အာဏာသိမ်းစစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍဟာ အင်မတန်အရေးကြီးပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် အထူးစိုးရိမ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော် အဌမအကြိမ် အစည်းအဝေး ပထမနေ့မှာ ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း မိန့်ခွန်းထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျနော်တို့ရဲ့ နိုင်ငံတော်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် အထူးစိုးရိမ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍဟာ နိုင်ငံအတွက်‌ရော၊ လက်ရှိ နွေဦးတော်လှန်ရေးအတွက်ပါ အင်မတန်မှ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်” လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက စစ်တပ်က ဘယ်သူနဲ့မှ တွေ့ဆုံခွင့်မပေးတဲ့ မိခင်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုပြီးတဲ့နောက် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့ စာထုတ်လာပေမယ့် လက်ရှိအချိန်ထိ တစုံတရာ သက်သေပြလာခြင်း မရှိသေးပါဘူး။

ယာယီသမ္မတ ဒူဝါလရှီးလက “ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့အတွက် ကျနော်တို့အနေနဲ့ နိုင်ငံတကာကို ဆက်လက် အကူအညီတွေ တောင်းဆိုသွားကြဖို့ တိုက်တွန်းချင်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဒီကိစ္စကို အမြဲတမ်း တိုက်တွန်းပြောဆို နှိုးဆော်တာရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်ခေါင်းဆောင်တွေရဲ့ ဖမ်းဆီးချုပ်နှောင်ထားမှုကနေ အမြန်ဆုံးလွတ်မြောက်ဖို့ ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ပြည်တွင်းကရော နိုင်ငံတကာကပါ ပုံစံမျိုးစုံနဲ့ တိုက်တွန်းစေ့ဆော်တာတွေကို လုပ်ဆောင်ကြဖို့ လေးနက်စွာ တိုက်တွန်းပြောကြားလိုပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

သီပေါမြို့ TNLA စစ်ဆေးရေးဂိတ်စခန်းရှိရာကို စစ်တပ် ဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့က TNLA ရဲ့ စစ်ဆေးရေးဂိတ်ရှိရာနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ် ကျူးလွန်သည့် ရာဇဝတ်မှုများကြောင့် အရပ်သား ၄၅ ဦး သေဆုံးခဲ့

ရခိုင်ပြည်နယ်မှာ ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် သေဆုံးသူ အရပ်သား ၄၅ ယောက်အထိ ရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးအဖွဲ့တွေကို အကြမ်းဖက်သမား၊ စစ်တပ်ကို တိုင်းပြည်ကာကွယ်သူအဖြစ် ရှုမြင်တဲ့ ဗိုလ်ကြီး ညီညီအောင်နဲ့ စစ်တပ်သတင်းပေးကို KNU ထံ လွှဲပြောင်းထား

ပဲခူးတိုင်း၊ ရွှေကျင်-ညောင်လေးပင် လမ်းပေါ်မှာ ဖမ်းဆီးရမိတဲ့ ခလရ(၅၇) တပ်ရင်း ဗိုလ်ကြီး ညီညီအောင်နဲ့ သတင်းပေးဆိုသူတို့ကို အရေးယူနိုင်ဖို့ KNU  ထံလွှဲပြောင်းပေးအပ်လိုက်ကြောင်း ပဲခူးခရိုင်၊ အမှတ်-၃ ၊ PDF တပ်ရင်း ၃၇၀၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲအတုကို လက်မခံကြောင်း အမေရိကန်ရောက် မြန်မာများ အိမ်ဖြူတော်ရှေ့ ဆန္ဒပြ

အကြမ်းဖက် မြန်မာစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း အမေရိကန်နိုင်ငံရောက် မြန်မာတွေက နိုဝင်ဘာ ၂၂ ရက်မှာ သမ္မတရဲ့ အိမ်ဖြူတော်ရှေ့မှာ သွားရောက်ဆန္ဒပြခဲ့ပါတယ်။
Read More

ဟုမ္မလင်းအခြေစိုက် ခမရ (၃၆၉) တပ်ရင်းက စစ်သား ၁ ယောက် လက်နက်မဲ့ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့နယ်အခြေစိုက် ခမရ(၃၆၉) တပ်ရင်းက စစ်သား ၁ ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ Earthquake People’s Defence  Force က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူခရိုင်၊ အမှတ် (၇) တပ်ရင်းမှ ရဲဘော် ရတီအောင်(ခ) J7 ရဲ့ ဈာပန အခမ်းအနား (ဓာတ်ပုံသတင်း)

ပခုက္ကူခရိုင်၊ အမှတ် (၇) တပ်ရင်းတွင် တာဝန်ထမ်းဆောင်ရင်း တိုင်းပြည်အတွက် အသက်ပေးလှူခဲ့တဲ့ ရဲဘော် ရတီအောင်(ခ) J7 ရဲ့ ဈာပနအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။