စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း ဆက်ကြေးကောက်ဖို့နဲ့ ရိက္ခာရှာထွက်လာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၁၀ ယောက်ခန့် သေဆုံးခဲ့တယ်လို့ ရွာဇော်ကြီးတော်လှန်အသံက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းက မုံရွာမြို့နယ် သမန္တာရွာ၊ ခိုးသန်းရွာနဲ့ တောင်ပလူရွာကြား စက်တဲကွင်းမှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ အင်အား ၂၀ ခန့်နဲ့ အနီးဝန်းကျင်ရွာတွေမှာ လစဉ်ဆက်ကြေးကောက်ဖို့နဲ့ ရိက္ခာရှာဖို့ ထွက်လာချိန် တော်လှန်ရေးတပ်တွက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၁၀ ယောက်ခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေ အထိနာသွားတဲ့အတွက် နမခတပ်စခန်းနဲ့ အမတ ၅၀၈ အမြောက်တပ်တို့က လက်နက်ကြီး အကြိမ် ၂၀ ခန့် ပစ်ကူပေးခဲ့ပြီး တပ်ကူတွေထပ်မံရရှိလာတဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ ရွှေတြိဂံမဟာမိတ်တပ်ရင်း ၊ Budalin Mobile Team (BMT) ၊ မုံရွာခရိုင်တပ်ရင်း ၂ ရွာဇော်ကြီး-တော်လှန်အသံတပ်ခွဲ (YZG) ၊ မုံရွာခရိုင် တပ်ရင်း ၂၅ တပ်ခွဲ ၄ ၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ မုံရွာမြို့နယ် တိုက်နယ် ၂ တိုက်ခိုက်ရေး လမ်းမတော်ပြောက်ကျား တပ်စိပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ရွာဇော်ကြီးတော်လှန်အသံ

0 Shares:
You May Also Like
Read More

တိုက်ခိုက်ရေးရဲဘော်များအတွက် ကာကွယ်ရေးပစ္စည်း တပ်ဆင်ပေးနိုင်ရန် ပဲခူးခရိုင်တပ်ရင်း ၂ ဖိတ်ခေါ် (ရုပ်/သံ)

ရှေ့တန်းစစ်မျက်နှာပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစေဖို့အတွက် ကာကွယ်ရေးပစ္စည်းတွေ တပ်ဆင်ပေးနိုင်ဖို့ လိုအပ်လျက်ရှိတယ်လို့ ပဲခူးခရိုင် တပ်ရင်း (၂) ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းမှ ထွက်လာသည့် စစ်သား ၃ ဦးကို ဖမ်းဆီးရမိ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုထဲက အကြမ်းဖက်စစ်သား ၃ ယောက် ဖမ်းမိခဲ့တယ်လို့ Young Revolution Front အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒေါက်တာစိုးသူရဇော်ပြောပြခဲ့တဲ့ ဒဏ်ရာရ PDF ရဲဘော်တွေနဲ့ ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဘေးကင်းလုံခြုံရေး ဘယ်လောက်အရေးကြီးလဲ (ရုပ်/သံ)

သွားနဲ့ ခံတွင်းဆရာဝန်ဒေါက်တာ စိုးသူရဇော်ပြောပြခဲ့တဲ့ ဒဏ်ရာရ PDF ရဲဘော်တွေနဲ့ ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဘေးကင်းလုံခြုံရေး အရေးကြီးတဲ့ အကြောင်းကို ယခုလိုပဲ ပြော ကြားခဲ့ပါတယ်။
Read More

တနင်္သာရီမြို့နယ် ခမရ ၅၅၈ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီမြို့နယ်ရှိ  အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခမရ ၅၅၈ တပ်ရင်းကို မတ်လ ၁ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာခရိုင်အမှတ် (၃) တပ်ရင်းမှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့ ထုတ်လုပ်နေတဲ့ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းကို ထုတ်ပြန်ပြသ (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့ လက်နက်ထုတ်လုပ်နေတဲ့ မုံရွာခရိုင်အမှတ် (၃) တပ်ရင်းမှာ ထုတ်လုပ်နေတဲ့ လက်နက်တွေကိုအကြောင်းတွေကို ပြည်သူ့ရဲဘော်လေးက ယခုလိုပဲ ရှင်း ပြခဲ့ပါတယ်။
Read More

ရေတာရှည်မြို့နယ်အတွင်း ပြည်သူကို မဲထည့်ရန် ဖိအားပေးနေသည့် စစ်ကော်မရှင်တပ်သားများအား တိုက်ခိုက်ပြီး မဲရုံများကို ရှင်းလင်း (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ ပြည်သူတွေကို မဲထည့်ဖို့ ဖိအားပေးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ပြီး မဲရုံတွေကို ရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့  နေပြည်တော်တိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲရေးမှူးထံက သိရပါတယ်။