မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ရှေ့ပြေးစစ်ကြောင်းတစ်ဖွဲ့လုံး ချေမှုန်းခံခဲ့ရပြီး လက်နက်ချတဲ့ စစ်ကော်မရှင်တပ်သားတွေကို အချင်းချင်း ပြန်လည်ပစ်ခတ်သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ OneMore စစ်ကြောင်း-Mgn District က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်က မိတ္ထီလာတပ်မ ၉၉ ကနေ အင်အား ၂၃၀ ခန့်နဲ့ မလှိုင်မြို့နယ် အနောက်ခြမ်းကျေး ရွာကို ဝင်ရောက်မွှေနှောက် ဖျက်ဆီးခဲ့တဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်ကော်မရှင်စစ်ကြောင်းဟာ ဒီဇင်ဘာ ၂ ရက်မှာ တောင်သာမြို့နယ် တောင်ခြမ်းတစ်နေရာကို ၃ ဖွဲ့ခွဲပြီး ချီတက်လာစဉ် တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်ရဲ့ ရှေ့ပြေးစစ်ကြောင်းတစ်ခုလုံး ချေမှုန်းခံခဲ့ရပြီး ထပ်မံတက်လာတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားနေချိန် လက်နက်ချတဲ့ စစ်ကော်မရှင်တပ်သားတွေကို အချင်းချင်း ပြန် လည်ပစ်ခတ် သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား အများအပြားသေဆုံးကာ လက်နက်ကြီး၊ စနိုက်ဘာတွေနဲ့ အပြင်းအထန် ပစ်ခတ်လာပြီး တော်လှန်ရေးရဲဘော်တွေ ခဲယမ်းမလုံလောက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို OneMore စစ်ကြောင်းနဲ့အတူ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Taungtha People Defense Force(TTA) ၊ DSNDA (ဓနုပြည်အမျိုးသားကာကွယ်ရေးတပ်မတော်)၊ PPGF (ပုပ္ပါး)နဲ့ ဝဲလောင်တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်သာ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး OneMore စစ်ကြောင်းက ရဲဘော် ၂ ယောက်နဲ့ TTA- PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Video – OneMore စစ်ကြောင်း-Mgn District

0 Shares:
You May Also Like
Read More

“အဖိုးကြိုက်တဲ့ ပဲပြုတ်နဲ့ နံပြားကို ကျွန်တော်လည်း ကြိုက်တယ်” ဆိုတဲ့ ကိုထိန်လင်း (ရုပ်/သံ)

ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် (၁၁၀) ပြည့်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မြေးဖြစ်သူ ကိုထိန်လင်းက ပဲပြုတ်ကို ပြင်ဆင်ချက်ပြုတ်ပြခဲ့ပါတယ်။
Read More

တောင်ကြီးမြို့နယ် တောင်နီရွာအထွက်က ဗိုလ်အောင်ဒင်ဓာတ်ဆီဆိုင် မီးလောင် (ရုပ်/သံ)

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် တောင်နီရွာအထွက်က ဗိုလ်အောင်ဒင်ဓာတ်ဆီဆိုင်ဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ရွာမီးရှို့ပြီး ပြန်လာသည့် စစ်တပ်ယာဉ်တန်းကို ပြင်းအားမြင့်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဗလဘကျေးရွာကို မီးရှို့ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ယာဉ် ၄ စီးကို ဧပြီ ၂၄ ရက် ညနေပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း အကြမ်းဖက်စစ်တပ်၏ အမြန်ရေယာဉ် ၂ စီးကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတစ်နေရာမှာ အကြမ်းဖက်စစ်တပ်ရဲ့ အမြန်ရေယာဉ် ၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းကာကွယ်ရေး အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက တိုက်လေယာဉ်နဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံများမှတစ်ဆင့် သိရပါတယ်။
Read More

ချောင်းဦးမြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်စဉ် PDF ရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ လျှပ်စီးတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။