အကြမ်းဖက်စစ်တပ်ဟာ အတုအယောင်ရွေးကောက်ပွဲအကြို မြေပြန့်ဒေသ နယ်မြေစိုးမိုးရေးအဖြစ် အင်ပြည့်အားပြည့်နဲ့ စစ်ကြောင်းထိုးရာမှာ စစ်မှုထမ်းအင်အားတွေကို အဓိက အသုံးချလာကြောင်း၊ သင်တန်းကာလနဲ့ သင်တန်းကျောင်းတွေကိုလည်း အရင်ထက်ပိုပြီး တိုးချဲ့ဖွင့်လှစ်လာကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ  ကိုနောင်ရိုးက မောင်းကို ပြောပါတယ်။

ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၅ နှစ်လယ်ပိုင်းကာလတွေမှာ အကြမ်းဖက်စစ်အုပ်စုက သူတို့ရဲ့ စစ်အင်အားချိ့နဲ့မှုကို ကုစားဖို့ နိုင်ငံတဝှမ်း နည်းလမ်းမျိုးစုံနဲ့ စစ်မှုထမ်းအင်အားတွေကို ဖြည့်တင်းခဲ့ပြီး ရရှိလာတဲ့ ပစ (စစ်မှုထမ်း) အင်အားတွေကို သုံးကာ သူတို့အရေးနိမ့်နေတဲ့ ရှမ်းမြောက်အပါအဝင် ရခိုင်၊ ချင်း၊ ကချင်၊ ကရင်နီနဲ့ စစ်ကိုင်းစစ်မျက်နှာတွေမှာ အင်အားဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုအနေနဲ့ ရက်တိုသင်တန်းတွေပေးပြီး စေလွှတ်ထားတဲ့ ပြည်သူ့စစ် ခေါ် စစ်မှုထမ်းအင်အားတွေကို ရှေ့တန်းစစ်မြေပြင်အတွင်း တော်လှန်ရေးတပ်တွေနဲ့ တိုက်ခိုက်ရာမှာ လူသားဒိုင်းပုံစံ အသုံးချခဲ့ပြီး ပြည်သူကို ပြည်သူနဲ့ ပြန်တိုက်တဲ့ ချွေစစ်ပုံစံမျိုးတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ၂၀၂၅ နှစ်ကုန်ပိုင်းကာလတွေမှာတော့ အဲ့ဒီ စစ်မှုထမ်းအင်အားတွေနဲ့ပဲ စစ်ရေးအရအသာစီးရယူနိုင်တဲ့အထိ စစ်အုပ်စုက အမြတ်ထုတ်နိုင်ခဲ့ပြီး ခုခံစစ်ကနေ ထိုးစစ်၊ နယ်မြေရှင်းလင်းရေးတွေအထိပါ အင်ပြည့်အားပြည့် လုပ်ဆောင်လာနေပြီဖြစ်တယ်လို့ ကိုနောင်ရိုးက ပြောပါတယ်။

“ပစတွေကို ခြေလျင်တိုက်ခိုက်ရေးကို ပို့ပြီး ရှေ့တန်းမှာအသုံးချတယ်။ ၂၀၂၄နှစ်ကုန်ပိုင်းကနေ ၂၀၂၅ ခုနှစ်အထိတော့ ပစတွေကို ရှေ့တန်းမှာ လူသားဒိုင်း လူသားလှိုင်းပုံစံနဲ့ အသုံးပြုခံရတယ်။ ပြည်သူကို ပြည်သူနဲ့ပြန်တိုက်တဲ့ ချွေစစ်ပုံစံမျိုးမှာ အသုံးချခံခဲ့ကြရတယ်။ အခုကျ တန်ပြန်ထိုးစစ်တွေအပြင် ရွေးကောက်ပွဲကာလ နယ်မြေစိုးမိုးရေး၊ ရှင်းလင်းရေးတွေမှာ အင်ပြည့်အားပြည့်နဲ့ အသုံးချခံလာရတယ် ” လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက မောင်းကိုပြောပါတယ်။

