မိဘပြည်သူတိုင်းရင်းသားတွေ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့နေရတဲ့အပေါ် ဝမ်းနည်းမိတယ်လို့ အဓမ္မစစ်အာဏာသိမ်းပြီး တိုင်းပြည်ကို ကျရှုံးနိုင်ငံဖြစ်အောင် လုပ်ဆောင်နေတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

ဒီနေ့ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ မင်းအောင်လှိုင်က အခုလို ပြောကြားခဲ့တာ ဖြစ်ပြီး လွဲမှားတဲ့ အတွေးအခေါ်အယူအဆနဲ့ ကိုယ်ကျိုးအတ္တရှေ့တန်းတင်နေလို့ လက်နက်ကိုင် ပဋိပက္ခတွေ လက်ရှိအချိန်ထိ ဖြစ်ပွားနေတာလို့ ဆိုပါတယ် ။

“လွဲမှားသည့် အတွေးအခေါ်အယူအဆများနှင့် နိုင်ငံနှင့် တိုင်းရင်းသားပြည်သူများ အားလုံးအကျိုးထက် ကျဉ်းမြောင်းသည့် ကိုယ်ကျိုးအတ္တများကို ရှေ့တန်းတင်နေကြခြင်းကြောင့် လက်နက်ကိုင် ပဋိပက္ခများနှင့် ဆူပူအကြမ်းဖက်မှုများသည် ယနေ့ကာလအထိ ရှည်ကြာနေပြီး မိဘပြည်သူတိုင်းရင်းသားများ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့နေရသည်မှာ ဝမ်းနည်းဖွယ်ရာ ဖြစ်ပါသည်” လို့ မင်းအောင်လှိုင်က ပြောပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ်အတွင်း အခုထိ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ တည်ငြိမ်မှု ပျက်ပြားနေခဲ့တာဟာ ကိုလိုနီနယ်ချဲ့ရဲ့ သွေးခွဲအုပ်ချုပ်ခဲ့မှု အမွေဆိုးကြောင့် ဖြစ်တယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

စစ်တပ်အနေနဲ့ တည်ငြိမ်အးချမ်းအောင် NCA ကို လုပ်ဆောင်ခဲ့ပေမယ့် အမှန်အတိုင်း မရှုမြင်ဘဲ အချို့က လမ်းမှား‌‌ကို လျှောက်နေဆဲ ဖြစ်တယ်လို့ ကရင်ပြည်နယ်ထဲက လက်နက်ကိုင်တိုက်ပွဲတွေကို ရည်ညွှန်းပြီး မင်းအောင်လှိုင်က ပြောဆိုပါတယ်။

မင်းအောင်လှိုင်ရဲ့ နှုတ်က ဘယ်လိုစကားတွေပဲ ပြောဆိုပါစေ ဒီနေ့အချိန်အခါလိုမျိုး တိုင်းပြည်ကို ဆင်းရဲတွင်းနက်အောင်၊ ကျရှုံးနိုင်ငံဖြစ်အောင် တွန်းပို့တဲ့ တရားခံဟာ ပြည်သူ့ဆန္ဒမပါဘဲ အရပ်သားအစိုးရထံက အာဏာလုယူ အုပ်ချုပ်နေတဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ဖြစ်တယ်လို့ မြန်မာလူထုက မှတ်ယူထားကြပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်းက တပ်ရင်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အဖြစ် ကျဆုံးရဲဘော်များ၏ မိသားစုဝင်များကို စားနပ်ရိက္ခာအချို့ ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF အနေနဲ့ တည်ထောင်ခြင်း(၄)နှစ်ပြည့်တဲ့ မနေ့က စစ်အာဏာရှင်ကို တော်လှန်ရင်း အသက်ပေးလှူခဲ့ရတဲ့ အာဇာနည်သူရဲကောင်းရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဆန်၊ ဆီနဲ့ ထောက်ပံ့ကြေးငွေတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နိုင်ငံတစ်ဝန်းက ရေဘေးသင့် ပြည်သူတွေအတွက် NUG အစိုးရက အရေးပေါ်စားနပ်ရိက္ခာ အကူအညီတွေ ဆက်လက်ဆောင်ရွက်ပေးနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံဒေသတွေက ဒေသခံပြည်သူများအတွက် “တိုက်ရိုက်ကူညီ ပြည်သူဆီ၊ လူသားစာနာနှင့်အတူ ဆောင်ရွက်မည်" အစီအစဉ်ကတဆင့် ပေးပို့လှူဒါန်းကြတဲ့ အလှူငွေတွေကို ရေဘေးသင့် ပြည်သူတွေဆီ မြေပြင်တာဝန်ခံတွေနဲ့ ပူးပေါင်းချိတ်ဆက် ထောက်ပံ့နေတယ်လို့ သိရပါတယ်။
Read More

မြောင်မြို့နယ်၊ ပန်းညိုရွာက စာသင်ကျောင်းနှင့် နေအိမ် ၅၀ ကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ မြေတော်ရွာကို မီးဆက်ရှို့နေ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုရွာရှိ စာသင်ကျောင်းနဲ့ အရပ်သားနေအိမ် အလုံး ၅၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေး အဖွဲ့ - CDSOM က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် မောတောင်ကုန်သွယ်ရေးလမ်းပိုင်းမှာ ၄ လကျော် တိုက်ပွဲအတွင်း စစ်တပ်က တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် ဒုဗိုလ်မှူး အပါ ထိခိုက်သေဆုံးသူ ၁၅၀ ခန့် ရှိ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာနဲ့ ထိုင်း-မြန်မာနယ်စပ် မောတောင်ကုန်သွယ်ရေးလမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တိုက်ပွဲ ၄ လကျော် ဖြစ်ပွားခဲ့ရာ စစ်တပ်က တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့ ဒုဗိုလ်မှူး ၁ ယောက်အပါအဝင် ထိခိုက်သေဆုံးသူ ၁၅၀ ခန့် ရှိတယ်လို့ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရှမ်းကျောင်း ဆရာတော်နှင့် ကပ္ပိယ အသတ်ခံရတဲ့ဖြစ်စဉ် အမှန်တရားပေါ်ပေါက်ရေး၊ တရားမျှတမှုရှိရေးအတွက် ရှမ်းအရပ်ဘက်အဖွဲ့များ တောင်းဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ ရှမ်းဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဇင်းပိန် (ခေါ်) ဦးဓမ္မသာရနဲ့ ကပ္ပိယ စိုင်းဘီး (ခေါ်) အိုက်ပီးတို့ အသတ်ခံရမှုအတွက် ရှမ်းအရပ်ဘက်အဖွဲ့အစည်းတွေက အမှုမှန်ပေါ်ပေါက်ဖို့၊ တရားမျှတမှု ရရှိဖို့ လိုလားနေကြပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေ မိုင်းရှင်းဖို့ထွက်လာရင်း မိုင်းခွဲခံရကာ ၂ ယောက်သေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ မိုင်းရှင်းဖို့ကြိုးစားတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက်သေကြောင်း BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ထံက သိရပါတယ်။