စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း အထိုင်ချထားတဲ့ စစ်အုပ်စုရဲ့ ဂိတ်စခန်းနဲ့ တပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force M.D.F က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းက မြင်းမူမြို့နယ် ဂွေးပင်တောရွာမှာ အထိုင်ချထားတဲ့ စစ်အုပ်စုတပ်သားတွေကို Fixed Wings Drone တွေနဲ့ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သားတွေ စုဝေးနေတဲ့ ဂိတ်ဘန်ကာအနီး တစ်လုံး၊ စားဖိုဆောင်နား တစ်လုံး၊ စစ်အုပ်စုရဲ့ ယာဉ်အနီး တစ်လုံးနဲ့ ၆၀ မမ လက်နက်ကြီး အထိုင်ချထားတဲ့နေရာ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုဟာ လက်နက်ကြီး ၁၀ လုံးထက်မနည်း ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပ.က.ဖ၊ မြင်းမူမြို့နယ် ပ.လ.ဖ၊ အလက္ကပ္ပတိုက်နယ် ပ.က.ဖ၊ Myaung Drone Force MDF (ကျားခင်စိန်)နဲ့ Justice Warrior တပ်ဖွဲ့၊ အမုန်းဗျင်းမဲ့ Drone Teams တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Video – Myaung Drone Force M.D.F

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ ၁၂ အား ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း သရက်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့  ဗုံးသီးထုတ်လုပ်ရေး ကပစ(၁၂) စက်ရုံကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှ သတင်းထုတ်ပြန် ထားပါတယ်။
Read More

ထိုင်းနိုင်ငံ မဲဆောက်မြို့က သြရွဇာရွှေဆိုင် ဓားပြတိုက်လုယက်ခံရ (ရုပ်/သံ)

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ Lotus စျေးဝယ်စင်တာက သြရွဇာရွှေဆိုင်ကို အမျိုးသား၁ယောက်က သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး ရွှေတွေ လုယက်ယူဆောင်သွားတဲ့ ရုပ်သံမှတ်တမ်း ထွက်ပေါ်လာခဲ့ပါတယ်။
Read More

ဖာပွန် အမှတ် ၄၃၄ ခြေလျင်တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက် မြင်ကွင်း (ရုပ်/သံ)

ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီရဲ့ အမှတ် ၄၃၄ ခြေလျတပ်ရင်းကို PDF တပ်ရင်း တပ်ဖွဲ့တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်တွေ့ ရတဲ့ ရုပ်သံမှတ်တမ်းကို အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲ က ထုတ်ပြန်လိုက်ပါတယ်။
Read More

လောင်းလုံးမြို့ဘက် လက်နက်ကြီး ပစ်ခတ်နေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု၊ ဗျူဟာမှူးအပါ စစ်သားအများအပြား သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှုအတွင်း ဗျူဟာမှူးအပါအဝင် စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ Special Guerrilla Force - အထူးပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်ငူ မြို့နယ်တွင် အမျိုးသမီး ၁ ဦး မိုင်းနင်းမိပြီး ခြေထောက် ​ဖြတ်ရ (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့နယ်မှာ အမျိုးသမီး ၁ ဦး မိုင်းနင်းမိပြီး ခြေထောက် ဖြတ်ခဲ့ရတယ်လို့  ကူညီကယ်ဆယ်ခဲ့တဲ့ အဖွဲ့က သိရပါတယ်။
Read More

KNDF တပ်ရင်း (၂) အရာရှိများက တပ်ခွဲမှူး၊ ရဲဘော်​များနှင့် တွေ့ဆုံဆွေးနွေးကာ လက်နက်၊ ဝတ်စုံများ ထောက်ပံ့ (ရုပ်/သံ)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၂) အရာရှိတွေဟာ တပ်ရင်းရှိ တပ်ခွဲတွေက တပ်ခွဲမှူးတွေ၊ ရဲဘော်တွေနဲ့အတူ ဖေဖော်ဝါရီလ ၁၅ ရက်မှာ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး လက် နက်၊ ဝတ်စုံ ထောက်ပံ့ခြင်းအခမ်းအနားလည်း ပါဝင်ခဲ့တယ်လို့ KNDF တပ်ရင်း (၂) က မတ်လ ၁၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။