မကွေးတိုင်း၊ မကွေးခရိုင်အတွင်းက မြို့သစ်နဲ့ နတ်မောက်မြို့နယ်တို့မှာ ကင်းပုန်းဝပ် စစ်သားတွေနဲ့ ထောက်ပို့ စစ်ကားတန်း တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၇ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ အဖွဲ့တွေက အသီးသီး ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက မကွေးမြို့ဘက်ကနေ နေပြည်တော်ဘက်ဆီ မောင်းနှင်လာတဲ့ စစ်ထောက်ပို့ကား ၆ စီးတန်းကို နေပြည်တော်-မကွေးလမ်း မိုင်တိုင် ၂၂ အနီးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကားတွေ မကွေး -နေပြည်တော် နယ်ခြားမှတ်တိုင်နားအရောက် အသင့်ပြင်ထားတဲ့ မိုင်းကွင်း၊ ဆွဲမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း ကား ၂ စီး ထိမှန်ကာ ၁ စီး ပျက်စီးသွားပြီး အကြမ်းဖက်စစ်သား ၂ ယောက်လည်း နေရာတင်သေဆုံးခဲ့ကြောင်းနဲ့ ထိခိုက်ဒဏ်ရာပြင်းထန်သူ ၁ ယောက် ရှိခဲ့ကြောင်း မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

“အပြန်အလှန်ပစ်ခတ်မှု မဖြစ်ပါဘူး။ ကျနော်တို့က ပြောက်ကျားမိုင်းဆွဲတိုက်ခိုက်တာပါပဲ။ သူတို့ဘက်က ကောင်တာ မပြန်နိုင်ခင်ဘဲ ကျနော်တို့ပစ်ခဲ့တာ။ ရဲဘော်တွေ ဘေးကင်းဖို့အတွက်ပါ” လို့ မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အလားတူ အဲဒီနေ့ ညနေပိုင်းမှာပဲ နတ်မောက်မြို့တောင်ဘက် မြို့အဝင်ဂိတ်နဲ့ (၃) ဖာလုံခန့်အကွာ၊ နတ်မောက်- စိုင်ကောင်းလမ်းပိုင်းမှာ ကင်ပုန်းဝပ်ပြီးပြန်တဲ့ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးအဖွဲ့က လိုက်လံတိုက်ခိုက်ခဲ့ပါသေးတယ်။

ဒီတိုက်ခိုက်မှုကို ငါးပြေမပြောက်ကျားတပ်ဖွဲ့က သူတို့ရဲ့ “ငါးကလေးများ နတ်မောက်မြေမှာ ကူးခတ်မယ်” ကမ်ပိန်းအကြိုအနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ပြောကြားထားပြီး သူတို့ လိုက်လံတိုက်ခိုက်နေချိန် နတ်မောက်မြို့ထဲကနေ အကြမ်းဖက် စစ်ကူတွေရောက်ရှိလာတဲ့အတွက် အချိန် ၁ နာရီခွဲကြာ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေထဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က အထိအခိုက်မရှိခဲ့ပေမယ့် အကြမ်းဖက်စစ်သား ၅ယောက်ကတော့ ပစ်ခတ်မှုအတွင်း လဲကျသေဆုံးတာကို မျက်မြင်အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။

“စခ ၁၇ ကောင်လောက်က ကင်းပုန်းလာဝပ်တယ်လို့ သတင်းရလို့ သွားပစ်တာပါ။ ဒါပေမယ့် အဲ့နေရာကိုရောက်တော့ သူတို့က မရှိတော့ဘူး။ ကျနော်တို့က နောက်ကလိုက်တော့ မှီတယ်။ လက်ဦးမှုရလိုက်တော့ ၅ ကောင်ကျတာကို မျက်မြင်တွေ့ရတယ်။ ထပ်ပြီး လိုက်ဖို့လုပ်တော့ မြို့တွင်းကနေ စစ်ကူလာတာရော ကင်းပုန်းတွေပါ ထပ်ပေါင်းလာပြီး သူတို့စုမိသွားတယ်။ အဲ့မှာ ၁ နာရီကျော်လောက် တိုက်ပွဲက ဆက်ဖြစ်ခဲ့တာပါ။ သူတို့ဘက်က ဆက်ပြီးထိခိုက်တာတွေရှိပေမယ့် အတည်မပြုနိုင်ဘူး။ ကျနော်တို့ကတော့ အထိအခိုက်မရှိ ပြန်ဆုတ်ခဲ့ပါတယ်။”လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ငါးပြေမပြောက်ကျားတပ်ဖွဲ့ အနေနဲ့ လက်ရှိမှာ လက်နက်ခဲယမ်း ဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် “ငါးကလေးများ နတ်မောက်မြေမှာ ကူးခတ်မယ်” ကမ်ပိန်းကို လုပ်ဆောင်ဖို့ရှိနေပြီး ပြည်သူတွေ ကူညီပါဝင်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ရေးအတွက် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် အခွင့်အရေးကို ကိုင်စွဲထားပြီး တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိကြောင်း တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုတွေ ခံနေရတဲ့ TNLA ထုတ်ပြန်

