စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ၅ ရက်တာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ရဟန်း ၁ ပါး အပါအဝင် ဒေသခံ ၁၇ ယောက် သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network ထံက သိရပါတယ်။

ဒီဇင်ဘာ ၂ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က ဝက်လက်မြို့နယ် အရှေ့ခြမ်း နတ်မှော်ဦးရွာကို ထိတွေ့တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ယောက် သေဆုံးပြီး ၅ယောက် ထိမှန်ဒဏ်ရာရကာ နေအိမ် ၅လုံးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ထုံးဘိုရွာတောင်ဘက်၊ သန်းကုန်းတောတိုက်ကို ဒီဇင်ဘာ ၁၃ ရက်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရကာ နေအိမ် ၈ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ယနေ့ သန်းကုန်းတောတိုက်ကို စစ်အုပ်စု လေကြောင်းဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတစ်ဦး

ဒီဇင်ဘာ ၁၆ ရက်မှာလည်း ဝက်လက်မြို့နယ်နဲ့ ရွှေဘိုမြို့နယ်အစပ်ကို ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့ရာ ရဟန်း ၁ပါး အပါအဝင် ၄ယောက် သေဆုံးပြီး ကား ၃စီး မီးလောင်ကာ နောက်ထပ် ကား ၃စီးလည်း ထိမှန်ပျက်စီးသွားခဲ့ပါတယ်။ အလားတူ ဒီဇင်ဘာ ၁၇ ရက်မှာလည်း ဆည်တောရွာထဲကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ယောက် သေဆုံးပြီး ၅ယောက်ဒဏ်ရာရကာ နေအိမ် ၃လုံး ပျက်စီးခဲ့ပါသေးတယ်။

ဒီနေ့ ဒီဇင်ဘာ ၁၉ ရက် နေ့လယ် ၁နာရီကျော်လောက်မှာလည်း တံတားဦး လေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၁စီးက ထုံးဘိုရွာတောင်ဘက်ရှိ သန်းကုန်းတောတိုက်အနီးကို ပေါင် ၂၅၀ ဗုံးသီး ၂လုံး ကြဲချပြီး ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ရာ ကိုမျိုးအောင် (၃၄နှစ်)၊ ဒေါ်နီ (၅၀နှစ်) နဲ့ ကိုစောထွန်း (၃၀နှစ်) တို့ ဒဏ်ရာရခဲ့ပါတယ်။

“ထိမှန်သွားတဲ့သူတွေထဲက ကုလားမလက်ကောက်ကျရွာက ပြည်သူ ၂ ယောက်ပါမယ်၊ နယ်မြေခံ တစ်ယောက်ပါမယ်။ စုစုပေါင်း ၃ ယောက် ထိခိုက်တယ်ဗျ။ အဲဒီထဲက ကိုစောထွန်းကတော့ ဒဏ်ရာ နည်းနည်းများတယ်။ ကျန် ၂ ယောက်ကတော့ ထိခိုက်မှုနည်းတယ်လို့ သိရတယ်။ သန်းကုန်းကို အရင်ရက်ကလည်း လေကြောင်းတိုက်လို့ ပြည်သူတွေသေဆုံးတာ ရှိသေးတယ်” လို့ Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ ရက်နီးကပ်လာတာနဲ့အမျှ ပြည်သူတွေကို အကြောက်တရား ရိုက်သွင်းဖို့အတွက် စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် လုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က တပ်သားသစ်တွေ ခေါ်ယူနေ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒုတိယအကြိမ်အဖြစ် တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ဖေဖော်ဝါရီလအတွင်း ဗိုလ်မှူးအပါ စစ်ကောင်စီတပ်သား ၆၄ ဦး ပြည်သူ့ရင်ခွင် ခိုလှုံ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ အရာရှိအဆင့် ဗိုလ်မှူး (၁) ယောက်အပါအဝင် တပ်သားနဲ့ရဲ (၆၄) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

တားပလိန်း (ခေါ်) ငွံန်ရောတ်မျိုးနွယ်စု အကြီးအကဲသစ်တင်မြောက်ပွဲနဲ့ တအာင်းနှစ်သစ်ကြိုဆိုပွဲကို TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော် တက်ရောက်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ အနောက်ကင်းကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ တားပလိန်း (ခေါ်) ငွံန်ရောတ်မျိုးနွယ်စု အကြီးအကဲ ရွေးကောက်တင်မြှောက်ခြင်း အခမ်းအနားနဲ့ (၂၇၁၆) နှစ်ပြည့် တအာင်းနှစ်သစ်ကူး ကြိုဆိုပွဲကို တအာင်းတပ်မတော် PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော် တက်ရောက်ခဲ့တယ်လို့ TNLA က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရသူ အများဆုံးအဖြစ် မြန်မာနိုင်ငံ စံချိန်တင်

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးရသူအများဆုံးဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း ပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ ICBL ရဲ့ စစ်တမ်းကဆိုပါတယ်။
Read More

ယင်းမာပင်ခရိုင်အမှတ် (၁၁) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ရဲဘော်တွေကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းနဲ့ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ ၊ ယင်းမာပင်ခရိုင်အမှတ် (၁၁) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ရဲဘော်တွေကို ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ဆေးဝန်ထမ်းဌာနက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းနဲ့ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို တပ်ရင်း ခမ်းမမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းလှမြို့နယ် ဇရစ်မျှောင်ရွာမှ အမျိုးသမီး ၅ ဦးအား စစ်ကောင်စီ ဖမ်းဆီးထား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဇရစ်မျှောင်ရွာက အမျိုးသမီး ၅ ယောက်ကို စစ်အုပ်စုက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။