မိဘပြည်သူတိုင်းရင်းသားတွေ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့နေရတဲ့အပေါ် ဝမ်းနည်းမိတယ်လို့ အဓမ္မစစ်အာဏာသိမ်းပြီး တိုင်းပြည်ကို ကျရှုံးနိုင်ငံဖြစ်အောင် လုပ်ဆောင်နေတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

ဒီနေ့ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ မင်းအောင်လှိုင်က အခုလို ပြောကြားခဲ့တာ ဖြစ်ပြီး လွဲမှားတဲ့ အတွေးအခေါ်အယူအဆနဲ့ ကိုယ်ကျိုးအတ္တရှေ့တန်းတင်နေလို့ လက်နက်ကိုင် ပဋိပက္ခတွေ လက်ရှိအချိန်ထိ ဖြစ်ပွားနေတာလို့ ဆိုပါတယ် ။

“လွဲမှားသည့် အတွေးအခေါ်အယူအဆများနှင့် နိုင်ငံနှင့် တိုင်းရင်းသားပြည်သူများ အားလုံးအကျိုးထက် ကျဉ်းမြောင်းသည့် ကိုယ်ကျိုးအတ္တများကို ရှေ့တန်းတင်နေကြခြင်းကြောင့် လက်နက်ကိုင် ပဋိပက္ခများနှင့် ဆူပူအကြမ်းဖက်မှုများသည် ယနေ့ကာလအထိ ရှည်ကြာနေပြီး မိဘပြည်သူတိုင်းရင်းသားများ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့နေရသည်မှာ ဝမ်းနည်းဖွယ်ရာ ဖြစ်ပါသည်” လို့ မင်းအောင်လှိုင်က ပြောပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ်အတွင်း အခုထိ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ တည်ငြိမ်မှု ပျက်ပြားနေခဲ့တာဟာ ကိုလိုနီနယ်ချဲ့ရဲ့ သွေးခွဲအုပ်ချုပ်ခဲ့မှု အမွေဆိုးကြောင့် ဖြစ်တယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

စစ်တပ်အနေနဲ့ တည်ငြိမ်အးချမ်းအောင် NCA ကို လုပ်ဆောင်ခဲ့ပေမယ့် အမှန်အတိုင်း မရှုမြင်ဘဲ အချို့က လမ်းမှား‌‌ကို လျှောက်နေဆဲ ဖြစ်တယ်လို့ ကရင်ပြည်နယ်ထဲက လက်နက်ကိုင်တိုက်ပွဲတွေကို ရည်ညွှန်းပြီး မင်းအောင်လှိုင်က ပြောဆိုပါတယ်။

မင်းအောင်လှိုင်ရဲ့ နှုတ်က ဘယ်လိုစကားတွေပဲ ပြောဆိုပါစေ ဒီနေ့အချိန်အခါလိုမျိုး တိုင်းပြည်ကို ဆင်းရဲတွင်းနက်အောင်၊ ကျရှုံးနိုင်ငံဖြစ်အောင် တွန်းပို့တဲ့ တရားခံဟာ ပြည်သူ့ဆန္ဒမပါဘဲ အရပ်သားအစိုးရထံက အာဏာလုယူ အုပ်ချုပ်နေတဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ဖြစ်တယ်လို့ မြန်မာလူထုက မှတ်ယူထားကြပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးအင်အားစုအားလုံး ညီညွတ်ခိုင်မာဖို့ လိုအပ်ကြောင်း ချင်းညီနောင် တစ်နှစ်ပြည့်အခမ်းအနားမှာ NUG ယာယီသမ္မတ ပြောကြား

စစ်အာဏာရှင်ကို ဖြုတ်ချဖို့အတွက် မဟာမိတ်တပ်ပေါင်းစု တည်ဆောက်ရေးနဲ့ တော်လှန်ရေးအင်အားစုတွေ ညီညွတ်ခိုင်မာ အားကောင်းနေဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

သားဖြစ်သူကို ရှေ့တန်းပို့လိုက်ပြီ ပြောလို့ မိခင် သေဆုံး၊ စစ်မှုထမ်း ပေါ်တာဆွဲခံထားရတဲ့ သားဖြစ်သူ မိခင်နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရ

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စလင်းအခြေစိုက် ခလရတပ်ရင်းက ထွက်​ပြေးအလင်းဝင်လာသူတွေ စစ်ကောင်စီကိုပြန်တိုက်နိုင်ဖို့ ကူညီပေးသွားမည်ဟု ဒေါင်းစစ်အောင် (Local PDF) ပြော

"ပေါ်တာဆွဲခံရသူတွေထဲမှာ ​၁ယောက်က အိမ်ပေါ်အထိ ပေါ်တာဆွဲခံရတယ်ပြောတယ်။ နောက်၁ ယောက်ကျကုန်စိမ်းအရောင်းဝယ်လုပ်ရင်းဆွဲခံရတယ်။ ကျန်တဲ့ ၄ယောက်ကတော့ ပန်းရံအလုပ်သွားရင်းပေါ့။ သူတို့က စစ်အာဏာရှင်ကိုပြန်တွန်းလှန်မယ်ပြောတယ်။ သူတို့ကို အာမခံပြီး ခေါ်ထားတဲ့ စစ်ကိုင်းဘက်ကအဖွဲ့တွေရှိပါတယ်။ သူတို့ညီအစ်ကိုတွေအဖွဲ့ပေါ့။ အဲ့အတွက် ပို့ဆောင်ပေးနိုင်ဖို့ကို ကျနော်တို့ ချိတ်ဆက်ဆောင်ရွက်ပေးနေပါတယ်။ အခုလည်းသူတို့ကို စောင့်ကြည့်အနေအထားနဲ့သေချာလေးထားပေးထားပါတယ်။" လို့ ဒေါင်းစစ်အောင် (Local PDF) တာဝန်ရှိသူ ကိုထူးလေး က မောင်းကိုပြောပါတယ်။
Read More

မြိုင်-ပကဖရဲ့ ပကဖစုဖွဲ့မှုတပ် NCO အကြပ်သင်တန်းဆင်းပွဲ

မြိုင်-ပကဖရဲ့ ပကဖစုဖွဲ့မှုတပ် NCO အကြပ်သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ မတ်လ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ မြိုင်ပကဖက ဒီနေ့ ဧပြီလ ၆ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

NLD အစိုးရလက်ထက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ထိုင်းနိုင်ငံတွင် ကွယ်လွန်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်် (NLD) အစိုးရလက်ထက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်တာဝန်ယူခဲ့တဲ့ ဒေါက်တာမြင့်ထွေး ​ဟာ ဇန်နဝါရီလ (၂၆) မနေ့ညပိုင်းမှာ ကွယ်လွန်သွားခဲ့ရပြီလို့ သိရပါတယ်။
Read More

မင်းလှ ပကဖ ပံ့သကူပစ်ရင်း ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ တစ်နိုင်ငံလုံးနည်းတူ တန်ဆောင်မုန်းလ မုန့်ဖိုးတွေ ပံ့သကူ ပစ်ရင်း စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။