“အရင်ကဆို မြေပြန့်ဒေသစစ်ကြောင်းဆို အင်အား ၁၀၀ ဝန်းကျင်လောက်ပဲရှိရာက အခုဆို အင်အား ၂၅၀၊ ၃၀၀ လောက်အထိ သုံးပြီး စစ်ကြောင်းတွေ ထိုးလာတယ်ပေါ့။ ဒီလိုစစ်ကြောင်းတွေမှာ ပစတွေက ၇၅ရာခိုင်နူန်းကနေ ၈၀ အထိ ပါလာပါတယ်။ ခုခံစစ်ကနေ အခုဆို ထိုးစစ်တွေပါလုပ်နိုင်တဲ့အထိ စစ်မှုထမ်း ပစတွေရဲ့အားက သူတို့အတွက် အမြတ်ထွက်ခဲ့တယ်။ တန်ပြန်ထိုးစစ်၊ ခုခံစစ်၊ နယ်မြေထိုးစစ်လို လူအင်အားအသုံးပြုရတဲ့ နေရာတွေမှာ ပစအင်အားတွေကို အသုံးချခဲ့တယ်။ နိုင်ငံအနှံ့ စစ်ဆင်ရေးတွေ၊ ခုခံစစ်ကနေ ထိုးစစ်အထိကိုလည်း ပစတွေကို အသုံးပြုလာတယ်” လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ စစ်မှုထမ်းအပတ်စဥ် ၁၄ ကစလို့ သင်တန်းကာလကို ၁၃ပတ်အထိ ထပ်တိုးမြှင့်လိုက်သလို လက်ရှိလုပ်ဆောင်နေတဲ့ အပတ်စဥ် ၁၇ သင်တန်း မပြီးဆုံးသေးခင် အပတ်စဥ် (၂၀) သင်တန်းကိုပါ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ရက်နေ့က ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။

“စစ်မှုထမ်းသင်တန်းသားတွေကို သင်တန်းကာလတိုးမြှင့်တာက ဒီလိုပါ။ အခုဆို ရှေ့တန်းမှာ တိုက်ခိုက်ရေးအင်အားအတွက် ပစအင်အားတွေ သူတို့လိုသလောက် ဖြည့်တင်းနိုင်လာတယ်။ ဒီအတွက် ပစအင်အား အပူတပြင်း လိုအပ်ချက်တွေ လျော့ကျလာတော့ သင်တန်းကာလတိုးမြှင့်တာပါ။ ဟန်ချက်ညီလာသလို သင်တန်းကျောင်းနေရာတွေ တိုးဖွင့်ဖို့ရှိနေတော့ သင်တန်းကာလကို တိုးမြှင့်လာတာပါ။” လို့ MDSI စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက ပြောပါတယ်။

