မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ရှေ့ပြေးစစ်ကြောင်းတစ်ဖွဲ့လုံး ချေမှုန်းခံခဲ့ရပြီး လက်နက်ချတဲ့ စစ်ကော်မရှင်တပ်သားတွေကို အချင်းချင်း ပြန်လည်ပစ်ခတ်သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ OneMore စစ်ကြောင်း-Mgn District က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်က မိတ္ထီလာတပ်မ ၉၉ ကနေ အင်အား ၂၃၀ ခန့်နဲ့ မလှိုင်မြို့နယ် အနောက်ခြမ်းကျေး ရွာကို ဝင်ရောက်မွှေနှောက် ဖျက်ဆီးခဲ့တဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်ကော်မရှင်စစ်ကြောင်းဟာ ဒီဇင်ဘာ ၂ ရက်မှာ တောင်သာမြို့နယ် တောင်ခြမ်းတစ်နေရာကို ၃ ဖွဲ့ခွဲပြီး ချီတက်လာစဉ် တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်ရဲ့ ရှေ့ပြေးစစ်ကြောင်းတစ်ခုလုံး ချေမှုန်းခံခဲ့ရပြီး ထပ်မံတက်လာတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားနေချိန် လက်နက်ချတဲ့ စစ်ကော်မရှင်တပ်သားတွေကို အချင်းချင်း ပြန် လည်ပစ်ခတ် သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား အများအပြားသေဆုံးကာ လက်နက်ကြီး၊ စနိုက်ဘာတွေနဲ့ အပြင်းအထန် ပစ်ခတ်လာပြီး တော်လှန်ရေးရဲဘော်တွေ ခဲယမ်းမလုံလောက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို OneMore စစ်ကြောင်းနဲ့အတူ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Taungtha People Defense Force(TTA) ၊ DSNDA (ဓနုပြည်အမျိုးသားကာကွယ်ရေးတပ်မတော်)၊ PPGF (ပုပ္ပါး)နဲ့ ဝဲလောင်တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်သာ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး OneMore စစ်ကြောင်းက ရဲဘော် ၂ ယောက်နဲ့ TTA- PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Video – OneMore စစ်ကြောင်း-Mgn District

0 Shares:
You May Also Like
Read More

ခပေါင်းချောင်းရေ မြင့်တက်လာသည့်အတွက် တောင်ငူမြို့ အနိမ့်ရပ်ကွက်အချို့နှင့် ကျေးရွာများ ချောင်းရေဝင်ရောက်ကာ အရေးပေါ်ရွှေ့ပြောင်းနေရ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ခပေါင်းချောင်းရေ မြင့်တက်လာတဲ့အတွက် ရပ်ကွက်အချို့နဲ့ ကျေးရွာ တွေမှာ ချောင်းရေဝင်ရောက်လာပြီး အရေးပေါ်ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တရုတ်-မြန်မာနယ်စပ်မြို့ ကန်ပိုက်တီကို KIA စတင်တိုက်ခိုက်ထိုးစစ်ဆင်နေ (ရုပ်/သံ)

ကချင်ပြည်နယ်မှာ နောက်ဆုံးကျန်ရှိနေတဲ့ တရုတ်-မြန်မာနယ်စပ်မြို့ ကန်ပိုက်တီကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က စတင်ထိုးစစ်ဆင် တိုက်ခိုက်နေပြီဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

Yoma Fighter စစ်ကြောင်း ဖွဲ့စည်းတည်ထောင်ခြင်းနှင့် စစ်ကြောင်းမွန်းမံ သင်တန်းဆင်းပွဲ ကျင်းပပြီးစီး (ရုပ်/သံ)

Yoma Fighter စစ်ကြောင်း ဖွဲ့စည်းတည်ထောင်ခြင်းနှင့် စစ်ကြောင်းမွန်းမံ သင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ ၅ ရက်က ပဲခူးရိုးမအတွင်းရှိ လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြီးစီးခဲ့တယ်လို့ Nay Pyi Taw PDF က ဒီကနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ Yoma Fighter စစ်ကြောင်းကို နေပြည်တော်တိုင်းစစ်ဌာန၊ စစ်ဗျူဟာအမှတ်(၁၇) တပ်ရင်းအမှတ် ၉၀၂၊ တပ်ရင်းအမှတ် ၈၀၄ နဲ့ သရက်ခရိုင်အမှတ် ၁ တပ်ရင်းတို့နဲ့ ပူးပေါင်းဖွဲ့စည်းထားတာဖြစ်တယ်လို့ သိရပါတယ်။
Read More

Loikaw Local PDF တည်ထောင်ခြင်း ၁ နှစ်ပြည့်မှာ ရဲဘော်တွေအတွက် လက်နက်ခဲယမ်းနဲ့ အကာအကွယ်ပစ္စည်းတွေတပ်ဆင်ပေး (ရုပ်/သံ)

Loikaw Local PDF ဖွဲ့စည်းတည်ထောင်ခြင်း ၁ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၃၁ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ရဲဘော်တွေအတွက် လက်နက်ခဲယမ်းနဲ့အကာအကွယ်ပစ္စည်းတွေ တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကပစ ၂၂ ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂)ကနေ မြင်းခြံမြို့သို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်ကို နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းက ပခုက္ကူခရိုင် ၁၀ မိုင်လမ်းဆုံနဲ့ ဆိပ်ဖြူမြို့ကြားမှာ တိုက်ခိုက်ခဲ့တယ်လို့ Yenanthar Youth Force အဖွဲ့ထံက သိရပါတယ်။
Read More

နေပြည်တော် PDF နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တောင်းမြစ်အနောက်ဘက်ကမ်းသို့ စစ်တပ် ပြန်လည်ဆုတ်ခွာ (ရုပ်/သံ)

နေပြည်တော် PDF နဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ထိတွေ့တိုက်ပွဲအတွင်း ၆၀ မမ လက်နက်ကြီး ပစ်ကူပေးနေတဲ့ ရုပ်သံဖိုင်ကို တပ်ရင်း 805 - Nay Pyi Taw PDF က ထုတ်ပြန်လိုက်ပါတယ်။