နိုင်ငံရေးမှာ သဘောထား မတိုက်ဆိုင်တာတွေ ရှိတတ်ပေမယ့် အသက်တွေရင်းထားရတဲ့ တော်လှန်ရေးမှာတော့ သဘောထားတွေကို ဖြစ်နိုင်သမျှ တိုက်ဆိုင်အောင် ကြိုးစားကြရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ အဓိက ဦးတည်ချက် ဘုံရန်သူဟာ အာဏာသိမ်းစစ်တပ်ဖြစ်တယ်ဆိုတာကို မေ့မသွားဖို့ ဝန်ကြီးချုပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“နိုင်ငံရေးမှာ အမြဲတမ်း သဘောထားတိုက်ဆိုင်နေတာတွေ မရှိဘူးဆိုတာ ပုံမှန် သဘောတရားပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တော်လှန်ရေးမှာတော့ သဘောထားတွေက ဖြစ်နိုင်သမျှ တိုက်ဆိုင်နိုင်အောင် သဘောမျှနိုင်အောင် ကြိုးစားကြရမှာပဲ ဖြစ်ပါတယ်။ လူ့အသက်တွေ အများကြီး စတေးပြီး တိုင်းပြည်ရဲ့အနာဂတ်ကိုရင်းကာ ဆင်နွှဲနေကြရတဲ့ တော်လှန်ရေး ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ဦးဆောင်တိုက်ပွဲဝင်နေသူတွေအတွက် ပိုပြီး တာဝန်ကြီးတဲ့ တော်လှန်ရေးလည်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဆိုးသွမ်းတဲ့ အကြမ်းဖက်သူတွေဖြစ်တာကြောင့် ရန်သူ ပြုတ်ကျရေးကို ဦးတည်ပြီး တော်လှန်ရေးအင်အားစုတွေအားလုံး စည်းစည်းလုံးလုံး တိုက်ပွဲဝင်ရမယ်လို့ ပြည်ထောင်စုလွှတ်တော် အဌမအကြိမ် အစည်းအဝေး ပထမနေ့ မိန့်ခွန်းမှာ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုခဲ့တာပါ။

“ကျနော်တို့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ လူ့အခွင့်အရေးနေ့မျိုးမှာတောင် ဆေးရုံလိုနေရာမျိုးကို ဗုံးကြဲချခဲ့တဲ့ ဆိုးရွားလွန်းသူတွေ ဖြစ်တယ်ဆိုတာကို မေ့လို့မရပါဘူး။ ဒီလိုအကြမ်းဖက်စစ်အုပ်စုမျိုးကို တော်လှန်နေကြရတဲ့ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအားလုံးရဲ့ ပထမဆုံး ဦးတည်ချက်က အကြမ်းဖက် စစ်အုပ်စုကို ဖြိုချဖို့ပဲ ဖြစ်ပါတယ်။ ဒီအတွက် ကျနော်တို့ အားလုံး ဒီထက် ပိုမိုစုစည်းပြီး ပိုမို အလုပ်လုပ်ကြဖို့ပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိအချိန်ဟာ တော်လှန်ရေးဆင်နွှဲနေရတဲ့ အချိန်ကာလ ဖြစ်တဲ့အတွက် NUG အနေနဲ့ ပုံမှန်ကာလ အစိုးရတစ်ရပ်ပုံစံ အပြည့်အဝ စီမံဆောင်ရွက်နိုင်ဖို့အတွက် မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ အားနည်းမှုတွေ၊ လူ့စွမ်းအားအရင်းအမြစ် မပြည့်စုံမှုတွေနဲ့ ရုန်းကန်ရင်း ဖြစ်နိုင်သမျှ အကောင်းဆုံး အနေအထားဖြစ်အောင် ကြိုးပမ်းနေရတယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို DJ ဖြင့် ပြန်လည်ဖွင့်သည့် DJ Violet ကို စစ်တပ် ဖမ်းဆီး၊ သီချင်းဖွင့်ခဲ့သည့် COVER နိုက်ကလပ်ကို စစ်အုပ်စု ချိတ်ပိတ်

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၃လမ်းနဲ့ ၃၆လမ်းထောင့်ရှိ COVER နိုက်ကလပ်မှာ DJ Violet က ဘုရားသီချင်းဖြစ်တဲ့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို DJ ဖွင့် ကခုန်ခဲ့တဲ့အတွက် DJ Violet ကို ဖမ်းဆီးကာ COVER နိုက်ကလပ်ကိုလည်း ချိတ်ပိတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ဗန်းမောက်တွင် ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားပြည်သူများစွာ ပိတ်မိနေ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်အုပ်စုက အရပ်သားတွေကို မြို့အတွင်းဓားစာခံအဖြစ် ပိတ်ထာကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြု

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်  အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲအပေါ် ဆန့်ကျင်ဝေဖန်သူ ၈၈ ဦး ဖမ်းဆီးထားကြောင်း စစ်ကော်မရှင် ထုတ်ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပဖို့ စီစဥ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲအပေါ် ဆန့်ကျင်သူ ဝေဖန်မိသူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ့်အကြောင်းနဲ့ လက်ရှိမှာ စစ်တပ်ရဲ့ “ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေ” ကို အသုံးချပြီး ဖမ်းဆီးထားသူ ၈၈ယောက် ရှိကြောင်း စစ်ကော်မရှင်က ထုတ်ပြောပါတယ်။
Read More

ကန့်ဘလူမှာ စစ်ကောင်စီအထိုင်တပ်က ဒရုန်းနဲ့ ဗုံးသီးတွေကြဲချခဲ့လို့ ကျေးရွာ ၃ ရွာက အရပ်သားတွေသေဆုံး

"ပြည်သူအတွက်ကတော့ လေကြောင်းရော၊ ဒရုန်းရောက အကုန်ထိတ်လန့်စရာတွေပါပဲဗျ။ အခုလည်းစံပါယ်နံ့သာ အနီးတဝိုက် ကျေးရွာတွေအရေးပေါ် ရှောင်တိမ်းနေရပါတယ်။" လို့ ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းကို ပြောပါတယ်။
Read More

ပခုက္ကူမြို့နယ်၊ နှောကုန်းရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ် ၁၈၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ အမျိုးသမီး ၃ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ် …

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က နှောကုန်းရွာကို ဝင်ရောက်စီးနင်းကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးရင် အဘွားအို ၁ ယောက်အပါဝင် အမျိုးသမီး ၃ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။