ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး ဒုရဲအုပ်အပါအဝင် စစ်‌ကော်မရှင်တပ်သား ၁၉ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေတပ်ဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ်။ 

ဒီဇင်ဘာ ၁၆ ရက် မနက် ၆ နာရီလောက်က ဆင်တလင်းရွာမှာ အင်အား ၃၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ စစ်အုပ်စုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁ နာရီနီးပါး ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

ပစ်ခတ်မှုအတွင်း ဒုရဲအုပ် ရဲလွင်၊ တပ်ကြပ်ကြီး ၁ယောက်နဲ့ ဒုတပ်ကြပ် ၂ ယောက် အပါအဝင် ၁၈ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့ကာ ကျန်တဲ့ စစ်ကော်မရှင်တပ်သားတွေက ကွမ်းခြံကုန်းဂိတ်စခန်းကို ထွက်ပြေးသွားတယ်လို့ သိရပါတယ် ။

“ရွာထဲမှာ တပ်စွဲတာကတော့ တစ်လလောက်ရှိမယ် ၊ အရင်ကလည်းစွဲဖူးတယ်၊ ပြန်ထွက်လိုက် ပြန်ဝင်လိုက်နေနေကြတာ၊ စခတွေသေဆုံးမှုကိုတော့ တိုက်ပွဲအတွင်း မြင်တွေ့ခဲ့တာတွေရှိသလို လာရောက်အလောင်းကောက်သွားကြတာကို မြင်တဲ့ ပြည်သူတွေဆီကလည်း ပြန်လည်သိရပါတယ်” လို့ သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေတပ်ဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ်။

ဒါ့အပြင် ပစ်ခတ်မှုဖြစ်ပွားနေချိန် စစ်ကော်မရှင်တပ်သားတွေ စစ်ကူလာနိုင်တဲ့ ထန်းပင်ချောင်း အထိုင်စခန်းကိုလည်း ဖြတ်တောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကော်မရှင်တပ်သား ၂ ယောက် ထိမှန်ဒဏ်ရာရရှိသွားသေးတယ်လို့ သိရပါတယ်။ 

အဲဒီနောက် ညနေ ၃ နာရီလောက်မှာလည်း စစ်ကော်မရှင်တပ်သားတွေ အင်အား ၈၀ ဝန်းကျင်နဲ့ ထပ်မံစစ်ကြောင်းထိုးလာချိန် တောင်တန်းမြိုင်ကျေးရွာနားအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ထိတွေ့ပစ်ခတ်မှု မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၁ ယောက်သေဆုံးကာ ၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကော်မရှင်တပ်သားတွေဆီကနေ MA – 1 (၄) လက် ၊ MA – 3 (၆) လက် ၊ G3 (၁) လက် ၊ ခြောက်လုံးပြူး (၁) လက် ၊ Helmet (၇) လုံး ၊ Equipment (၃) ခုနဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂)ကွပ်ကဲမှုနဲ့ သာယာဝတီခရိုင်တပ်ရင်း – ၃ (Myanmar Defense Force – MDF) ၊ သာယာဝတီခရိုင်တပ်ရင်း -၂ (၃၈၀၂) ရဲ့ တပ်ခွဲ – ၂၊ တပ်ခွဲ -၃၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ လက်ပံတန်းမြို့နယ် (ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေ တိုက်ခိုက်ရေးတပ်ဖွဲ့ (၁၊၂) ၊ ရန်ကုန်တိုင်းပကဖ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ – ၃ ၊ သာယာဝတီ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) ရဲ့ တပ်ရင်း – ၃ စတဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

Video – ပေးပို့

0 Shares:
You May Also Like
Read More

ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချ ချေမှုန်းခဲ့သည့် မှတ်တမ်းရုပ်သံ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချ ချေမှုန်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသက ထုတ်ပြန်လိုက်ပါတယ်။
Read More

မန္တလေး-မတ္တရာလမ်းပိုင်း ကြာနီကန်ရွာလမ်းမကြီးဘေးရှိ နေအိမ်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားသုံးဖျက်ဆီး (ရုပ်သံ)

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် မန္တလေး-မတ္တရာလမ်းပိုင်း ကြာနီကန်ရွာ လမ်းမကြီး အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်း နေအိမ်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်က လမ်းပိုင်မြေဟုဆိုကာ မတ်လ ၄ ရက် ကနေ မတ်လ ၆ ရက်အထိ မြေကော်ယာဉ်နဲ့ ဘူဒိုဇာတွေအသုံးပြုပြီး ဖျက်ဆီးခဲ့ တယ်လို့ 𝑴𝑫𝒀 𝑹𝒆𝒗𝒐𝒍𝒖𝒕𝒊𝒐𝒏 ထံက သိရပါတယ်။
Read More

နမခ စစ်ယာဉ်တန်း လုံခြုံရေးယူထားသည့် စစ်သားများနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ယောက်ကို လက်နက်နှင့်တကွ အရှင်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း။ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ယာဉ်တန်းကို လုံခြုံ ရေးယူထားတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းထံက သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးက ပြန်လာတဲ့ မုံရွာခရိုင်အမှတ် ၃ တပ်ရင်းရဲဘော်တွေကို အောင်သပြေနဲ့ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ချင်းပြည်နယ်မှာ မင်းတပ်မြို့သိမ်းစစ်ဆင်ရေး ဆင်နွှဲပြီး ပြန်လာတဲ့ မုံရွာခရိုင်အမှတ် ၃ တပ်ရင်းက ရဲဘော်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းနဲ့ ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ ဒီနေ့ နေ့လည်ပိုင်းမှာ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၃ က ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့နယ် သရက်ကန်ရွာအနီး ကင်းပတ်လာတဲ့ ပျူစောထီး တိုက်ခိုက်ခံရပြီး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်းရှိ သရက်ကန်ပျူစောထီးရွာအနီး ကင်းပတ်လာတဲ့ ပျူစောထီးတိုက်ခိုက်ခံရကာ သေဆုံးခဲ့တယ်လို့ TYK ပြောက်ကြားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထား ပါတယ်။
Read More

ကျောမြို့နယ် ရွှေပင်ရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောမြို့နယ် ရွှေပင်ရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ယောကာကွယ်ရေးတပ် မြေပြင်စစ်ဒေသရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။