မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ တပ်မ ၉၉ စစ်ကြောင်းကို တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား အယောက် ၃၀ ကျော် သေဆုံးပြီး လက်နက်ချဖို့ ကြိုးစားသူတွေကိုလည်း စစ်တပ်က အချင်းချင်း ပြန်လည်ပစ်သတ်ခဲ့ကြောင်း Taungtha People Defense Force (TTA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကစပြီး မိတ္ထီလာတပ်မ (၉၉) ကနေ ထွက်ခွာလာတဲ့ အင်အား ၂၀၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းဟာ မလှိုင်မြို့နယ်အနောက်ခြမ်းကို စိတ်ကြိုက်မွှေနှောက်ရင်း နယ်မြေချင်းထိစပ်နေတဲ့ တောင်သာမြို့နယ်အတွင်း ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့သလို ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း တောင်သာမြို့နယ် တောင်ဘက်တစ်နေရာမှာ အချိန် ၃ နာရီကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေက အဖွဲ့၃ ခု ခွဲတက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရှေ့ပြေးစစ်ကြောင်း ၁ခုကို မီတာ၅၀အကွာကနေ အထိအခိုက် အသေအဆုံးများအောင် ချေမှုန်းနိုင်ခဲ့ပြီး ဒုတိယအကြိမ်တက်လာတဲ့ စစ်ကြောင်းနဲ့လည်း ထိတွေ့မှု ထပ်ဖြစ်ခဲ့ပါတယ်။

အဲ့ဒီလို နှစ်ဖက်ပစ်ခတ်နေချိန် လက်နက်ချဖို့ ကြိုးစားသူတွေကို စစ်အုပ်စုက အချင်းချင်း ပြန်လည်ပစ်သတ်တာမျိုးတွေ လုပ်ဆောင်ခဲ့ကြောင်း Taungtha People Defense Force (TTA) တာဝန်ရှိသူက ပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းအား တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ Taung Tha People Defense Force (TTA-PDF))

“ကျနော်တို့ဘက်က လက်နက်ချလို့ အော်တော့ တက်လာတာ ၁၀ယောက်လောက်ရှိမယ်။ လက်နက်တွေမြှောက်ပြီး တက်လာတာ၊ ယာခင်းအလယ်နားရောက်တော့ နောက်ကနေ ပစ်တာခံရပြီး အကုန်လုံးသေကုန်တာပါပဲ။ ပစတော့ မဟုတ်လောက်ဘူး။ ဘာလို့ဆို သူတို့အားလုံး တပ်မ ၉၉ တံဆိပ်တွေနဲ့ပါ” လို့ Taungtha People Defense Force (TTA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က အယောက် ၃၀ ကျော် သေဆုံးထားပေမယ့် နောက်ချန်ကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်တာ၊ စနိုက်ဘာနဲ့ တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့ကြောင်းနဲ့ ကျည်ဆန်ခဲယမ်း အခြေအနေတွေကြောင့် တော်လှန်ရေးတပ်တွေလည်း ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် အထိနာနေတဲ့ စစ်အုပ်စုကို ရှေ့တက်လုံးဖို့ ကြိုးစားတဲ့ တော်လှန်ရေးရဲဘော် ၃ယောက်လည်း စနိုက်ဘာကျည် ထိမှန်ပြီး ကျဆုံးခဲ့ရကြောင်း Taungtha People Defense Force (TTA) တာဝန်ရှိသူက ပြောပါတယ်။

“လက်နက်ကောက် တက်လုံးချိန် စနိုက်ဘာထိတာပါ။ အရမ်းနီးတော့ ကိုယ့်ဘက်က ကျည်ကုန်ပြီလို့ အချင်းချင်းပြောတာ သူတို့ကြားတယ်။ အဲ့အချိန် ရန်သူက အားတက်ပြီး တက်လာတာ အဲ့မှာ ပြန်ဆုတ်ခဲ့ရတာပါ။ နောက်ပြီး ကျနော်တို့ စစ်ကြောင်းမှူး ထိတာလည်းများတယ်။ အခုတော့ သက်သာနေပါပြီ။ ပြန်ဆုတ်ခဲ့တာ အဲဒါကြောင့်လည်းပါတယ်” လို့ Taungtha People Defense Force (TTA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းကို Taungtha People Defense Force (TTA)နဲ့အတူ One More စစ်ကြောင်း၊ DSNDA (ဓနုအမျိုးသားကာကွယ်ရေးတပ်မတော်) ၊ PPGF (ပုပ္ပါး) နဲ့ ဝဲလောင်တိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောင်သာ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

