ဒီနေ့ကနေ လာမယ်နှစ် ဇန်နဝါရီ ၅ရက်နေ့အတွင်း အရေးကြီးကာလအဖြစ် သတ်မှတ်လိုက်ပြီး လူစုလူဝေးနဲ့ ဝတ်ပြုဆုတောင်းတာ၊ နေထိုင်သွားလာတာနဲ့ ပျော်ပွဲရွှင်ပွဲတွေ လုပ်တာကို တားမြစ်လိုက်တာ ဖြစ်ပါတယ်။

“ရန်သူကလည်း သူ့အလုပ်သူ လုပ်နေသည်။ မိမိတို့သည်လည်း သတိကြီးစွာ နေထိုင်သွားလာရမည်။ မိမိအလုပ် မိမိတို့ လုပ်ကြရမည်။ (မူဆို မီးရှို့သတ်ဖြတ်မှုကြီး) ကဲ့သို့ မဖြစ်စေရန်အတွက် သတိပေးပါသည်” လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရန်သူစစ်တပ်ဟာ တော်လှန်ရေးတပ်သားတွေရဲ့ အားနည်းချက်ကို ရယူကာ ၁၉၈၅ ခုနှစ်ကနေ ဒီနေ့အထိ ခရစ္စမတ်နဲ့ နှစ်သစ်ကူးအချိန်မှာ သတ်ဖြတ်တာ၊ ရာဇဝတ်မှုနဲ့ ယုတ်မာမှု ကျူးလွန်တာတွေကို တွေ့ကြုံခံစားနေရတယ်လို့ ဆိုပါတယ်။

“ကရင်နီပြည်သူလူထုက ဒီတခါနဲ့ဆိုရင် မိအေး လေးခါနာသွားပြီ။ အဆုံးစွန်ရောက်သွားပြီ။ ဆင်လိုက်ရှာတယ်။ အကောင်တွေ့ပြီပဲ၊ ဆင်ကောင်မမြင် မတွေ့ချင်ယောင်ဆောင်ပြီး ဆင်ခြေရာလိုက်ရှာကြဦးမလား”လို့ ဆိုထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးသက်တမ်း နှစ် ၅၀ကျော်အတွင်း နိုင်ငံရေးလိမ်လည်မှုတွေ ကြုံတွေ့ခဲ့ရပြီး ၁၉၇၄၊ ၁၉၉၀နဲ့ ၂၀၁၀ တွေမှာ အာဏာရှင်အဆက်ဆက်က လိမ်လည်မှု လုပ်ခဲ့သလို လာမယ့် ၂၀၂၅ ဒီဇင်ဘာ ၂၈  ရက်နေ့မှာလည်း နိုင်ငံရေးလိမ်လည်မှုတွေ ဆက်ဖြစ်လာဦးမယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့နှစ် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့တုန်းက ခရစ္စမတ်အကြိုကာလမှာ အကြမ်းဖက်စစ်တပ်က ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မူဆိုကျေးရွာကိုအနီး စစ်ကြောင်းထိုးလာပြီး ဒေသခံ အယောက် ၄၀ ခန့်ကို မီးရှို့သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

လုံခြုံရေးအရ အာမခံနိုင်မယ့် မဲဆန္ဒနယ် ၁၆၀ ကျော်မှာ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေ

၂၀၂၅ မှာ စစ်ကောင်စီဘက်ကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးမှာ မဲဆန္ဒနယ် ၁၆၀ ကျော်လောက်ပြုလုပ်နိုင်မယ့် အနေအထားရှိတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

အင်းတော်တွင် စစ်ကော်မရှင်တပ် ချန်ခဲ့သည့် ဗုံးသီးပေါက်ကွဲပြီး ဒေသခံ ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ စစ်ကော်မရှင်တပ် ချန်ခဲ့တဲ့ ဗုံးသီး ပေါက်ကွဲပြီး ဒေသခံတစ်ယောက် သေဆုံးခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

အမြန်လမ်းပေါ် ပိုက်ဆံရှာနေတဲ့ စစ်အုပ်စု လက်ပစ်ဗုံးနဲ့ ပစ်ခံရလို ၁ယောက်သေ၊ ၂ယောက်ဒဏ်ရာရ၊ ဒေါက်တာဇော်မြင့်မောင်အတွက် သွေးကြွေးဆပ်တာ ဖြစ်တယ်လို UG ခေါင်းဆောင်ပြော

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း (လမ်းဟောင်း) ပေါ်မှာ ကားရပ်ပြီး ငွေညှစ် စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၁ ယောက် သေပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရကြောင်း Mother Son မြို့ပြ UG အဖွဲ့ ဦးစီးမှူး ဗိုလ်နိုင်က မောင်းကို ပြောပါတယ်။
Read More

ဝေါမြို့နယ်မှာ စစ်ကောင်စီရဲ့ X-Ray စစ်ဆေးဂိတ်ကို ရှော့တိုက်ဒုံးများနှင့် ပစ်ခတ်ခဲ့…

ပဲခူးခရိုင်၊ ဝေါမြို့နယ်က ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ X-Ray စက်တပ်ဆင်ထားတဲ့ စစ်ဆေးရေးဂိတ်ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ဆီက သိရပါတယ်။
Read More

စဉ့်ကူးနှင့် သပိတ်ကျင်းကို စစ်ကောင်စီ ရှေ့ဆင့်နောက်ဆင့် လေကြောင်းတိုက်ခိုက်၊ ကလေးငယ်များ အပါအဝင် အရပ်သား ၆ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ယောက်ထက်မနည်း ရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ကရင်ပြည်နယ် ပြည်သူ့ရင်ခွင် Camp ရှိ CDM စစ်သား၊ ရဲနှင့် မိသားစုဝင်များကို အခြေခံရိက္ခာ ထောက်ပံ့ပေး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပြည်သူ့ရင်ခွင် Camp က CDM စစ်သား၊ ရဲနဲ့ မိသားစုဝင်တွေ ဩဂုတ်လ ၁၁ ရက်မှာ အခြေခံရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ပါတယ်။