စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ၅ ရက်တာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ရဟန်း ၁ ပါး အပါအဝင် ဒေသခံ ၁၇ ယောက် သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network ထံက သိရပါတယ်။

ဒီဇင်ဘာ ၂ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က ဝက်လက်မြို့နယ် အရှေ့ခြမ်း နတ်မှော်ဦးရွာကို ထိတွေ့တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ယောက် သေဆုံးပြီး ၅ယောက် ထိမှန်ဒဏ်ရာရကာ နေအိမ် ၅လုံးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ထုံးဘိုရွာတောင်ဘက်၊ သန်းကုန်းတောတိုက်ကို ဒီဇင်ဘာ ၁၃ ရက်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရကာ နေအိမ် ၈ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ယနေ့ သန်းကုန်းတောတိုက်ကို စစ်အုပ်စု လေကြောင်းဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတစ်ဦး

ဒီဇင်ဘာ ၁၆ ရက်မှာလည်း ဝက်လက်မြို့နယ်နဲ့ ရွှေဘိုမြို့နယ်အစပ်ကို ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့ရာ ရဟန်း ၁ပါး အပါအဝင် ၄ယောက် သေဆုံးပြီး ကား ၃စီး မီးလောင်ကာ နောက်ထပ် ကား ၃စီးလည်း ထိမှန်ပျက်စီးသွားခဲ့ပါတယ်။ အလားတူ ဒီဇင်ဘာ ၁၇ ရက်မှာလည်း ဆည်တောရွာထဲကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ယောက် သေဆုံးပြီး ၅ယောက်ဒဏ်ရာရကာ နေအိမ် ၃လုံး ပျက်စီးခဲ့ပါသေးတယ်။

ဒီနေ့ ဒီဇင်ဘာ ၁၉ ရက် နေ့လယ် ၁နာရီကျော်လောက်မှာလည်း တံတားဦး လေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၁စီးက ထုံးဘိုရွာတောင်ဘက်ရှိ သန်းကုန်းတောတိုက်အနီးကို ပေါင် ၂၅၀ ဗုံးသီး ၂လုံး ကြဲချပြီး ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ရာ ကိုမျိုးအောင် (၃၄နှစ်)၊ ဒေါ်နီ (၅၀နှစ်) နဲ့ ကိုစောထွန်း (၃၀နှစ်) တို့ ဒဏ်ရာရခဲ့ပါတယ်။

“ထိမှန်သွားတဲ့သူတွေထဲက ကုလားမလက်ကောက်ကျရွာက ပြည်သူ ၂ ယောက်ပါမယ်၊ နယ်မြေခံ တစ်ယောက်ပါမယ်။ စုစုပေါင်း ၃ ယောက် ထိခိုက်တယ်ဗျ။ အဲဒီထဲက ကိုစောထွန်းကတော့ ဒဏ်ရာ နည်းနည်းများတယ်။ ကျန် ၂ ယောက်ကတော့ ထိခိုက်မှုနည်းတယ်လို့ သိရတယ်။ သန်းကုန်းကို အရင်ရက်ကလည်း လေကြောင်းတိုက်လို့ ပြည်သူတွေသေဆုံးတာ ရှိသေးတယ်” လို့ Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ ရက်နီးကပ်လာတာနဲ့အမျှ ပြည်သူတွေကို အကြောက်တရား ရိုက်သွင်းဖို့အတွက် စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် လုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်းစုဆောင်းခံခဲ့ရတဲ့ စစ်သားတစ်ယောက်ကို လက်နက်ခဲယမ်းနှင့်တကွ နေပြည်တော် ပကဖ ခေါ်ထုတ်နိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရင်ခွင်ဌာနနဲ့ ချိတ်ဆက်ပြီး လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ အဓမ္မပြည်သူ့စစ်မှုထမ်းစုဆောင်းခံခဲ့ရသူ စစ်ကောင်စီတပ်သား ၁ ယောက်ကို သွားရောက်ခေါ်ထုတ်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော်က ထုတ်ပြန်ထားပါတယ်။
Read More

ရေဖြူမှာ စစ်ကောင်စီက နုဘုလယ် ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်လည်အကောင်အထည်ဖော်နိုင်ဖို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာ၊ လက်နက်နဲ့ ဒရုန်းတွေကို သယ်ဖို့ကြိုးစားနေတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲခံရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ရေကြောင်းကနေ ဒရုန်းနဲ့ လက်နက်ခဲယမ်းသယ်ယူရင်း အခြေစိုက်စခန်းဆီပို့ဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

ရခိုင်လမ်းပိုင်းကို ပိတ်ဆို့ဖို့ ကြိုးစားတဲ့ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ အထက်မင်းလှမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ၁၀ ယောက်သေ…

ရခိုင်ပြည်နယ်၊ အမ်းမြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေအပါဝင် ပုသိမ်-မုံရွာ လမ်းပိုင်းကိုပါ ပိတ်ဆို့ဖို့ကြိုးစားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မကွေးတိုင်း၊ သရက်ခရိုင် ၊ အထက် မင်းလှမြို့နယ်မှာ ၂ ရက်ဆက် ထိတွေ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်မရှိသည့် တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း လုံးဝ မလုပ်ရန် ပဲခူးတိုင်းစစ်ဌာန အမိန့်ထုတ်

ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာတွေ၊ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ) တွေအနေနဲ့ ကိုယ့်နယ်မြေအတွင်း မဟာမိတ်တွေကလွဲလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာ မရှိတဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို လက်ခံထားရှိခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတွေ လုံးဝ မလုပ်ကြဖို့ ပဲခူးတိုင်းစစ်ဌာနက ညွှန်ကြားလိုက်ပါတယ်။
Read More

သပိတ်ကျင်းတွင် ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီး သံဃာတစ်ပါး ပျံလွန်တော်မူ၊ ပြင်ဦးလွင်ခရိုင်ကို နေ့တိုင်းနီးပါး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်နေ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာ ၁ ပါး ပျံလွန်တော်မူပြီး ထိခိုက်ဒဏ်ရာရသူ ၄ ယောက်ရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

သီတင်းကျွတ်လပြည့်နေ့မှာ မြေပြင်တော်လှန်ရေးရဲဘော်တွေဆီ NUG ပြည်ထောင်စုဝန်ကြီးချုပ် သွားရောက်တွေ့ဆုံ (ဓာတ်ပုံသတင်း)

အောက်တိုဘာ ၁၇ ရက် မနေ့က ကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) မှာ မြေပြင်တော်လှန်ရေးရဲဘော်တွေဆီကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သွားရောက်တွေ့ဆုံခဲ့ပြီး ရဲဘော်တွေကလည်း ပြည်ထောင်စုဝန်ကြီးချုပ်ကို အလေးပြုခြင်းနဲ့ ဂါရဝပြုကန်တော့ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။