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့ကူညီမှုတွေ ပြုလုပ် (ဓာတ်ပုံသတင်း)

ဖြူးမြို့နယ်အတွင်း စစ်တောင်းမြစ်ကမ်းဘေးက ရေဘေးသင့်ရွာတွေကို ဖြူးမြို့နယ် ပကဖ ၊ ပအဖ နဲ့ လူသားစာနာအဖွဲ့တွေက အလှူရှင်တွေကိုယ်စား သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။