စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ယာဉ်တွေပိတ်ဆို့နေတဲ့ နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၈ ရက် မနေ့ မနက်ပိုင်းကနေ ညနေပိုင်းအထိ ခင်ဦးမြို့နယ်အတွင်း ခရီးသွားယာဉ်တွေနဲ့ ကုန်စည်သယ်ဆောင်ရေးကားတွေ ယာဉ်ကြောပိတ်ဆို့နေချိန် အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၄ စီး၊ ဂျိုင်ရိုကော်ပတာ ၃ စီး အသုံးပြုပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ လမ်းပိုင်းမှာရှိတဲ့ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိကာ ကုန်စည်သယ်ဆောင်ရေးကား၊ ခရီးသွားကား၊ ဆီဘောက်ဆာယာဉ်ကားတွေအပြင် ဆိုင်ခန်းတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ခင်ဦး-ကန့်ဘလူအစပ် ကျီးကျင်မှာ ဂိတ်ချပြီး ခင်ဦးဘက်ကနေ ကန့်ဘလူဘက် တက်လာမယ့်ကားတွေကို တားဆီးပိတ်ဆို့ထားကာ ယာဉ်ကြောပိတ်ဆို့နေချိန် လေကြောင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

မင်းတပ်မြို့ ဆောက်လုပ်ရေးဝန်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဘယ်လိုတိုက်ခိုက်ခဲ့လဲ (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့က ဆောက်လုပ်ရေးဝန်းမှာ အခိုင်အမာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၉ ရက်နေ့တုန်းက တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို CDF-Mindat (သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာန) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဆိပ်ဖြူမြို့နယ် လက်ဆည်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၃ ဦး သေပြီး တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းကို တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက  သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်အာဏာရှင်စနစ်ကို တွန်းလှန်းတိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ ယင်းမာပင်ခရိုင် တပ်ရင်း-၆ ဆက်သွယ်ရေးတပ်ဖွဲ့မှူး ရဲဘော်သာထူးရဲ့ နာရေးစျာပနမြင်ကွင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်အတွင်း အင်မထီးပျူစခန်းကို ကာကင်းစောင့်ပွင့်ယူနေ စဉ် ကျဆုံးခဲ့ရတဲ့ ယင်းမာပင်ခရိုင် တပ်ရင်း-၆ ရဲ့ ဆက်သွယ်ရေးတပ်ဖွဲ့မှူး သာထူး (ခေါ်) ဘုတ်ဆုံမ ရဲ့ နာရေးစျာပနကို ဖေဖော်ဝါရီ ၆ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လောင်းလုံးမြို့ စရဖ ရုံးကို RPG နှင့်ပစ်ခတ်တိုက်ခိုက်ခံရ၍ စစ်သား၂ ဦး သေဆုံး (ရုပ်/သံ)

စစ်ကောင်စီတပ် တပ်စွဲထားရာ လောင်းလုံးမြို့ပေါ်ရှိ စရဖရုံးကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒီမနက် နံနက် ၁ဝနာရီခွဲလောက်မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေါနချေမှုန်းရေးတပ်ခွဲ(၇)၊ Launglone Peninsula Force-LPF ကဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

ရှေ့တန်းပြန် တိုက်ပွဲဝင်ရဲဘော်တွေကို ပြည်သူတွေ ကြိုဆို‌အောင်ပွဲခံခဲ့ကြတဲ့ ရုပ်သံဖိုင်ကို BLACK WOLF – ARMY ထုတ်ပြန် (ရုပ်/သံ)

စစ်မြေပြင်မှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ချေမှုန်းပြီး နေရပ်ပြန်လာကြတဲ့ ရှေ့တန်းပြန် ရဲဘော်တွေကို ပြည်သူတွေက ကြိုဆိုအောင်ပွဲခံခဲ့ကြတဲ့ ရုပ်သံဖိုင်ကို BLACK WOLF - ARMY က မနေ့က အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာမှာ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၄ ယောက် သေပြီး အများအပြား ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီမြို့နယ် ဇဝဲကျေးရွာ ခမရ ၅၅၆ တပ်ရင်းကနေ တနင်္သာရီမြို့ဘက်ကို တက်လာတဲ့ အင်အား ၆၅ ယောက်ရှိ အကြမ်းဖက်စစ်တပ်ခြေလျင်စစ်ကြောင်းကို နိုဝင်ဘာ ၂ ရက်က ဘန်း လမွတ်ကျေးရွာမှာ ရှေ့ထွက်မိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပကဖ Zone Five တောဗုံးကြီးအဖွဲ့ထံက သိရပါတယ်။