စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း ဆက်ကြေးကောက်ဖို့နဲ့ ရိက္ခာရှာထွက်လာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၁၀ ယောက်ခန့် သေဆုံးခဲ့တယ်လို့ ရွာဇော်ကြီးတော်လှန်အသံက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းက မုံရွာမြို့နယ် သမန္တာရွာ၊ ခိုးသန်းရွာနဲ့ တောင်ပလူရွာကြား စက်တဲကွင်းမှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ အင်အား ၂၀ ခန့်နဲ့ အနီးဝန်းကျင်ရွာတွေမှာ လစဉ်ဆက်ကြေးကောက်ဖို့နဲ့ ရိက္ခာရှာဖို့ ထွက်လာချိန် တော်လှန်ရေးတပ်တွက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၁၀ ယောက်ခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေ အထိနာသွားတဲ့အတွက် နမခတပ်စခန်းနဲ့ အမတ ၅၀၈ အမြောက်တပ်တို့က လက်နက်ကြီး အကြိမ် ၂၀ ခန့် ပစ်ကူပေးခဲ့ပြီး တပ်ကူတွေထပ်မံရရှိလာတဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ ရွှေတြိဂံမဟာမိတ်တပ်ရင်း ၊ Budalin Mobile Team (BMT) ၊ မုံရွာခရိုင်တပ်ရင်း ၂ ရွာဇော်ကြီး-တော်လှန်အသံတပ်ခွဲ (YZG) ၊ မုံရွာခရိုင် တပ်ရင်း ၂၅ တပ်ခွဲ ၄ ၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ မုံရွာမြို့နယ် တိုက်နယ် ၂ တိုက်ခိုက်ရေး လမ်းမတော်ပြောက်ကျား တပ်စိပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ရွာဇော်ကြီးတော်လှန်အသံ

0 Shares:
You May Also Like
Read More

စနစ်ဆိုးကို ဖြိုဖျက်ရာမှာ ကြယ်တွေ မကြွေစေဖို့ ကျည်ကာကမ်ပိန်းမှာ ပါဝင်ကူညီကြဖို့ တောင်ညိုတပ်ရင်း မေတ္တာရပ်ခံ (ရုပ်/သံ)

စစ်အာဏာရှင်စနစ်ဆိုးကို ဖြိုဖျက်ရာမှာ ကြယ်တွေ မကြွေစေဖို့ ကျပ်သိန်း ၁၀၀၀ ကျည်ကာ ကမ်ပိန်းမှာ ပြည်သူတွေ ပါဝင်ကူညီပေးကြဖို့ တောင်ညိုတပ်ရင်းက မေတ္တာရပ်ခံထားပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်း ၉ ရဲ့ နောက်ချန်ရဲဘော်တွေ တစ်နေ့တာလှုပ်ရှားမှုများ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၉ စစ်ကြောင်းဖြစ်တဲ့ Idiots Column တပ်ဖွဲ့ရဲ့ နောက်ချန် ရဲဘော်တွေ တစ်နေ့တာ လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုတွေကို ထုတ်ပြန် ဖော်ပြလိုက်ပါတယ်။
Read More

ဥကရစ်ထစခန်းမှာ ဖမ်းဆီးမိခဲ့တဲ့ စစ်မှုထမ်းတပ်သားများ (ရုပ်/သံ)

စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲဖမ်းဆီးကာ အဓမ္မ စစ်မှုထမ်းခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သားတွေကို ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးမိခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Justice Soldier PDF က ထုတ်ပြန်ထားပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းပိုင်းမှာ အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂ ယောက်သေကာ ၂ ယောက် ဒဏ်ရာရရှိ (ရုပ်သံ)

မကွေးတိုင်း မင်းလှမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းမှာ အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ် ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၂ ယောက်သေပြီး ၂ ယောက် ဒဏ်ရာရရှိသွားတယ်လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ထံက သိရပါတယ်။
Read More

မုံရွာမြို့နယ်အတွင်း ဆက်ကြေးကောက်ရန် ထွက်လာသည့် အင်အား ၂၀ ခန့်ရှိ စစ်အုပ်စု မိုင်းဆွဲခံရပြီး ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစခန်းကနေ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ Monywa Dynamite – Special Task Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တညောင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရှင်းလင်းမှုအတွင်း ရဲ ၈ ဦး သေပြီး ၂ ဦး အရှင်ဖမ်းမိ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ် တညောင်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့ရာ ရဲ ၈ ယောက် သေဆုံးပြီး ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။