လက်ရှိအခြေအနေအရ မိတ္ထီလာကလာတဲ့ အထက်ပါ စစ်ကြောင်းဟာ သူတို့စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် လမ်းပိုင်းတွေမှာ နင်းမိုင်းတွေထောင်ထားခဲ့သလို တောင်သာအနောက်ခြမ်းကတဆင့် ညောင်ဦးမြို့နယ်အတွင်း ဝင်ရောက်သွားကြောင်းနဲ့ မြင်းခြံမြို့ကနေ လာတဲ့ စစ်ကြောင်းကတော့ မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာ ၃ မြို့နယ်ဆုံရာ ကျေးရွာတွေကို စစ်ကြောင်းဝင် မီးရှို့နေကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

တပ်မ ၃၃ မှ ထွက်လာသည့် စစ်ကောင်စီကားတန်း မုံရွာ မအူဂိတ်အနီးတိုက်ခိုက်ခံရ၊ စစ်ကောင်စီ အရာရှိအပါ၂ ဦး သေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကိုင်း တပ်မ ၃၃ ဌာနချုပ်က ထွက်လာတဲ့ ကြေးနီတင်ကားတန်း​ကိုကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၂ ယောက် သေပြီး အများအပြားထိခိုက်သွားကြကြောင်း Brave Heart Army (BHA) က သတင်းထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့ကို စိန်ခေါ်ထားသည့် တပ်မ ၃၃ လက်အောက်ခံ တပ်ကြပ်တစ်ဦး ကွမ်းယာထွက်ဝယ်ရင်း ဖမ်းခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်းကနေ ကွမ်းယာဝယ်ဖို့ ထွက်လာတဲ့ တပ်မ ၃၃ လက်အောက်ခံ တပ်ကြပ်တစ်ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့သည့် ABSDF စစ်ကြောင်း(၁) မှ ရဲဘော်များ၏ မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတပ်မတော် ABSDF ရဲ့ စစ်ကြောင်း (၁) က ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို ABSDF က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နွေဦးတော်လှန်ရေးဟာ အတိတ်သမိုင်းမှာ ကြိုးပမ်းခဲ့သည့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ၏ အဆက်ဖြစ်ကြောင်း NUG ယာယီသမ္မတ ပြောကြား… သမိုင်းအစဉ်အလာကြီးမားတဲ့ NLD ၏ ဦးဆောင်ပါဝင်မှုကို ပြည်သူတစ်ရပ်လုံးက ဆက်လက်အလိုရှိနေဟု ဆို…

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ... နွေဦးတော်လှန်ရေးမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်းဖြစ်လာအောင် ဆက်လက်ကူညီပေးဖို့ မေတ္တာရပ်ခံချင် ပါတယ်။ လူထုလွတ်လပ်ခွင့်အတွက် အာမခံချက်ရှိတဲ့ အခြေအနေကို ဖန်တီးဖို့အတွက် သမိုင်းအစဉ်အလာကြီးမားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးဆောင်ပါဝင်မှုကို ပြည်သူတစ်ရပ်လုံးက ဆက်လက် အလိုရှိနေကြပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
Read More

ရေဦး PDF အတွက် လိုအပ်နေတဲ့ ကျည်ကာ၀တ်စုံတွေ ထောက်ပံ့ပေးအပ် (ဓာတ်ပုံသတင်း)

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဂန့်ဂေါမြောက်ပိုင်းတွင် ဖဲဝိုင်းမှ ပြန်ခေါ်လာရသည့် မိန်းမဖြစ်သူကို ယောက်ျားဖြစ်သူ ရိုက်သတ်ကာ ကိုယ်တိုင်လည်း ကြိုးဆွဲချသတ်သေ၊ ရပ်ကျေးပအဖများ အကောက်ယူ ဖွင့်ထားသည့် ဖဲဝိုင်းဖြစ်သည်ဟု ဆို

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ရပ်ကျေးပအဖ တာဝန်ခံတွေ အကောက်ယူ ဖွင့်လှစ်ထားတဲ့ ဖဲဝိုင်းကနေ မိန်းမဖြစ်သူကို သွားရောက်ခေါ်ဆောင်ရာကနေ လင်မယားနှစ်ယောက် စကားများရန်ဖြစ်ပြီး ယောက်ျားဖြစ်သူက မိန်းမကိုရိုက်သတ်ကာ ကိုယ်တိုင်လည်း ကြိုးဆွဲချ သေဆုံးခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းကို ပြောပါတယ်။