ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး ဒုရဲအုပ်အပါအဝင် စစ်‌ကော်မရှင်တပ်သား ၁၉ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေတပ်ဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ်။ 

ဒီဇင်ဘာ ၁၆ ရက် မနက် ၆ နာရီလောက်က ဆင်တလင်းရွာမှာ အင်အား ၃၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ စစ်အုပ်စုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁ နာရီနီးပါး ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

ပစ်ခတ်မှုအတွင်း ဒုရဲအုပ် ရဲလွင်၊ တပ်ကြပ်ကြီး ၁ယောက်နဲ့ ဒုတပ်ကြပ် ၂ ယောက် အပါအဝင် ၁၈ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့ကာ ကျန်တဲ့ စစ်ကော်မရှင်တပ်သားတွေက ကွမ်းခြံကုန်းဂိတ်စခန်းကို ထွက်ပြေးသွားတယ်လို့ သိရပါတယ် ။

“ရွာထဲမှာ တပ်စွဲတာကတော့ တစ်လလောက်ရှိမယ် ၊ အရင်ကလည်းစွဲဖူးတယ်၊ ပြန်ထွက်လိုက် ပြန်ဝင်လိုက်နေနေကြတာ၊ စခတွေသေဆုံးမှုကိုတော့ တိုက်ပွဲအတွင်း မြင်တွေ့ခဲ့တာတွေရှိသလို လာရောက်အလောင်းကောက်သွားကြတာကို မြင်တဲ့ ပြည်သူတွေဆီကလည်း ပြန်လည်သိရပါတယ်” လို့ သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေတပ်ဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ်။

ဒါ့အပြင် ပစ်ခတ်မှုဖြစ်ပွားနေချိန် စစ်ကော်မရှင်တပ်သားတွေ စစ်ကူလာနိုင်တဲ့ ထန်းပင်ချောင်း အထိုင်စခန်းကိုလည်း ဖြတ်တောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကော်မရှင်တပ်သား ၂ ယောက် ထိမှန်ဒဏ်ရာရရှိသွားသေးတယ်လို့ သိရပါတယ်။ 

အဲဒီနောက် ညနေ ၃ နာရီလောက်မှာလည်း စစ်ကော်မရှင်တပ်သားတွေ အင်အား ၈၀ ဝန်းကျင်နဲ့ ထပ်မံစစ်ကြောင်းထိုးလာချိန် တောင်တန်းမြိုင်ကျေးရွာနားအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ထိတွေ့ပစ်ခတ်မှု မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၁ ယောက်သေဆုံးကာ ၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကော်မရှင်တပ်သားတွေဆီကနေ MA – 1 (၄) လက် ၊ MA – 3 (၆) လက် ၊ G3 (၁) လက် ၊ ခြောက်လုံးပြူး (၁) လက် ၊ Helmet (၇) လုံး ၊ Equipment (၃) ခုနဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂)ကွပ်ကဲမှုနဲ့ သာယာဝတီခရိုင်တပ်ရင်း – ၃ (Myanmar Defense Force – MDF) ၊ သာယာဝတီခရိုင်တပ်ရင်း -၂ (၃၈၀၂) ရဲ့ တပ်ခွဲ – ၂၊ တပ်ခွဲ -၃၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ လက်ပံတန်းမြို့နယ် (ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေ တိုက်ခိုက်ရေးတပ်ဖွဲ့ (၁၊၂) ၊ ရန်ကုန်တိုင်းပကဖ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ – ၃ ၊ သာယာဝတီ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) ရဲ့ တပ်ရင်း – ၃ စတဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

Video – ပေးပို့

0 Shares:
You May Also Like
Read More

တောင်သာ-ကျောက်ပန်းတောင်းလမ်းအထွက်မှာ ဘန်ကာ၊ ကတုတ်ကျွင်းတွေနဲ့ အခိုင်အမာတည်‌ဆောက်ထားတဲ့ စစ်ကောင်စီအထိုင်စခန်းအား စီးနင်းတိုက်ခိုက်၊ ငွေ သိန်း ၉၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာ-ကျောက်ပန်းတောင်းလမ်းအထွက်မှာ ဘန်ကာ၊ ကတုတ်ကျွင်းတွေနဲ့ အခိုင်အမာတည်‌ဆောက်ထားတဲ့ စစ်ကောင်စီအထိုင်စခန်းအား စီးနင်းတိုက်ခိုက်ပြီး ငွေသိန်း ၉၆ သိန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Taung Tha People Defense Force က ယနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- ဇင်ကိုကို၏ ပြောကြားချက် (ရုပ်/သံ)

''ဘာကြောင့်အလင်းဝင်ရတာလဲဆိုတော့ စစ်တပ်ထဲ ကိုယ့်သဘောဆန္ဒနဲ့လည်း ဝင်ခဲ့တာမဟုတ်ဘူး။ သူများကိုလည်း ကျနော်မပစ်ချင်ဘူး၊ ကျနော်တို့လည်း အပစ်မခံချင်ဘူး။ အဲဒါကြောင့် မလို့ အလင်းလာဝင်တာပါဗျ။ MA-3 တစ်လက်၊ ကျည်ဘောက် ၂ ဘောက်ရယ် ယူလာခဲ့တယ်ဗျ''
Read More

ဆင်ဖြူကျွန်းမြို့နယ်အတွင်း အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သားများကို ခုခံတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့နယ် နွယ်တမင်‌ကျေးရွာကနေ အင်အား ၁၈၀ ခန့်စုဖွဲ့ပြီး တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ခုခံတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်းထံက သိရပါတယ်။
Read More

အဖမ်းဆီးခံပြည်သူများ ကိုယ်စားပြုသပိတ်စစ်ကြောင်း၏ (၃၇) နှစ်မြောက် ၈ လေးလုံး အထိမ်းအမှတ်အကြို ထီးသပိတ်လှုပ်ရှားမှု (ရုပ်/သံ)

(၃၇)နှစ်မြောက် ၈ လေးလုံးနေ့ အထိမ်းအမှတ်အကြို ထီးသပိတ်လှုပ်ရှားမှုအတွက် အဖမ်းဆီးခံပြည်သူများ ကိုယ်စားပြုသပိတ်စစ်ကြောင်းက ပေးပို့တဲ့ မှတ်တမ်းရုပ်သံကို ရန်ကုန်လူထုသပိတ်က မျှဝေထားပါတယ်။
Read More

ဗန်းမော်သို့ လာတဲ့ စစ်သင်္ဘော ၇ စီးကို KIA၊ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၆ စီး ပျက်စီး (ရုပ်/သံ)

ကချင်ပြည်နယ် ရွှေကူမြို့မှ ဗန်းမော်သို့ လာနေတဲ့ စစ်သင်္ဘော ၇ စီးအုပ်စုကို KIA၊ PDF ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၆ စီး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ပူးပေါင်းဖို့ သတိပေးခဲ့ပေမယ့် ဆက်သွယ်လာခြင်းမရှိတဲ့ စစ်အုပ်စုကို ဒရုန်းနဲ့ ဗုံးကြဲ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ် ကုက္ကိုစုပျူစခန်းမှာရှိတဲ့ ပျူစောထီးနဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဆီ ပူးပေါင်းဖို့ သတိပေးစာ ပေးပို့ခဲ့ပေမယ့် ဆက်သွယ်လာခြင်း မရှိတဲ့အတွက် ဒီဇင်ဘာ ၂၅ ရက်က ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပေါက်-ပကဖ က ထုတ်ပြန်ထားပါတယ်။