အကြမ်းဖက်စစ်တပ်ဟာ အတုအယောင်ရွေးကောက်ပွဲအကြို မြေပြန့်ဒေသ နယ်မြေစိုးမိုးရေးအဖြစ် အင်ပြည့်အားပြည့်နဲ့ စစ်ကြောင်းထိုးရာမှာ စစ်မှုထမ်းအင်အားတွေကို အဓိက အသုံးချလာကြောင်း၊ သင်တန်းကာလနဲ့ သင်တန်းကျောင်းတွေကိုလည်း အရင်ထက်ပိုပြီး တိုးချဲ့ဖွင့်လှစ်လာကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ  ကိုနောင်ရိုးက မောင်းကို ပြောပါတယ်။

ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၅ နှစ်လယ်ပိုင်းကာလတွေမှာ အကြမ်းဖက်စစ်အုပ်စုက သူတို့ရဲ့ စစ်အင်အားချိ့နဲ့မှုကို ကုစားဖို့ နိုင်ငံတဝှမ်း နည်းလမ်းမျိုးစုံနဲ့ စစ်မှုထမ်းအင်အားတွေကို ဖြည့်တင်းခဲ့ပြီး ရရှိလာတဲ့ ပစ (စစ်မှုထမ်း) အင်အားတွေကို သုံးကာ သူတို့အရေးနိမ့်နေတဲ့ ရှမ်းမြောက်အပါအဝင် ရခိုင်၊ ချင်း၊ ကချင်၊ ကရင်နီနဲ့ စစ်ကိုင်းစစ်မျက်နှာတွေမှာ အင်အားဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုအနေနဲ့ ရက်တိုသင်တန်းတွေပေးပြီး စေလွှတ်ထားတဲ့ ပြည်သူ့စစ် ခေါ် စစ်မှုထမ်းအင်အားတွေကို ရှေ့တန်းစစ်မြေပြင်အတွင်း တော်လှန်ရေးတပ်တွေနဲ့ တိုက်ခိုက်ရာမှာ လူသားဒိုင်းပုံစံ အသုံးချခဲ့ပြီး ပြည်သူကို ပြည်သူနဲ့ ပြန်တိုက်တဲ့ ချွေစစ်ပုံစံမျိုးတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ၂၀၂၅ နှစ်ကုန်ပိုင်းကာလတွေမှာတော့ အဲ့ဒီ စစ်မှုထမ်းအင်အားတွေနဲ့ပဲ စစ်ရေးအရအသာစီးရယူနိုင်တဲ့အထိ စစ်အုပ်စုက အမြတ်ထုတ်နိုင်ခဲ့ပြီး ခုခံစစ်ကနေ ထိုးစစ်၊ နယ်မြေရှင်းလင်းရေးတွေအထိပါ အင်ပြည့်အားပြည့် လုပ်ဆောင်လာနေပြီဖြစ်တယ်လို့ ကိုနောင်ရိုးက ပြောပါတယ်။

“ပစတွေကို ခြေလျင်တိုက်ခိုက်ရေးကို ပို့ပြီး ရှေ့တန်းမှာအသုံးချတယ်။ ၂၀၂၄နှစ်ကုန်ပိုင်းကနေ ၂၀၂၅ ခုနှစ်အထိတော့ ပစတွေကို ရှေ့တန်းမှာ လူသားဒိုင်း လူသားလှိုင်းပုံစံနဲ့ အသုံးပြုခံရတယ်။ ပြည်သူကို ပြည်သူနဲ့ပြန်တိုက်တဲ့ ချွေစစ်ပုံစံမျိုးမှာ အသုံးချခံခဲ့ကြရတယ်။ အခုကျ တန်ပြန်ထိုးစစ်တွေအပြင် ရွေးကောက်ပွဲကာလ နယ်မြေစိုးမိုးရေး၊ ရှင်းလင်းရေးတွေမှာ အင်ပြည့်အားပြည့်နဲ့ အသုံးချခံလာရတယ် ” လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက မောင်းကိုပြောပါတယ်။

“အရင်ကဆို မြေပြန့်ဒေသစစ်ကြောင်းဆို အင်အား ၁၀၀ ဝန်းကျင်လောက်ပဲရှိရာက အခုဆို အင်အား ၂၅၀၊ ၃၀၀ လောက်အထိ သုံးပြီး စစ်ကြောင်းတွေ ထိုးလာတယ်ပေါ့။ ဒီလိုစစ်ကြောင်းတွေမှာ ပစတွေက ၇၅ရာခိုင်နူန်းကနေ ၈၀ အထိ ပါလာပါတယ်။ ခုခံစစ်ကနေ အခုဆို ထိုးစစ်တွေပါလုပ်နိုင်တဲ့အထိ စစ်မှုထမ်း ပစတွေရဲ့အားက သူတို့အတွက် အမြတ်ထွက်ခဲ့တယ်။ တန်ပြန်ထိုးစစ်၊ ခုခံစစ်၊ နယ်မြေထိုးစစ်လို လူအင်အားအသုံးပြုရတဲ့ နေရာတွေမှာ ပစအင်အားတွေကို အသုံးချခဲ့တယ်။ နိုင်ငံအနှံ့ စစ်ဆင်ရေးတွေ၊ ခုခံစစ်ကနေ ထိုးစစ်အထိကိုလည်း ပစတွေကို အသုံးပြုလာတယ်” လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ စစ်မှုထမ်းအပတ်စဥ် ၁၄ ကစလို့ သင်တန်းကာလကို ၁၃ပတ်အထိ ထပ်တိုးမြှင့်လိုက်သလို လက်ရှိလုပ်ဆောင်နေတဲ့ အပတ်စဥ် ၁၇ သင်တန်း မပြီးဆုံးသေးခင် အပတ်စဥ် (၂၀) သင်တန်းကိုပါ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ရက်နေ့က ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။

