စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သမန္တာရွာ၊ ခိုးသန်းရွာနဲ့ တောင်ပလူရွာကြားရှိ စက်တဲကွင်းမှာ အထိုင်ချ တပ်စွဲပြီး ပြည်သူတွေဆီက လစဥ် ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စုနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း ၂၅ တပ်ခွဲ ၄ ထံက သိရပါတယ်။

ဒီဇင်ဘာ ၁၆ ရက် နေ့လယ် ၁၂ နာရီလောက်မှာ စစ်ကော်မရှင်တပ်သားတွေက အင်အား ၂၀ ဝန်းကျင်နဲ့ အနီးနားကျေးရွာတွေကို ဆက်ကြေးကောက်ဖို့နဲ ရိက္ခာရှာဖို့ ထွက်လာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၁၀ ယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့ တပ်စွဲထားတာ ၁နှစ်ကျော်လောက်ရှိပြီ။ ထိတွေ့မှုဖြစ်တဲ့နေရာက နမခနဲ့ ဆိုရင်တော့ ၂မိုင်ခန့် အဝေးပေါ့နော်။ ၅၀၈ အမြောက်တပ်နဲ့ဆို ၁မိုင်ခန့် အဝေးမှာ။ ထိတွေ့မှုက ၁နာရီခွဲလောက် ကြာတယ်။ သေဆုံးသွားတဲ့သူတွေကို အဲဒီနေ့ ညနေမှာပဲ တခါတည်း သင်္ဂြိုဟ်လိုက်တယ်။ ဒဏ်ရာရ ၅ ယောက်ကတော့ နောက်နေ့မနက်မှာပဲ စက်တဲကနေပြီးတော့ အနီးရွာက ထော်လာဂျီကိုခေါ်ပြီးတော့ ဆေးရုံပို့တယ်” လို့ မုံရွာခရိုင် တပ်ရင်း ၂၅ တပ်ခွဲ ၄ ရဲ့ တပ်ခွဲမှူး ကိုပိန်က မောင်းကို ပြောပါတယ်။

တိုက်ပွဲအတွင်း နမခ နဲ့ အမတ (၅၀၈) အမြောက်တပ်ကနေ ဟောင်ဝှစ်ဇာ လက်နက်ကြီး အကြိမ် ၂၀ ထက်မနည်း ပစ်ကူပေးခဲ့သလို စစ်တပ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာချိန် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကျည်လုံလောက်မှုမရှိတာကြောင့် အပြီးသတ် သုတ်သင်နိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတဲ့အတွက် ခိုးသန်းရွာနဲ့ တောင်ပလူရွာက ဒေသခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရပြီး ဒီမနက်မှာ အဆိုပါ ကျေးရွာတွေထဲကို စစ်တပ်က အင်အား ၁၀၀ ဝန်းကျင်နဲ့ ဝင်ရောက်တပ်စွဲထားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ ရွှေတြိဂံမဟာမိတ်တပ်ရင်း ၊ Budalin Mobile Team (BMT) ၊ မုံရွာခရိုင်တပ်ရင်း ၂  ရွာဇော်ကြီး-တော်လှန်အသံတပ်ခွဲ (YZG) ၊ မုံရွာခရိုင် တပ်ရင်း ၂၅ တပ်ခွဲ ၄ ၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ မုံရွာမြို့နယ် တိုက်နယ် ၂ တိုက်ခိုက်ရေး လမ်းမတော်ပြောက်ကျား တပ်စိပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ချင်းမိုင်မြို့ စစ်ရှောင်ရန်ပုံငွေ ရုပ်ရှင်ပြပွဲကို လာရောက်အားပေးဖို့ တော်လှန် အနုပညာရှင်များ ဖိတ်ခေါ်

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇန်နဝါရီ ၂၀ ရက်နေ့ ပြသမယ့် တော်လှန်အနုပညာရှင်တွေ ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ကားတွေကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင်တွေက ဖိတ်ခေါ်တိုက်တွန်းလိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ပေးသည့် လူမှုထူးချွန်ဆုများကို ဒိန်းဒေါင် အပါအဝင် သရုပ်ဆောင်၊ ဒါရိုက်တာနှင့် လူရွှင်တော်များ ရရှိ

အကြမ်းဖက်စစ်တပ်​အတွက် ဖျော်ဖြေပေးနေတဲ့ ဟာသသရုပ်ဆောင် ဒိန်း​ဒေါင် အပါအဝင် စစ်အုပ်စုထောက်ခံသူ သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေကို စစ်ကော်မရှင်က အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် လူမှုထူးချွန်ဆုတွေ ချီးမြှင့်လိုက်တယ်လို့သိရပါတယ်။
Read More

ဆန္ဒပြပြည်သူကို တူမီးဖြင့် ကာကွယ်ပေးခဲ့သည့် ချင်းတော်လှန်ရေးတပ်များ အချင်းချင်း လက်တွဲပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ချင်းဒေသကို လက်တွဲထူထောင်နိုင်ဖို့ မျှော်လင့်ကြောင်း NUG ပြော

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒီနေ့မှာ ကျရောက်တဲ့ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ချင်းလူထုကို ဦးဆောင်နေတဲ့ ချင်းတော်လှန်ရေးတပ်တွေ အချင်းချင်း ဆွေးနွေးညှိနှိုင်းတိုင်ပင်ကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ချင်းဒေသကို အတူတကွ လက်တွဲထူထောင်နိုင်ဖို့ မျှော်လင့်ကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။
Read More

အညာမြေတပ်ပေါင်းစု စခန်းခွဲတစ်ခု လေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၃ ဦး ကျဆုံး

အညာမြေတပ်ပေါင်းစု (MUGDF) ရဲ့ စခန်းခွဲတစ်ခုကို စက်တင်ဘာ ၂၈ ရက် မနေ့က ညနေပိုင်းမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ရဲဘော် ၃ ယောက် ကျဆုံးခဲ့ရတယ်လို့ အညာမြေတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ဒရုန်းတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ် (၁)လုံး ပျက်စီး

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တရုတ်ထိန်းချုပ် ဆိုရှယ်မီဒီယာဟု လူသိများ‌သော Tiktok က မြန်မာစစ်တပ်ပိုင် MWD News (မြဝတီသတင်း) စာမျက်နှာကို ဖယ်ရှားဖြုတ်ချ

တရုတ်ထိန်းချုပ် ဆိုရှယ်မီဒီယာလို့ လူသိများ‌တဲ့ Tiktok က မြန်မာစစ်တပ်ပိုင် MWD News (မြဝတီသတင်း) စာမျက်နှာကို ဖယ်ရှားဖြုတ်ချလိုက်တယ်လို့ သိရပါတယ်။