မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ တပ်မ ၉၉ စစ်ကြောင်းကို တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား အယောက် ၃၀ ကျော် သေဆုံးပြီး လက်နက်ချဖို့ ကြိုးစားသူတွေကိုလည်း စစ်တပ်က အချင်းချင်း ပြန်လည်ပစ်သတ်ခဲ့ကြောင်း Taungtha People Defense Force (TTA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကစပြီး မိတ္ထီလာတပ်မ (၉၉) ကနေ ထွက်ခွာလာတဲ့ အင်အား ၂၀၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းဟာ မလှိုင်မြို့နယ်အနောက်ခြမ်းကို စိတ်ကြိုက်မွှေနှောက်ရင်း နယ်မြေချင်းထိစပ်နေတဲ့ တောင်သာမြို့နယ်အတွင်း ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့သလို ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း တောင်သာမြို့နယ် တောင်ဘက်တစ်နေရာမှာ အချိန် ၃ နာရီကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေက အဖွဲ့၃ ခု ခွဲတက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရှေ့ပြေးစစ်ကြောင်း ၁ခုကို မီတာ၅၀အကွာကနေ အထိအခိုက် အသေအဆုံးများအောင် ချေမှုန်းနိုင်ခဲ့ပြီး ဒုတိယအကြိမ်တက်လာတဲ့ စစ်ကြောင်းနဲ့လည်း ထိတွေ့မှု ထပ်ဖြစ်ခဲ့ပါတယ်။

အဲ့ဒီလို နှစ်ဖက်ပစ်ခတ်နေချိန် လက်နက်ချဖို့ ကြိုးစားသူတွေကို စစ်အုပ်စုက အချင်းချင်း ပြန်လည်ပစ်သတ်တာမျိုးတွေ လုပ်ဆောင်ခဲ့ကြောင်း Taungtha People Defense Force (TTA) တာဝန်ရှိသူက ပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းအား တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ Taung Tha People Defense Force (TTA-PDF))

“ကျနော်တို့ဘက်က လက်နက်ချလို့ အော်တော့ တက်လာတာ ၁၀ယောက်လောက်ရှိမယ်။ လက်နက်တွေမြှောက်ပြီး တက်လာတာ၊ ယာခင်းအလယ်နားရောက်တော့ နောက်ကနေ ပစ်တာခံရပြီး အကုန်လုံးသေကုန်တာပါပဲ။ ပစတော့ မဟုတ်လောက်ဘူး။ ဘာလို့ဆို သူတို့အားလုံး တပ်မ ၉၉ တံဆိပ်တွေနဲ့ပါ” လို့ Taungtha People Defense Force (TTA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က အယောက် ၃၀ ကျော် သေဆုံးထားပေမယ့် နောက်ချန်ကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်တာ၊ စနိုက်ဘာနဲ့ တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့ကြောင်းနဲ့ ကျည်ဆန်ခဲယမ်း အခြေအနေတွေကြောင့် တော်လှန်ရေးတပ်တွေလည်း ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် အထိနာနေတဲ့ စစ်အုပ်စုကို ရှေ့တက်လုံးဖို့ ကြိုးစားတဲ့ တော်လှန်ရေးရဲဘော် ၃ယောက်လည်း စနိုက်ဘာကျည် ထိမှန်ပြီး ကျဆုံးခဲ့ရကြောင်း Taungtha People Defense Force (TTA) တာဝန်ရှိသူက ပြောပါတယ်။