“စစ်မှုထမ်းသင်တန်းသားတွေကို သင်တန်းကာလတိုးမြှင့်တာက ဒီလိုပါ။ အခုဆို ရှေ့တန်းမှာ တိုက်ခိုက်ရေးအင်အားအတွက် ပစအင်အားတွေ သူတို့လိုသလောက် ဖြည့်တင်းနိုင်လာတယ်။ ဒီအတွက် ပစအင်အား အပူတပြင်း လိုအပ်ချက်တွေ လျော့ကျလာတော့ သင်တန်းကာလတိုးမြှင့်တာပါ။ ဟန်ချက်ညီလာသလို သင်တန်းကျောင်းနေရာတွေ တိုးဖွင့်ဖို့ရှိနေတော့ သင်တန်းကာလကို တိုးမြှင့်လာတာပါ။” လို့ MDSI စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက ပြောပါတယ်။

တစ်ဖက်မှာလည်း စစ်မှုထမ်းအင်အားတွေကို လိုသလောက် စုဆောင်းရရှိလာမှုနဲ့အတူ တော်လှန်ရေးတပ်တွေဆီ ထွက်ပြေးအလင်းဝင်တာမျိုးတွေကို ဟန့်တားနိုင်ဖို့ တပ်တွင်းဝါဒဖြန့်တဲ့အနေနဲ့ နှစ်ပြည့်ပြီးသား ကျန်းမာရေးမကောင်းသူတွေနဲ့ အခြေအနေတစ်ခုရှိသူတွေကို ဟန်ပြသင်တန်းဆင်းခိုင်းတာမျိုးတွေလည်း စစ်အုပ်စုက လုပ်ဆောင်နေပါတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ လက်ရှိမှာ နိုင်ငံတဝှမ်း စစ်သင်တန်းကျောင်း (၂၇) ခုအထိ တိုးချဲ့ဖွင့်လှစ်ထားပြီး မူလသင်တန်းကျောင်းတွေအပြင် ခအက၊ တကအ နဲ့ ရလတ (၅၇) တို့မှာပါ အရံသင်တန်းကျောင်းတွေအဖြစ် ထပ်တိုးဖွင့်လှစ် လေ့ကျင့်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တောင်ဥက္ကလာပ ထွေအုပ်ရုံး ဗုံးခွဲခံရမှုအတွင်း ထိခိုက်ခဲ့သည့် ရဲ ၂ ဦးနှင့် ဆယ်အိမ်မှူး ၁ ဦး စံပြဆေးရုံတင်ထားရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်က ထွေအုပ်ရုံး တိုက်ခိုက်ခံရမှုအတွင်း ဆယ်အိမ်မှူး ၁ ယောက်နဲ့ ရဲ ၂ ယောက် ထိခိုက်ခဲ့ပြီး စံပြဆေးရုံတင်ထားရကြောင်း မစ်ရှင်လုပ်ဆောင်ခဲ့တဲ့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပခုက္ကူ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) က တန်ဆောင်မုန်းလပြည့်နေ့မှာ လုံခြုံရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့…

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) က တန်ဆောင်မုန်းလပြည့်နေ့ မနေ့က လုံခြုံရေးဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

BPLA အညာစစ်ဒေသ လေ့ကျင့်တည်ဆောက်ခဲ့မှု (ဓာတ်ပုံသတင်း)

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ အမှတ် (၃၀၈) အညာစစ်ဒေသ ဖြစ်တည်လာဖို့ လေ့ကျင့်တည်ဆောက် ဖြတ်သန်းခဲ့ရတဲ့ မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရန်ကုန်-မန္တလေး ရထားလမ်းပေါ်က စစ်ကောင်စီ ဂိတ်စခန်းများကို တော်လှန်ရေးတပ်များ စီးနင်းမီးရှို့၊ စစ်သား ၈ ဦး သေပြီး ၁ ဦး ပျောက်ဆုံးနေ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး မီးရထားလမ်းပေါ်က စစ်ကောင်စီရဲ့လုံခြုံရေးကင်းစခန်းတွေကို တစ်ချိန်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၈ယောက် သေပြီး ၁ယောက် ပျောက်ဆုံးနေကြောင်း Spring Warriors Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူ (၄) ဦး သေဆုံးပြီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိ၊ နေအိမ် (၄) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း ထိခိုက် ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူး မြိုန့ယ်နဲ့ ရွှေကျင်မြို့နယ်တို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ (၄) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဇီးကုန်းမြို့ KTV မှာ ပျော်ပါးနေသည့် စစ်သား ၇ ဦး တိုက်ခိုက်ခံရပြီး အားလုံး သေ

ပဲခူးတိုင်း၊ ဇီကုန်းမြို့ပေါ် KTV မှာ လာရောက်ပျော်ပါးနေတဲ့ စစ်ကော်မရှင်တပ်သား ၇ ယောက်ကို ဝင်ရောက်တိုက်က်ရာ စစ်သား ၇ ယောက်လုံး သေဆုံးသွားပြီး သူတို့ရဲ့ လက်နက်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ နတ်စစ်သည်တပ်ဖွဲ့ထံက သိရပါတယ်။