စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း အထိုင်ချထားတဲ့ စစ်အုပ်စုရဲ့ ဂိတ်စခန်းနဲ့ တပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force M.D.F က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းက မြင်းမူမြို့နယ် ဂွေးပင်တောရွာမှာ အထိုင်ချထားတဲ့ စစ်အုပ်စုတပ်သားတွေကို Fixed Wings Drone တွေနဲ့ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သားတွေ စုဝေးနေတဲ့ ဂိတ်ဘန်ကာအနီး တစ်လုံး၊ စားဖိုဆောင်နား တစ်လုံး၊ စစ်အုပ်စုရဲ့ ယာဉ်အနီး တစ်လုံးနဲ့ ၆၀ မမ လက်နက်ကြီး အထိုင်ချထားတဲ့နေရာ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုဟာ လက်နက်ကြီး ၁၀ လုံးထက်မနည်း ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပ.က.ဖ၊ မြင်းမူမြို့နယ် ပ.လ.ဖ၊ အလက္ကပ္ပတိုက်နယ် ပ.က.ဖ၊ Myaung Drone Force MDF (ကျားခင်စိန်)နဲ့ Justice Warrior တပ်ဖွဲ့၊ အမုန်းဗျင်းမဲ့ Drone Teams တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Video – Myaung Drone Force M.D.F

0 Shares:
You May Also Like
Read More

မြစ်ခြေနဲ့ ကမ္မလမ်းကြောမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၀ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း မြစ်ခြေနဲ့ ကမ္မလမ်းကြောမှာ ဒီဇင်ဘာ ၂၉ ရက်က အင်အား ၁၅၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။
Read More

ကျားဖြူပါတီဝင်များ၏ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေအကကြောင့် စိတ်ကျန်းမာရေးမကောင်းသူ မူးလဲ (ရုပ်/သံ)

ရန်ကုန်မြို့ ကျားဖြူပါတီဆိုင်းဘုတ်တင်ပွဲတစ်ခုမှာ ပါတီဝင်တွေရဲ့ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေအကကြောင့် စိတ်ကျန်းမာရေးမကောင်းသူ မူးလဲသွားခဲ့တယ်လို့ သိရပါတယ်။
Read More

သိမ်းပိုက်ခဲ့ပြီးဖြစ်တဲ့ ဖလမ်းမြို့ ခလရ-၂၆၈ စခန်းကုန်းကို ဗျူဟာကျ ချည်းကပ်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင် CNDF ထုတ်ပြန်

ချင်းပြည်နယ် ဖလမ်းမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၆၈ တပ်ကုန်းကို တော်လှန်ရေးရဲဘော်တွေ ချည်းကပ်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Chin National Defense Force မှ ဇန်နဝါရီ ၁၅ ရက်က ထုတ်ပြန်လိုက်ပါတယ်။ ရုပ်သံဖိုင်အတွင်း တော်လှန်ရေးရဲဘော်တွေက ဆက်သွယ်ရေးမြောင်နဲ့ ဗုံးခိုကျင်း အများအပြား တူးကာ အကြမ်းဖက်စစ်တပ်ရဲ့ တပ်ရင်းအနီး ချည်းကပ်နေကြတာကို တွေ့မြင်ရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျည်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်စေဖို့ သထုံခရိုင် အမှတ် ၇၈၀၁ တပ်ရင်းရဲဘော်တွေက ဆုတောင်းပေး (ရုပ်/သံ)

သထုံခရိုင် အမှတ် ၇၈၀၁ တပ်ရင်းမှ ရဲဘော်တွေက သီတင်းကျွတ်အခါသမယမှာ ဒေါ်အောင်ဆန်းစု ကြည်နဲ့ နိုင်ငံရေးအကျည်းသားများအားလုံး ကျန်းမာပြီး အချုပ်အနှောင်မှာ အမြန်ဆုံးလွတ်မြောက် စေဖို့ ဆုတောင်းမေတ္တာပို့သခဲ့တယ်လို့ သိရပါတယ်။
Read More

ကပစ ၂၁ သို့ ပို့လွှတ်နေသော လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်ရန်လာသည့် စစ်ကောင်စီတပ်သားများကို လက်နက်ကြီးဖြင့် ပစ်ခတ်ဟန့်တား (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကပစ ၂၁ သို့ ပို့လွှတ်နေတဲ့ လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ဟန့်တားခဲ့တယ်လို့ People Defence Force - Chauk - သခင်ဖိုးလှကြီးတပ်ခွဲက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ခိုးသန်းရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ၃ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာက ခိုးသန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တိုက်ခိုက်ခံခဲ့ရပြီး ၃ ယောက် သေဆုံးကာ ၇ယောက် ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။