ဒီနေ့ကနေ လာမယ်နှစ် ဇန်နဝါရီ ၅ရက်နေ့အတွင်း အရေးကြီးကာလအဖြစ် သတ်မှတ်လိုက်ပြီး လူစုလူဝေးနဲ့ ဝတ်ပြုဆုတောင်းတာ၊ နေထိုင်သွားလာတာနဲ့ ပျော်ပွဲရွှင်ပွဲတွေ လုပ်တာကို တားမြစ်လိုက်တာ ဖြစ်ပါတယ်။

“ရန်သူကလည်း သူ့အလုပ်သူ လုပ်နေသည်။ မိမိတို့သည်လည်း သတိကြီးစွာ နေထိုင်သွားလာရမည်။ မိမိအလုပ် မိမိတို့ လုပ်ကြရမည်။ (မူဆို မီးရှို့သတ်ဖြတ်မှုကြီး) ကဲ့သို့ မဖြစ်စေရန်အတွက် သတိပေးပါသည်” လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရန်သူစစ်တပ်ဟာ တော်လှန်ရေးတပ်သားတွေရဲ့ အားနည်းချက်ကို ရယူကာ ၁၉၈၅ ခုနှစ်ကနေ ဒီနေ့အထိ ခရစ္စမတ်နဲ့ နှစ်သစ်ကူးအချိန်မှာ သတ်ဖြတ်တာ၊ ရာဇဝတ်မှုနဲ့ ယုတ်မာမှု ကျူးလွန်တာတွေကို တွေ့ကြုံခံစားနေရတယ်လို့ ဆိုပါတယ်။

“ကရင်နီပြည်သူလူထုက ဒီတခါနဲ့ဆိုရင် မိအေး လေးခါနာသွားပြီ။ အဆုံးစွန်ရောက်သွားပြီ။ ဆင်လိုက်ရှာတယ်။ အကောင်တွေ့ပြီပဲ၊ ဆင်ကောင်မမြင် မတွေ့ချင်ယောင်ဆောင်ပြီး ဆင်ခြေရာလိုက်ရှာကြဦးမလား”လို့ ဆိုထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးသက်တမ်း နှစ် ၅၀ကျော်အတွင်း နိုင်ငံရေးလိမ်လည်မှုတွေ ကြုံတွေ့ခဲ့ရပြီး ၁၉၇၄၊ ၁၉၉၀နဲ့ ၂၀၁၀ တွေမှာ အာဏာရှင်အဆက်ဆက်က လိမ်လည်မှု လုပ်ခဲ့သလို လာမယ့် ၂၀၂၅ ဒီဇင်ဘာ ၂၈  ရက်နေ့မှာလည်း နိုင်ငံရေးလိမ်လည်မှုတွေ ဆက်ဖြစ်လာဦးမယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့နှစ် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့တုန်းက ခရစ္စမတ်အကြိုကာလမှာ အကြမ်းဖက်စစ်တပ်က ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မူဆိုကျေးရွာကိုအနီး စစ်ကြောင်းထိုးလာပြီး ဒေသခံ အယောက် ၄၀ ခန့်ကို မီးရှို့သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရွာလုံးကျွတ် မီးတင်ရှို့ခံထားရသည့် မင်းပလောင်ရွာခံများ တောထဲတောင်ထဲ ယားနာနှင့် အာဟာရချို့တဲ့မှုများ ရင်ဆိုင်နေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်က စစ်ကောင်စီတပ်တွေ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မင်းပလောင်ရွာမှာ ဒေသခံတွေ ပြန်လည်အခြေမချနိုင်သေးသလို အာဟာရချို့တဲ့မှုနဲ့ ယားနာရောဂါတွေဖြစ်ပွား​နေကြတယ်လို့ သိရပါတယ်။
Read More

အာဏာရှင်မှန်သမျှ အမြစ်ပြတ်သည်အထိ  အဆုံးတိုင် ချီတက်သွားမည်ဟု NUG အစိုးရ ဆို

စစ်အာဏာရှင်စနစ် နဲ့ အာဏာရှင်မှန်သမျှ အမြစ်ပြတ်သည်အထိ တိုင်းရင်းသားညီနောင်တွေ တော်လှန်ရေး အင်အားစုတွေနဲ့ အတူ လက်တွဲပြီး အဆုံးတိုင် ချီတက်သွားမယ်လို့ သန္နိဋ္ဌာန်ပြုလိုက်တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

မုံရွာမှာ ပေါ်တာဆွဲဖို့လုပ်နေတဲ့ စစ်​အုပ်စုလှည့်ကင်းကား ပစ်ခတ်တိုက်ခိုက်ခံရ၊ ရဲနဲ့ စစ်သား ၄ ယောက် သေပြီး ၁ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပေါ်တာဆွဲဖို့ကင်းလှည့်နေတဲ့ စစ်အုပ်စုကားတွေကို ပစ်ခတ်တိုက်ခိုက်ရာ ရဲနဲ့စစ်သား ၄ယောက် သေဆုံးသွားတယ်လို့ မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုးတပ်ရင်း တာဝန်ရှိသူ ကိုနတ်ဆိုးက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မင်းလှမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြင်းထန်စွာ အရေးယူမယ်

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းချမှုတွေကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေတာကြောင့် ဖြန့်ဖြူးရောင်းချနေသူတွေကို ပြင်းထန်စွာ အပြစ်ပေး အရေးယူမယ်လို့ မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။
Read More

စဉ့်ကူးမြို့နယ်က စစ်ရှောင် ၇၅၀ ကျော်ကို အဝတ်အထည်၊ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေတွေ PDF အမှတ် ၁၂၂၂ တပ်ရင်း ပေးအပ်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က စစ်ဘေးရှောင် ပြည်သူတွေနဲ့ သက်ကြီးရွယ်အို ၇၅၀ ကျော်ကို ဆန်၊ ဆီ၊ အဝတ်အထည်နဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် (၁၂၂၂) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံး၊ (၃) ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာရကာ လူနေအိမ် (၃)လုံးနဲ့ ကား (၁)စီး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။