“လက်နက်ကောက် တက်လုံးချိန် စနိုက်ဘာထိတာပါ။ အရမ်းနီးတော့ ကိုယ့်ဘက်က ကျည်ကုန်ပြီလို့ အချင်းချင်းပြောတာ သူတို့ကြားတယ်။ အဲ့အချိန် ရန်သူက အားတက်ပြီး တက်လာတာ အဲ့မှာ ပြန်ဆုတ်ခဲ့ရတာပါ။ နောက်ပြီး ကျနော်တို့ စစ်ကြောင်းမှူး ထိတာလည်းများတယ်။ အခုတော့ သက်သာနေပါပြီ။ ပြန်ဆုတ်ခဲ့တာ အဲဒါကြောင့်လည်းပါတယ်” လို့ Taungtha People Defense Force (TTA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းကို Taungtha People Defense Force (TTA)နဲ့အတူ One More စစ်ကြောင်း၊ DSNDA (ဓနုအမျိုးသားကာကွယ်ရေးတပ်မတော်) ၊ PPGF (ပုပ္ပါး) နဲ့ ဝဲလောင်တိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောင်သာ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

လက်ရှိအခြေအနေအရ မိတ္ထီလာကလာတဲ့ အထက်ပါ စစ်ကြောင်းဟာ သူတို့စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် လမ်းပိုင်းတွေမှာ နင်းမိုင်းတွေထောင်ထားခဲ့သလို တောင်သာအနောက်ခြမ်းကတဆင့် ညောင်ဦးမြို့နယ်အတွင်း ဝင်ရောက်သွားကြောင်းနဲ့ မြင်းခြံမြို့ကနေ လာတဲ့ စစ်ကြောင်းကတော့ မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာ ၃ မြို့နယ်ဆုံရာ ကျေးရွာတွေကို စစ်ကြောင်းဝင် မီးရှို့နေကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ပုသိမ်- မုံရွာလမ်းပိုင်းမှာ PDF တွေ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ် (ဓာတ်ပုံသတင်း)

အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ၄ နာရီကျော်ကြာ လုံခြုံရေး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။
Read More

Southern Eagle PDF က ရဲဘော်တွေကို ကျည်ကာ Vest နဲ့ Helmet တွေ တပ်ဆင်ပေး (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Southern Eagle PDF က ရှေ့တန်းက ရဲဘော်တွေကို အောက်တိုဘာ ၇ ရက်က ကျည်ကာတွေဖြစ်တဲ့ Vest နဲ့ Helmet တွေ တပ်ဆင်ပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အာဆီယံအစည်းအဝေးမှာ ဝိုင်းဝန်းကန့်ကွက်နေတဲ့ စစ်ကောင်စီရဲ့ ကိုယ်စားပြု အရာရှိတစ်ယောက် တက်ရောက်ဦးမယ်လို့ဆို

လာအိုမှာ ကျင်းပမယ့် အာဆီယံ အစည်းအဝေးမှာ မြန်မာနိုင်ငံက စစ်ကောင်စီကိုယ်စားပြု နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတစ်ယောက် တက်ရောက်ဖွယ်ရှိတယ်လို့ စစ်ကောင်စီရဲ့ ပြောကြားမှုကို NIKKEI Asia သတင်းဌာနက ကိုးကားရေးသားထားပါတယ်။ အောက်တိုဘာ ၉ ရက်နေ့မှာ…
Read More

အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၃ အတွက် ပြင်ဆင်နေတဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး… (ဓာတ်ပုံသတင်း)

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) က ရဲဘော်တွေအနေနဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၃) အတွက် ပြင်ဆင်စုဖွဲ့နေကြတဲ့ ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်ရေးတင်းမာနေသည့် မတ္တရာတွင် စစ်ကောင်စီ လက်နက်ကြီးဖြင့် အဆက်မပြတ် ရမ်းပစ်နေ၊ မတ်လ ဒုတိယပတ်အစမှာ အရပ်သား၂ ဦး သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မတ်လ ဒုတိယပတ်အစမှာပဲ အရပ်သား၂ယောက် သေဆုံးခဲ့တယ်လို့ Voice of Mandalay ရဲ့ဖော်ပြချက်အရ သိရပါတယ်။
Read More

၂၀၂၅ ခုနှစ် ဇွန်လအတွင်း စစ်ကောင်စီတပ်ထံမှ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၂၇၀ ဦး ရှိဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ဇွန်လအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဆီက အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း အယောက် ၂၇၀ ရှိတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။