တစ်ဖက်မှာလည်း စစ်မှုထမ်းအင်အားတွေကို လိုသလောက် စုဆောင်းရရှိလာမှုနဲ့အတူ တော်လှန်ရေးတပ်တွေဆီ ထွက်ပြေးအလင်းဝင်တာမျိုးတွေကို ဟန့်တားနိုင်ဖို့ တပ်တွင်းဝါဒဖြန့်တဲ့အနေနဲ့ နှစ်ပြည့်ပြီးသား ကျန်းမာရေးမကောင်းသူတွေနဲ့ အခြေအနေတစ်ခုရှိသူတွေကို ဟန်ပြသင်တန်းဆင်းခိုင်းတာမျိုးတွေလည်း စစ်အုပ်စုက လုပ်ဆောင်နေပါတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ လက်ရှိမှာ နိုင်ငံတဝှမ်း စစ်သင်တန်းကျောင်း (၂၇) ခုအထိ တိုးချဲ့ဖွင့်လှစ်ထားပြီး မူလသင်တန်းကျောင်းတွေအပြင် ခအက၊ တကအ နဲ့ ရလတ (၅၇) တို့မှာပါ အရံသင်တန်းကျောင်းတွေအဖြစ် ထပ်တိုးဖွင့်လှစ် လေ့ကျင့်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲတွင် စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၄) ဦး သေဆုံးပြီး ကလေးငယ် (၂) ဦးအပါ (၁၄) ဦး ထိခိုက်ဒဏ်ရာရ၊ နေအိမ် (၂၃) လုံးနှင့် စာသင်ကျောင်း (၂) ကျောင်း ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပေါ်မှာ ဟန်ပြ အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၄) ယောက် သေဆုံးခဲ့ပြီး ကလေးငယ် (၂) ယောက် အပါအ၀င် (၁၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲမှာ မဲပေးဖို့ ဆိုပြီး ပြည်တွင်းပြည်ပ ၅၀၅ (က) များကို အကြမ်းဖက်စစ်တပ် လွတ်ငြိမ်းခွင့်ပေးကြောင်း ထုတ်ပြန်

မဲပေးခွင့်ရှိ‌တဲ့ နိုင်ငံသားတွေ ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်စစ်တပ်က ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့် စွပ်စွဲဖမ်းဆီးထားတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေအပါအဝင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ သက်သာခွင့်နဲ့ အမှုပိတ်သိမ်းခွင့်ပြုတယ်လို့ ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

မြင်းခြံ – နဘူးအိုင်လမ်းပိုင်းမှာ စစ်ကြောင်းဆုတ်လာတဲ့စစ်သားတွေ မိုင်းဆွဲခံရပြီး စစ်ကြောင်းမှူးအပါ ၁၃ယောက်သေ

မန္တလေးတိုင်း၊ မြင်းခြံ-နဘူးအိုင်လမ်းပိုင်းမှာ စစ်ကြောင်းပြန်ဆုတ်လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကြောင်းမှူးအပါအဝင် စစ်သား ၁၃ယောက် သေဆုံးကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

စလင်းမှ ဆင်ဖြူကျွန်းသို့ အင်အားလာဖြည့်သည့် စစ်ကောင်စီ သံပြားကာယာဉ် ၁ စီးကို ကြားဖြတ်တိုက်ခိုက်ရာ ၁ ဦး သေ

မကွေးတိုင်း၊ စလင်းမြို့ကနေ ဆင်ဖြူကျွန်းမြို့ကို အင်အားလာဖြည့်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အား ၂၀ ခန့်ပါ သံပြားကာကား ၁ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁ ယောက် သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော် (BAMAR ARMY) က ထုတ်ပြန်ပါတယ်။
Read More

မန္တလေးတိုင်းတွင် ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်အုပ်စု၏ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၆၅ ဦး သေဆုံးခဲ့

မန္တလေးတိုင်းအတွင်း ၂၀၂၅ ခုနှစ် ပထမ ၆ လတာခန့်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အရပ်သားပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၆၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကန်နီရွာအတွင်း ပိုက်ဆံအစား သူ့တံဆိပ်တုံးပါ စက္ကူကို သုံးခိုင်းသည့် ပျူခေါင်းဆောင် လက်အောက်ငယ်သားတွေကို ရိက္ခာဖြတ်ထား

မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ်မှာ ပိုက်ဆံကို မိတ္ထူဆွဲသုံးခိုင်းတဲ့ ကန်နီရွာ ပျူစောထီးခေါင်းဆောင်ဟာ လက်အောက်ငယ်သားတွေကို ဆန်ပြုတ်တောင် နပ်မှန်အောင်မတိုက်နိုင်တော့ဘဲ ရိက္ခာ ဖြတ်တောက်ထားတယ်လို့ ဒေသတွင်း တော်လှန်ရေးရင်းမြစ်တွေဆီက သိရပါတယ်။