စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ယာဉ်တွေပိတ်ဆို့နေတဲ့ နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၈ ရက် မနေ့ မနက်ပိုင်းကနေ ညနေပိုင်းအထိ ခင်ဦးမြို့နယ်အတွင်း ခရီးသွားယာဉ်တွေနဲ့ ကုန်စည်သယ်ဆောင်ရေးကားတွေ ယာဉ်ကြောပိတ်ဆို့နေချိန် အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၄ စီး၊ ဂျိုင်ရိုကော်ပတာ ၃ စီး အသုံးပြုပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ လမ်းပိုင်းမှာရှိတဲ့ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိကာ ကုန်စည်သယ်ဆောင်ရေးကား၊ ခရီးသွားကား၊ ဆီဘောက်ဆာယာဉ်ကားတွေအပြင် ဆိုင်ခန်းတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ခင်ဦး-ကန့်ဘလူအစပ် ကျီးကျင်မှာ ဂိတ်ချပြီး ခင်ဦးဘက်ကနေ ကန့်ဘလူဘက် တက်လာမယ့်ကားတွေကို တားဆီးပိတ်ဆို့ထားကာ ယာဉ်ကြောပိတ်ဆို့နေချိန် လေကြောင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

စစ်အုပ်စုကို ဒရုန်းဗုံးကြဲခဲ့သည့်ရုပ်သံ အမှတ် ၁၀၀၅ တပ်ရင်း ရှမ်းတောင် ထုတ်ပြန်

အကြမ်းဖက် စစ်ကော်မရှင်တပ်နဲ့ သူ့လက်အောက်ခံ PNA တပ်တွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြို့သာစက်မှုဇုန်မှ အင်အား ၇၀ ဖြင့် ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြို့သာစက်မှုဇုန်ကနေ အနောက်ဘက်သို့ ထွက်လာတဲ့ အင်အား ၇၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ဇန်နဝါရီ ၃ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ TGYR-​​ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ထိုင်း-ကရင်နီ နယ်စပ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တောင်ကတုံးစခန်းကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ (ရုပ်/သံ)

ထိုင်း-ကရင်နီနယ်စပ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တောင်ကတုံးစစ်စခန်းကုန်းကို ဖေဖော်ဝါရီ ၁၃ ရက်က ကရင်နီပြည်တပ်မတော် (KA) က သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

နေပြည်တော် ဟိုတယ်အေးချမ်းသာမှာ ပိတ်မိနေသည့် အမျိုးသား ၁ ယောက်ကို ငလျင်လှုပ်ခတ်ပြီး ၅ ရက်အကြာမှာ ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

နေပြည်တော် ဥတ္တရသီရိမြို့နယ် ဟိုတယ်အေးချမ်းသာအဆောက်အအုံမှာ ပိတ်မိနေသူ ၂ ယောက်ထဲက ၁ ယောက်ကို  ဒီနေ့ မတ်လ ၂ ရက် မနက်အစောပိုင်းမှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေကုက္ကိုလ်နယ်မြေရှိ ၁၂ ထပ် ကျားဖြန့်အဆောက်အအုံကို စစ်ကော်မရှင် ဖြိုချဖျက်ဆီးပြ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်နယ်မြေရှိ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရာ ၁၂ ထပ်ရှိတဲ့ အဆောက်အအုံကို စစ်ကော်မရှင်က ဒီနေ့ ဖောက်ခွဲ ဖြိုချပြခဲ့ပါတယ်။
Read More

MNDAA တပ်များ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်သည့် လားရှိုးမြို့တွင် စစ်ကောင်စီ ဆေးရုံဖွင့်ပွဲ ပြုလုပ် (ရုပ်/သံ)

MNDAA တပ်တွေ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်တဲ့ လားရှိုးမြို့မှာ စစ်ကောင်စီက မေလ ၂ ရက် ဒီနေ့ မနက်ပိုင်းမှာ ဆေးရုံဖွင့်ပွဲပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။