အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ခင်ဦးမြို့နယ်က ဗျူဟာလမ်းပိုင်းကို လေကြောင်းတိုက်ခိုက်မှု များစွာပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

ဒီဇင်ဘာ ၁၈ ရက် မနေ့ နေ့လယ် ၃ နာရီခွဲလောက်မှာ ရွှေဘို-မြစ်ကြီးနားအထိ ဖောက်လုပ်ထားတဲ့ ဗျူဟာလမ်းပိုင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၄ စီး၊ ဂျိုင်ရိုကော်မတာ ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ယောက် မီးလောင်သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

မီးလောင်သေဆုံးခဲ့သူဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း မသိရသေးသလို လေကြောင်းပစ်ခတ်မှုကြောင့် ဆီပေပါတွေ သယ်ဆောင်လာတဲ့ ၁၂ ဘီးကား မီးလောင်ပျက်စီးပြီး ဆိုင်ကယ်နဲ့ ဆီဘောက်ဆာကားတွေလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“အရပ်သားပြည်သူတွေကို စစ်မြေပြင်မှာ တိုက်သလိုမျိုး သဲသဲမဲမဲ ဗုံးသီးတွေချတယ်။ ရော့ကတ်တွေပစ်တယ်။ ဖိုက်တာပေါ်ကနေ စက်သေနတ်တွေ ပစ်တယ်။ တစ်စီး တစ်စီး လာပြီး ၃/၄ ပတ် ပတ်ပြီးတော့ ချသွားတယ်။ ၁၂ ဘီးကားပေါ်မှာ တင်ထားတဲ့ ဆီပေပါတွေဆိုရင် ၂ ထပ်ပေါ့နော်။ ၂ ထပ် ဆီပေပါတွေရော.. ဆီပေပါ ရာချီ မီးလောင်ဆုံးရှုံးသွားတယ်။ မီးလောင်သေဆုံးနေတဲ့ Dead Body ကိုတောင်မှ မိန်းကလေးလား၊ ယောက်ျားလေးလား၊ လူကြီးလား၊ လူလတ်ပိုင်းလားဆိုတာ ခွဲခြားလို့မရတဲ့ အခြေအနေမျိုးတစ်ခုကို ကျနော်တို့ မြင်ခဲ့ရပါတယ်။ လုံးဝကို လောင်ကျွမ်းသွားတာဖြစ်တဲ့အတွက် ခန့်မှန်းရခက်တယ်” လို့ ခင်ဦး ပအဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုပြီးတဲ့နောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အဆိုပါနေရာမှာရှိတဲ့ ကျန်တဲ့ကားတွေကို နေရာပြောင်းရွှေ့တာမျိုး ချက်ချင်းလုပ်ဆောင်ခဲ့ရတယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ခင်ဦး-ကန့်ဘလူနယ်စပ်ဖြစ်တဲ့ ကျီကျင်းမှာ ဂိတ်ချထားတာကြောင့် ခင်ဦးဘက်ကနေ ကန့်ဘလူဘက် တက်မယ့်ကားတွေ ပိတ်ဆို့နေတာြဖစ်ကာ ဒေသခံတွေ ဗျူဟာလမ်းပိုင်းတစ်ခုကိုသာ အသုံးပြုနေရတဲ့အတွက် ယာဥ်ကြောပိတ်ဆို့နေချိန် စစ်တပ်က အခုလို လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ကန့်ဘလူဘက်မှာ ခွေးတွေက လမ်းကိုပိတ်ချထားတာ ၂ ပတ်လောက် ရှိသွားပါပြီ။ ပိတ်ချထားတဲ့အတွက် ကျနော်တို့ ခင်ဦးဘက်ကနေပြီးတော့ မြောက်ဘက်ကို တက်မရတော့ဘူး။ ကန့်ဘလူဘက်ကို တက်မရဘူး။ ဒါကြောင့်မို့ အခု ဗျူဟာလမ်းကြီးတစ်လျှောက်လုံးမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေတာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတာပဲ” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

အကြမ်းဖက်စစ်တပ်က သူတို့ပိတ်ထားတဲ့ ကန့်ဘလူလမ်းပိုင်းကို ဒီနေ့အထိ ပြန်လည်ဖွင့်ပေးခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ဒီဇင်ဘာ ၁၇ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်က ခင်ဦးမြို့နယ် အရှေ့ခြမ်း စစ်ရှောင်တွေ နေထိုင်တဲ့နေရာကို လေကြောင်းတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်ပိုင်းစစ်ဒေသမှာ ရေဘေးသင့် ပြည်သူတွေကို PDF နဲ့ ပကဖ ရဲဘော်တွေ ကူညီကယ်ဆယ်ရေးပြုလုပ်နေ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်း၊ စစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ထောက်ပံ့ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ၇ လကျော်အတွင်း ပြည်သူ ၁၅၀ နီးပါး သေဆုံးဟု AAPP ထုတ်ပြန်

နိုင်ငံတဝန်း အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၇ လကျော်အတွင်း အရပ်သား ပြည်သူ ၁၅၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF – Khayan) တည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနား

ရန်ကုန်တိုင်းမှာ အခြေစိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်ရှိ ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF-Khayan) ရဲ့ တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို မေလ (၁၅) ရက် မနေ့က နယ်မြေအခြေအနေကြောင့် အွန်လိုင်းမှာသာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အညာဒေသအခြေစိုက် Rocket Fighter တပ်ဖွဲ့၏ ခဲယမ်းသိုလှောင်စခန်း မီးလောင်ပျက်စီးမှု ကျပ်သိန်း ၅၀၀ ခန့် တန်ဖိုးရှိ ခဲယမ်းများ ပျက်စီးဆုံးရှုံးခဲ့

အညာဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် တစ်ခုဖြစ်တဲ့ Rocket Fighter တပ်ဖွဲ့ရဲ့ ခဲယမ်းသိုလှောင်စခန်း မီးလောင်မှုဖြစ်ပွားကာ ကျပ်သိန်း ၅၀၀ ခန့် တန်ဖိုးရှိ ခဲယမ်းတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စု ဒရုန်းဗုံးသီးနှင့် ပစ်ခတ်မှု တော်လှန်ရေးရဲဘော် တစ်ဦး ကျဆုံး၊ ဒေသခံတစ်ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ရှပ်ပုံရွာအနီး ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်အုပ်စုက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးရဲဘော် ၁ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁) ဆီက သိရပါတယ်။
Read More

ဖဲဝိုင်းမှ ပြန်လာသည့် အုပ်ချုပ်ရေးမှူး သေနတ် ၅ ချက် ပစ်ခံရပြီး နေရာတင် သေဆုံး

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်မှာ ဖဲဝိုင်းက ပြန်လာတဲ့ အမှတ် (၉) ရပ်ကွက် (ဖအောင်ဝဲ) အုပ်ချုပ်ရေးမှူး ခင်ဝင်းကို လမ်းပိုင်းတစ်နေရာကနေ စောင့်ကြိုပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Nine Stars Underground Force , Bago Region တာဝန်ရှိသူ မြွေပွေးက မောင်းကို ပြောပါတယ်။