စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သမန္တာရွာ၊ ခိုးသန်းရွာနဲ့ တောင်ပလူရွာကြားရှိ စက်တဲကွင်းမှာ အထိုင်ချ တပ်စွဲပြီး ပြည်သူတွေဆီက လစဥ် ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စုနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း ၂၅ တပ်ခွဲ ၄ ထံက သိရပါတယ်။

ဒီဇင်ဘာ ၁၆ ရက် နေ့လယ် ၁၂ နာရီလောက်မှာ စစ်ကော်မရှင်တပ်သားတွေက အင်အား ၂၀ ဝန်းကျင်နဲ့ အနီးနားကျေးရွာတွေကို ဆက်ကြေးကောက်ဖို့နဲ ရိက္ခာရှာဖို့ ထွက်လာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၁၀ ယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့ တပ်စွဲထားတာ ၁နှစ်ကျော်လောက်ရှိပြီ။ ထိတွေ့မှုဖြစ်တဲ့နေရာက နမခနဲ့ ဆိုရင်တော့ ၂မိုင်ခန့် အဝေးပေါ့နော်။ ၅၀၈ အမြောက်တပ်နဲ့ဆို ၁မိုင်ခန့် အဝေးမှာ။ ထိတွေ့မှုက ၁နာရီခွဲလောက် ကြာတယ်။ သေဆုံးသွားတဲ့သူတွေကို အဲဒီနေ့ ညနေမှာပဲ တခါတည်း သင်္ဂြိုဟ်လိုက်တယ်။ ဒဏ်ရာရ ၅ ယောက်ကတော့ နောက်နေ့မနက်မှာပဲ စက်တဲကနေပြီးတော့ အနီးရွာက ထော်လာဂျီကိုခေါ်ပြီးတော့ ဆေးရုံပို့တယ်” လို့ မုံရွာခရိုင် တပ်ရင်း ၂၅ တပ်ခွဲ ၄ ရဲ့ တပ်ခွဲမှူး ကိုပိန်က မောင်းကို ပြောပါတယ်။

တိုက်ပွဲအတွင်း နမခ နဲ့ အမတ (၅၀၈) အမြောက်တပ်ကနေ ဟောင်ဝှစ်ဇာ လက်နက်ကြီး အကြိမ် ၂၀ ထက်မနည်း ပစ်ကူပေးခဲ့သလို စစ်တပ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာချိန် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကျည်လုံလောက်မှုမရှိတာကြောင့် အပြီးသတ် သုတ်သင်နိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတဲ့အတွက် ခိုးသန်းရွာနဲ့ တောင်ပလူရွာက ဒေသခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရပြီး ဒီမနက်မှာ အဆိုပါ ကျေးရွာတွေထဲကို စစ်တပ်က အင်အား ၁၀၀ ဝန်းကျင်နဲ့ ဝင်ရောက်တပ်စွဲထားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ ရွှေတြိဂံမဟာမိတ်တပ်ရင်း ၊ Budalin Mobile Team (BMT) ၊ မုံရွာခရိုင်တပ်ရင်း ၂  ရွာဇော်ကြီး-တော်လှန်အသံတပ်ခွဲ (YZG) ၊ မုံရွာခရိုင် တပ်ရင်း ၂၅ တပ်ခွဲ ၄ ၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ မုံရွာမြို့နယ် တိုက်နယ် ၂ တိုက်ခိုက်ရေး လမ်းမတော်ပြောက်ကျား တပ်စိပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကပစ ၂၄ မှ ပြန်လာသည့် စစ်ကြောင်း ကြားဖြတ်တိုက်ခံရကာ ၁၀ ဦး သေ၊ ၁၅ ဦး ဒဏ်ရာရ၊ ပခုက္ကူခရိုင် တပ်ရင်း ၂ ခုမှ ရဲဘော်၂ ဦးလည်း ကျဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ကပစ (၂၄) ကနေ ပြန်လာတဲ့ အကြမ်းဖက်စစ်ကားတန်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁၀ ယောက်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၂ ယောက် ကျဆုံးခဲ့ကြောင်း တောင်ညိုနဂါး - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြားက ပြုလုပ်ခဲ့သည့် ကြာအင်းဆိပ်ကြီးမြို့နယ် ကရင်ပညာရေးနှင့် ယဉ်ကျေးမှု ဌာန၏ ကော်သူးလေ အစိုးရစစ် စာမေးပွဲ…

ကရင်အမျိူးသားအစည်းအရုံး-KNU ရဲ့ အုပ်ချုပ်နယ်မြေတွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေပေမယ့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနရဲ့ ကော်သူးလေ အစိုးရစစ် စာမေးပွဲ ပြုလုပ်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စလင်းတွင် ၁၃ရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ထိခိုက်ကျဆုံးမှုများပြား တိုက်ပွဲအတွင်း Yenanthar Column ရဲဘော်၁ဦးကျဆုံးခဲ့သလို အရပ်သား ၆ဦးလည်း ပစ်သတ်ခံရ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေမှာ အထိနာခဲ့တဲ့ စစ်ကောင်စီက လေကြောင်းအဆက်မပြတ် အသုံးပြုခဲ့သလို နေအိမ်အလုံး ၄၀၀ ကျော်မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီက သက်ကြီးပိုင်းတွေ အပါအဝင် အရပ်သား ၆ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မြိုင်နှင့်ပေါက်အစပ်ရှိ ရေနံမှော်နေရာများအား စစ်အုပ်စု ၃ ရက်ဆက် ဗုံးကြဲ၊ အရပ်သား ၂ ဦး သေဆုံးပြီး ထိခိုက်သူများလည်း ရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်နယ်အစပ်က ရေနံမှော်တွေရှိရာကို အကြမ်းဖက်စစ်တပ်က ၃ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် အရပ်သား ၂ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်စီးလို့ မီးဘေးသင့်ခဲ့တဲ့ ဘုတလင်မြို့နယ်ထဲက ကျေးရွာ ၅ ရွာကို အခြေခံစားသောက်ကုန်တွေ လှူဒါန်း…

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက အကြမ်းဖက်စစ်တပ် မီးရှို့ခဲ့လို့ မီးဘေးသင့်နေတဲ့ ကျေးရွာ ၅ ရွာက ဒေသခံတွေကို စစ်ကိုင်း ပြည်သူ ဖေးမကူ ကွန်ယက် အလှူရှင်တွေကိုယ်စား The Helpers For Spring အဖွဲ့က အခြေခံစားသောက်ကုန်တွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေဆီက သိရပါတယ်။
Read More

မြိုင်-ပေါက်အစပ် နယ်သတ်ရွာကို စစ်အုပ်စု အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ သမီးဖြစ်သူ သေဆုံးပြီး မိခင် ဒဏ်ရာရ

မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်ရှိ နယ်သတ်ရွာကို အကြမ်းဖက်စစ်အုပ်စုက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။