တရုတ်နိုင်ငံအစိုးရရဲ့ နယ်စပ်တည်ငြိမ်ရေးနဲ့ တိုက်ပွဲရပ်စဲရေး ကြိုးပမ်းမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ရော စစ်ဘေးဒဏ် ဆိုးရွားစွာခံစားနေရတဲ့ ပြည်သူတွေ အကျိုးကို ငဲ့ညှာထောက်ထားပြီးတော့ပါ နှစ်ဖက်စစ်ရေး ပဋိပက္ခတွေ အဆုံးသတ်အောင် တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီမှာ တော်လှန်ရေးစိုးမိုးနယ်မြေ ကျယ်ပြန့်သွားစေတဲ့ ၁၁၁၁ စစ်ဆင်ရေး တစ်နှစ်ပြည့်ခဲ့ပြီ

၁ လေးလုံး စစ်ဆင်ရေးကို ကရင်နီတပ်ပေါင်းစုတွေက ကယားပြည်နယ် (ကရင်နီ)ရဲ့ မြို့တော် လွိုင်ကော်မြို့ဆီ ဦးတည်တိုက်ခိုက်ခဲ့တာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ၁ နှစ်တိတိပြည့်ခဲ့ပါပြီ။
Read More

စလင်းမြို့နယ်အတွင်းရှိ ခရီးသွားပြည်သူများ အာဇာနည်နေ့ကို မမေ့လျော့စေရန် စလင်း(ပကဖ) ရဲဘော်များ နှင်းဆီပန်းများ ကမ်းဝေကာ နှိုးဆော် (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ ခရီးသွားပြည်သူတွေကို ဇူလိုင်လ ၁၉ ရက် မနက်ဖြန်မှာ ကျရောက်မယ့် (၇၈) ကြိမ်မြောက် "အာဇာနည်နေ့" ကို မမေ့‌လျော့နေစေဖို့ စလင်း(ပကဖ) ရဲဘော်တွေ နှင်းဆီပန်းများ ကမ်းပေးကာ သတိပေးနှိုးဆော်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းမှ စစ်သား ၄ ဦး အလင်းဝင်နိုင်ရန် Yenanthar Column သွားရောက်ခေါ်ထုတ်ပေးခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ကြောင်းကနေ စစ်မှုထမ်းတပ်သား ၄ ယောက် လက်နက်နဲ့ ထွက်ပြေးအလင်းဝင်ရောက်လာပြီး အကြမ်းဖက်စစ်တပ်ကို ပြန်တိုက်သွားဖို့ရှိကြောင်း မကွေးတိုင်း ပကဖရွေ့လျားစစ်ကြောင်း Yenanthar Column တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (၁၀၀၁) တပ်ရင်း တည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရှမ်းတောင်-ကယား(ကရင်နီ)တိုင်းစစ်ဒေသ ဗျူဟာအမှတ်(၁၄) ကွပ်ကဲရေးအောက်ရှိ အမှတ်(၁၀၀၁) တပ်ရင်း၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ကို ဖွဲ့စည်းတည်ထောင်ခဲ့တာ ၄ နှစ်ပြည့်ပြီ ဖြစ်တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရေဖြူမြို့နယ်၊ ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က ၆ ဦးထက်မနည်း သေဆုံးပြီး ၁၃ ဦးထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအုပ်စု၊ ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၆ ယောက်ထက်မနည်း သေဆုံးပြီး ၁၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေါနတပ်ရင်းလက်အောက်ရှိ Laungline Peninsula Force (LPF) က ဒီနေ့ ထုတ်ပြန်ပါတယ်။