နိုင်ငံရေးမှာ သဘောထား မတိုက်ဆိုင်တာတွေ ရှိတတ်ပေမယ့် အသက်တွေရင်းထားရတဲ့ တော်လှန်ရေးမှာတော့ သဘောထားတွေကို ဖြစ်နိုင်သမျှ တိုက်ဆိုင်အောင် ကြိုးစားကြရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ အဓိက ဦးတည်ချက် ဘုံရန်သူဟာ အာဏာသိမ်းစစ်တပ်ဖြစ်တယ်ဆိုတာကို မေ့မသွားဖို့ ဝန်ကြီးချုပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“နိုင်ငံရေးမှာ အမြဲတမ်း သဘောထားတိုက်ဆိုင်နေတာတွေ မရှိဘူးဆိုတာ ပုံမှန် သဘောတရားပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တော်လှန်ရေးမှာတော့ သဘောထားတွေက ဖြစ်နိုင်သမျှ တိုက်ဆိုင်နိုင်အောင် သဘောမျှနိုင်အောင် ကြိုးစားကြရမှာပဲ ဖြစ်ပါတယ်။ လူ့အသက်တွေ အများကြီး စတေးပြီး တိုင်းပြည်ရဲ့အနာဂတ်ကိုရင်းကာ ဆင်နွှဲနေကြရတဲ့ တော်လှန်ရေး ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ဦးဆောင်တိုက်ပွဲဝင်နေသူတွေအတွက် ပိုပြီး တာဝန်ကြီးတဲ့ တော်လှန်ရေးလည်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဆိုးသွမ်းတဲ့ အကြမ်းဖက်သူတွေဖြစ်တာကြောင့် ရန်သူ ပြုတ်ကျရေးကို ဦးတည်ပြီး တော်လှန်ရေးအင်အားစုတွေအားလုံး စည်းစည်းလုံးလုံး တိုက်ပွဲဝင်ရမယ်လို့ ပြည်ထောင်စုလွှတ်တော် အဌမအကြိမ် အစည်းအဝေး ပထမနေ့ မိန့်ခွန်းမှာ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုခဲ့တာပါ။

“ကျနော်တို့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ လူ့အခွင့်အရေးနေ့မျိုးမှာတောင် ဆေးရုံလိုနေရာမျိုးကို ဗုံးကြဲချခဲ့တဲ့ ဆိုးရွားလွန်းသူတွေ ဖြစ်တယ်ဆိုတာကို မေ့လို့မရပါဘူး။ ဒီလိုအကြမ်းဖက်စစ်အုပ်စုမျိုးကို တော်လှန်နေကြရတဲ့ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအားလုံးရဲ့ ပထမဆုံး ဦးတည်ချက်က အကြမ်းဖက် စစ်အုပ်စုကို ဖြိုချဖို့ပဲ ဖြစ်ပါတယ်။ ဒီအတွက် ကျနော်တို့ အားလုံး ဒီထက် ပိုမိုစုစည်းပြီး ပိုမို အလုပ်လုပ်ကြဖို့ပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိအချိန်ဟာ တော်လှန်ရေးဆင်နွှဲနေရတဲ့ အချိန်ကာလ ဖြစ်တဲ့အတွက် NUG အနေနဲ့ ပုံမှန်ကာလ အစိုးရတစ်ရပ်ပုံစံ အပြည့်အဝ စီမံဆောင်ရွက်နိုင်ဖို့အတွက် မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ အားနည်းမှုတွေ၊ လူ့စွမ်းအားအရင်းအမြစ် မပြည့်စုံမှုတွေနဲ့ ရုန်းကန်ရင်း ဖြစ်နိုင်သမျှ အကောင်းဆုံး အနေအထားဖြစ်အောင် ကြိုးပမ်းနေရတယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မြေလတ်အသံ သတင်းထောက် ကိုသန်းထိုက်မြင့် ထောင်ဒဏ် ၅ နှစ်ချခံရ

မြေလတ်အသံသတင်းဌာနရဲ့ သတင်းထောက်ဖြစ်သူ ကိုသန်းထိုက်မြင့်ကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တယ်လို့ သူနဲ့ အလုပ်အတူ တွဲလုပ်ဖူးသူ လုပ်ဖော်ကိုင်ဖက်တွေထံက သိရပါတယ်။
Read More

မဟာဗျူဟာကျတဲ့ လမ်းကြောင်း ၁၅ ခု အပါအဝင် တစ်နိုင်ငံလုံးရဲ့ ၄၄ ရာခိုင်နှုန်းကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထား

နိုင်ငံတစ်ဝန်း မဟာဗျူဟာကျပြီး အရေးပါတဲ့  ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်း ၁၅ ခုလောက်ကို စိုးမိုးထိန်းချုပ်ထားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

မတ္တရာနှင့် ပုသိမ်ကြီးရှိ ကျေးရွာ ၃ ရွာမှ စစ်ကောင်စီတပ်စခန်းအားလုံးကို MDY-PDF နှင့်ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ ဗိုလ်ကြီး ၁ ဦးအပါ ၁၆ ဦးအရှင်မိပြီး လက်နက်ခဲယမ်းအများအပြားနှင့် စစ်သားအလောင်း ၁၅ လောင်း သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်ရှိ ကျေးရွာ ၃ ရွာက စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်မြို့နယ်အနောက်ပိုင်းနှင့် တောင်ပိုင်းကို အကြမ်းဖက်စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၂ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းနဲ့ တောင်ပိုင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ We Love Myaing က အောက်တိုဘာ ၇ ရက် မနေ့ကညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ကြောင့် နိုင်ငံတစ်ဝန်း လူပေါင်း ၁၆၀၀ ကျော် သေဆုံးထားဟု NUG အသိပေး

ပြင်းထန်ဆိုးရွားတဲ့ ငလျင်ကြောင့် နိုင်ငံတစ်ဝန်း လူပေါင်း ၁၆၀၀ ကျော် သေဆုံးပြီး ၁၄၀၀ နီးပါး ပျောက်ဆုံးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့တွင် အကြမ်းဖက်စစ်တပ် ကြက်ခြံကိုပါ လေကြောင်းမှ ဗုံးများ ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ဘုရားသုံးဆူကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀) ဗုံး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။