ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ပိမ်းပိကျေးရွာမှာ ဒေသခံတွေရဲ့ တောင်ယာလုပ်ငန်းအနီး ရောက်ရှိလာတဲ့ အင်းကျား ၂ ကောင် တူမီးနဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒီဇင်ဘာ ၁၇ ရက်က တီးတိန်မြို့နယ် ပိမ်းပိကျေးရွာရှိ တောင်ယာလုပ်ငန်းအနီးကို အဆိုပါ အင်းကျား ၂ ကောင် ရောက်ရှိလာပြီး အန္တရာယ်ပြုလာမှာ စိုးရိမ်တဲ့အတွက် ဒေသခံ ၂ ယောက်က တူးမီးနဲ့ ပစ်ခတ်ရာကနေ အသေဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ 

ကမ္ဘာ့ရှားပါးစာရင်းဝင် တိရစ္ဆာန်တွေဟာ အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံအတွင်း ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်၊ ကာကွယ်နိုင်ရေး အစီအမံတွေနဲ့ တိကျတဲ့ ဥပဒေတွေမရှိတာကြောင့် အကာအကွယ်မဲ့ လာနေပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

အင်းလေးဒေသတွင် နေအိမ် ၁ လုံး မိုးကြိုးပစ်ခံရပြီး မီးလောင် (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့၊ အင်းလေးဒေသအတွင်း နေအိမ် ၁ လုံး မိုးကြိုးပစ်ခံရပြီး မီး လောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ စက်တင်ဘာ ၃၀ ရက် ဒီမနက်အစောပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ညောင်ရွှေမြို့နယ် အင်းလေးဒေသ ငါးဖယ်ချောင်း ကျေးရွာအုပ်စု သပြေပင်ရှေ့အမှတ် (၁) ရပ်ကွက် နေအိမ် ၁ လုံးကို မိုးကြိုးပစ်ခဲ့ကာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်အတွင်း လူထိခိုက်မှုမရှိပေမယ့် နေအိမ်ကတော့ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ရှမ်း-မန်းစစ်ဆင်ရေးပြန် ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ရှမ်း-မန်စစ်ဆင်ရေးအတွင်း မြို့သိမ်းတိုက်ပွဲတွေ ပါဝင်တိုက်ခိုက်ပြီး စစ်ကိုင်းတိုင်းအတွင်း ပြန် လာကြတဲ့ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း ရဲဘော်တွေကို အောင်သပြေပန်းတွေနဲ့ သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

အရာတော်မြို့နယ်အတွင်း အင်အား ၆၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ပြန်ဆုတ်ခွာထွက်ပြေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခံရာ အထိနာပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ မနေ့ညပိုင်းက Ngwe Dwin Revolution Forceမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စလင်းမြို့နယ် ‌မြောင်းခြားရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တိုက်ခိုက်မှု ဗိုလ်အပါ ၇ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြောင်းခြားရွာကို အင်အား ၃၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ဒီဇင်ဘာ ၂၂ ရက်မှာ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးကုတ်ဗျူဟာ (၇)မိုင်စစ်ဆင်ရေးမှ တပ်ရင်းပြန်လာသည့် ရဲဘော်များကို ပြည်သူလူထု အောင်သပြေနှင့် ကြိုဆို (ရုပ်/သံ)

မိုးကုတ်ဗျူဟာ (၇) မိုင် စစ်ဆင်ရေးမှာ ၄ လတာ တာဝန်ထမ်းဆောင်ပြီး မိခင်တပ်ရင်းထံ ပြန်လာတဲ့ ရဲဘော်တွေကို ဇူလိုင် ၂၇ ရက်မှာ ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုနေတဲ့ မှတ်တမ်းရုပ်သံကို ယင်းမာပင်ခရိုင် အမှတ် (၁၆) တပ်ရင်းက ဖော်ပြလာပါတယ်။
Read More

ရန်ကုန် ပကဖ ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ် (ရုပ်/သံ)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ရန်ကုန်ပကဖ ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့် အထိမ်းအမှတ်ပွဲကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။