အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းမှုနောက်ပိုင်း ၅နှစ်နီးပါး အချိန်ကာလအတွင်း စစ်တိုင်းမှူး အပြောင်းအလဲ အကြိမ် ၅၀ ရှိခဲ့တယ်လို့ ISP-Myanmar က ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကနေ လက်ရှိ ၂၀၂၅ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ကာလမှာ စစ်တပ်ရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေကို ကွပ်ကဲနေရတဲ့ တိုင်းစစ်ဌာနချုပ် ၁၄ ခုရဲ့ စစ်တိုင်းမှူးတွေကို မင်းအောင်လှိုင်က ကြိမ်ဖန်များစွာ အပြောင်းအလဲလုပ်ခဲ့တာဖြစ်ပါတယ်။ 

အဲ့လို နေရာပြောင်းရွှေ့တဲ့အထဲမှာ ဗိုလ်ချုပ် အယောက် ၄၀ နဲ့ ဗိုလ်မှူးချုပ် ၆ယောက်၊ စုစုပေါင်း ၄၆ ယောက် ပါဝင်ပြီး တချို့ကို တစ်ကြိမ်မက ပြောင်းရွှေ့ခဲ့တယ်လို့ ဆိုပါတယ်။ အာဏာသိမ်းကာလ မတိုင်ခင်က စစ်တိုင်းမှူးတစ်ယောက်ရဲ့ တာဝန်သက်တမ်းဟာ ၂နှစ်ကျော် ၃နှစ်ဝန်းကျင် ရှိတတ်ပေမယ့် လက်ရှိအချိန်မှာ တာဝန်သက်တမ်း ၁နှစ်မပြည့်တဲ့ စစ်တိုင်းမှူး ၂၃ ယောက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ရေးရှုံးနိမ့်မှုကြောင်း တိုင်းမှူး ပြောင်းလဲတာတွေ၊ စစ်ရေးလှုပ်ရှားမှုနည်းတဲ့ ဌာနချုပ်တွေမှာ အပြောင်းအလဲလုပ်တာတွေ ရှိခဲ့ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှာ ပြောင်းလဲမှုအများဆုံး လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြောင်းလဲမှုထဲမှာ အရှေ့ပိုင်းတိုင်း၊ နေပြည်တော်နဲ့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့က ဒုတိယနဲ့ တတိယလိုက်ပြီး ရခိုင်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုတော့ တစ်ကြိမ်သာ အပြောင်းအလဲလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်တိုင်းမှူး အပြောင်းအလဲတွေဟာ စစ်ရေးဗျူဟာ ဖော်ဆောင်မှုကို အပြောင်းအလဲဖြစ်စေပေမယ့် စစ်ရေးလှုပ်ရှားမှုနည်းတဲ့ တိုင်းစစ်ဌာနချုပ်တွေက စစ်တိုင်းမှူးတွေကိုပါ ပြောင်းလဲနေတာကြောင့် စစ်ဆင်ရေးရှုထောင့် တစ်ခုတည်းအရ လုပ်ဆောင်နေတာမျိုးမဟုတ်ဘဲ မင်းအောင်လှိုင်ရဲ့ အာဏာတည်မြဲမှုနဲ့လည်း သက်ဆိုင်နိုင်ကြောင်း သုံးသပ်ထားပါတယ်။

စစ်တိုင်းမှူးတွေဟာ တာဝန်ထမ်းဆောင်တဲ့ ကာလ လျော့နည်းတာနဲ့အမျှ အောက်ခြေ တပ်ရင်း၊ တပ်မတွေနဲ့ ထိတွေ့ပြီး ပုဂ္ဂိုလ်ရေး အာဏာနဲ့ သြဇာတည်ဆောက်ဖို့ အချိန်လျော့နည်းမှာ ဖြစ်တာကြောင့် ဒီလိုပြောင်းလဲမှုတွေဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သူ့ရဲ့ ပုဂ္ဂိုလ်ရေးအာဏာ တည်ဆောက်မှုနဲ့ ဆက်စပ်နိုင်တယ်လို့ ISP-Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ရသေ့တောင်မြို့နယ်တွင် ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်လှေ ၅ စီးကို AA ဖမ်းဆီး၊ လှေ ၁ စီးမှ အကြမ်းဖက်သမားများ AA အရာရှိ ၁ ဦးနှင့် တပ်ဖွဲ့ဝင် ၁ ဦးကို သတ်ပြီး ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲ ထွက်ပြေး

ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်မှာ ငါးခိုးဖမ်းတဲ့ လှေ ၅ စီးကို ဖမ်းဆီးရမိရာ လှေ ၁ စီးက အကြမ်းဖက်သမားတွေဟာ အရာရှိ ၁ ယောက်နဲ့ တပ်ဖွဲ့ဝင် ၁ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။
Read More

ဘောလခဲမှာ ကျဆုံးခဲ့တဲ့ KNDF ဒရုန်းတပ်သားရဲ့ စျာပနအခမ်းအနား

ကရင်နီပြည်၊ ဘောလခဲမြို့နယ် စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ဒရုန်းတပ်သားရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၁၅) က ထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ၂ နှစ်အရွယ် ကလေးငယ် သေဆုံး၊ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ၂ နှစ်အရွယ် ကလေးငယ် တစ်ယောက် သေဆံဒးခဲ့ပြီး ပြည်သူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

KNDF အမှတ်(၅) တပ်ရင်း တာဝန်ယူထားသည့် ရှေ့တန်းနယ်မြေမှာ စစ်ကောင်စီတပ်သား ၄ ဦး သေနတ် ၁ လက်နှင့် အလင်းဝင်လာ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊အမှတ် (၆) ဗျူဟာ နယ်မြေအတွင်းရှိ တပ်ရင်းအမှတ် (၅) တာဝန်ယူထားတဲ့ ရှေ့တန်းနယ်မြေမှာ စစ်ကောင်စီတပ်သား ၄ ယောက် သေနတ် ၁ လက်နဲ့ အလင်းဝင်လာတယ်လို့ KMDF တပ်ရင်း (၅) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင် တရုတ်က ပြန်ရောက်ပြီး ရက်ပိုင်းအတွင်း နောင်ချိုနဲ့ မိုးကုတ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ အယောက် (၂၀) သေဆုံးပြီး (၂၄) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ အယောက် (၂၀) သေဆုံးပြီး (၂၄) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

တန့်ဆည်က စစ်ကောင်စီတပ်သား ၂ဦး ဗျူဟာ-၅၂ ၊ ပေါ်ဦးစစ်ကြောင်းသို့ လက်နက်ခဲယမ်း ကိုယ်စီနှင့် ခိုလှုံ

စစ်ကိုင်းတိုင်း၊ တန်ဆည်မြို့အခြေစိုက် ခမရ ၃၆၁ တပ်တွင်းက စစ်ကောင်စီတပ်သား ၂ယောက် လက်နက်ခဲယမ်းကိုယ်စီနဲ့ အလင်းဝင်ရောက်လာကြောင်း ဗျူဟာ-၅၂၊ ပေါ်ဦးစစ်ကြောင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။